လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့ ပါဝင်သောထိပ်သီးညီလာခံ လိုင်ဇာတွင် စတင်ကျင်းပ ဘယ်လူမျိုးပဲဖြစ်ဖြစ် နိုင်ငံရေးအခွင့်အရေးမရဘူးဟု ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းခရားပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၉
၂ဝ၁၂ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံမှ အခြေခံမူ ၆ ချက်ကို ချမှတ်ခဲ့သော အဆိုပါမူကြမ်းကို ယနေ့လိုင်ဇာတွင် ပြုလုပ်မည့်တိုင်း ရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ၌ ပြန်လည်ညှိနှိုင်းဆွေးနွေး ကြမည်ဖြစ်ကြောင်းကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ောင်ပိုင်း၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။
ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗိုလ်မှူးကြီးစိုင်းလှက ”အရင်တုန်းက တိုင်းရင်းသားတွေ စုပေါင်းရေးဆွဲထားတဲ့ Framework ပေါ့။ ဒါကို နားလည်မှုခြင်းတူအောင် ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းဆွေးနွေးကြမယ်။နောက်ပြီး တိုင်းရင်းသားလက် နက်ကိုင်တွေအနေဖြင့် ဘယ်လိုပုံစံမျိုးနဲ့ အစိုးရကဖော်ဆောင်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကိစ္စတွေမှာ ဘယ်လိုပါဝင် ကြမလဲဆိုတာ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ပါတယ်” ဟု လိုင်ဇာညီလာခံတက်ရောက် မည့်အကြောင်းအရာကို ပြောသည်။
အောက်တိုဘာ ၂၆ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့မှ ပူးတွဲကြေ ညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ယခုလိုင်ဇာမြို့၌ ပြုလုပ်မည့်တိုင်း ရင်းသားလက်နက်ကိုင်ထိပ်သီးညီ လာခံသည် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲကြီးဖြစ်ပေါ်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခဲ့ပြီးသော သဘောတူညီချက်များကို ပြန်လည်အတည်ပြု ရန် ပူးတွဲစစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ ပူးတွဲအပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး၊ ပူးတွဲငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေးတို့ပါဝင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လအတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို စတင်ရန်၊ လက်မှတ်ရေးထိုး ရန် အဆင်သင့်ဖြစ်သေးသည့် လက်နက်ကိုင်အဖွဲ့များကို အဆင်သင့် ဖြစ်ချိန်တွင် လက်မှတ်ထိုးရန် စသည့်အချက်များကိုလည်း ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) တို့သည် ၂ဝ၁၃ခုနှစ်၊ သြဂုတ် ၃၁ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရေးဆွဲထားသော မူ ဘောင်များကို တင်ပြခဲ့ပြီး အစိုးရမှပြင်ဆင်ဖြည့်စွက်ချက်များနှင့် ရေးဆွဲထားသော မူကြမ်းနှင့် UNFC မှ ဇူလိုင်လနှောင်းပိုင်းနှင့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံမှ ချမှတ်ခဲ့သော မူကြမ်းနှစ်ခုကို ပြန်လည်ညှိနှိုင်းပြီးယခုလိုင်ဇာညီလာခံ၌ ဆွေးနွေးကြမည်ဖြစ်သည်။
ကချင်ပြည်နယ် လူဦးရေ၏ ၆ဝ ရာခိုင်နှုန်းမျှရှိသော (တိုင်းလိုင်) ရှမ်းနီတိုင်းရင်းသားများသည်လည်း ယခုလိုင်ဇာညီလာခံကို အကောင်းဘက်က မြင်မိသော်လည်း ထွက်ပေါ်လာမည့်ရလဒ်များကို စောင့် ကြည့်၍ ရလဒ်ပါအချက်အလက်များအပေါ် မူတည်၍ စဉ်းစားကြမည့်အနေအထားရှိနေသည်။
ယင်းနှင့်ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ”ဒီညီလာခံကို အကောင်းမြင်တယ်။ ရှမ်းနီတွေလိုချင်တာက ကချင်ပြည်နယ်အတွင်းမှာ နေထိုင် တဲ့တိုင်းရင်းသားအချင်းချင်း ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ချင်တဲ့ အချက်ရယ်၊ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ KIO ကိုပြောချင်တာက ရှမ်းလူထုရဲ့လုံခြုံရေးကို အာမခံပေးဖို့ပါ။ ဒီနှစ်ချက်ကို အခြေခံပြီးနောက်ထွက်ပေါ်လာမယ့်ရလဒ် ရယ်၊ သူတို့ဘက်က တုံ့ပြန်မှုရယ်အပေါ်မှာ ကျွန်တော်တို့က အခြေအနေကြည့်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ရှမ်းနီတိုင်းရင်းသားများ၏ကဏ္ဍကို ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗမာလူမျိုးတစ်ဦးတည်းအနေဖြင့် လိုင်ဇာညီလာခံသည် လိုအပ်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောထားတစ်ရပ် ပီပြင်စွာပေါ်ပေါက်လာပါက ဗမာအပါအဝင် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းစဉ်းစားပြီး အဖြေတစ်ခုထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ လူမျိုးပေါင်းစုံကို လွှမ်းခြုံသော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အမျိုးသားရေးအဖြစ် ရှုမြင်ကြမည်ဆို လျှင် ရေရှည်တည်တံ့ခိုင်မြဲသော ဖက်ဒရယ်ပြည်ထောင်စုတစ်ခုသို့ရောက်ရှိမည်ဟု မိမိယုံကြည်ကြောင်း ပဲ့တင်သံသို့ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ ညီလာခံကို ပထမဦးဆုံးအကြိမ် ကချင်လွတ်မြောက်ရေး(ကေအိုင်အို)က ကြီးမှူးပြီး စစ်ဌာနချုပ်လိုင်ဇာ မြို့တွင် ယနေ့ စတင်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများညီလာခံ အစည်းအဝေးတွင် အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေးရရှိရေး အတွက် ဝိုင်းဝန်းပြီးဆုံးဖြတ်ချက်ချသွားရန် ကေအိုင်အိုဥက္ကဋ္ဌ ဇောင်းခ ရားက ယနေ့ လိုင်ဇာတွင်ပြုလုပ် သည့်တိုင်းရင်းသားအဖွဲ့အစည်းများ မိတ်ဆုံစားပွဲတွင် ပြောကြားသည်။ ”ကိုယ့်အမျိုးသားရေးလွတ်မြောက်ရေးအတွက် တန်းတူအခွင့်အရေးရရှိဖို့ အားလုံးတစ်သွေးတစ်သံနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး တိုက် ပွဲဝင်သွားရအောင်”ဟု ဦးဇောင်း ခရားက ဆက်လက်ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်ကြသည့် တိုင်းရင်း သားလူမျိုးများအားလုံးအဖိနှိပ်ခံရ သည့် အမျိုးသားများဖြစ်သောကြောင့် အမျိုးသားရေးအတွက် ယင်းအစည်းအဝေးတွင် အားလုံးဝိုင်းဝန်းပူးပေါင်းဆုံးဖြတ်သွားရန် ဦး ဇောင်းခရားက ပြောသည်။
”ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတဲ့နေရာမှာ နေထိုင်ကြတဲ့လူမျိုးစုအားလုံးဟာ အခုချိန်အခါမှာ ဖိနှိပ် ခံအမျိုးသားတွေဖြစ်တယ်။ ဘယ်လူ မျိုးပဲဖြစ်ဖြစ် နိုင်ငံရေးအခွင့်အရေးမရဘူး”ဟု ယင်းကပြောသည်။
ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည် UNFC,KIO,KNPP,NMSP,ANC, ALP,LDU,WNO,AraKan Army, PSIF,CNF,SSPP,SSA,DKBA,KNU, KNLA(PC),PNLO,RSS,MNDA ၁၈ ဖွဲ့တက်ရောက်သည်။
ဝ၁၁၊ဝ၅ဝ

Leave a Reply

Your email address will not be published.