အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးကော်မတီ လူထုကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရေး KNPP သဘောတူ လက်နက်ကိုင်အဖွဲ့အားလုံး တစ်စုတစ်စည်းတည်းသွား၍ လက်မှတ်ရေးထိုးမှသာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲသည်ဟု မှတ်ယူ

ရန်ကုန်၊ အောက်တိုဘာ ၂၉
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် အောင်တိုဘာလ ၂၂ ရက်မှစ၍ ၂ရက်ကြာဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီကို လူထုကိုယ် စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းဖို့ရန် အပါအဝင်အချက်၇ချက်ကို အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်ခဲ့သည်။
”အဲဒါကတော့ ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးပွဲတုန်းကသဘောတူထားတဲ့ Joint Monitoring Committee (အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီ)နဲ့ ပတ်သက်ပြီး ၁ဝဦးနဲ့ဖွဲ့စည်းမယ်ဆိုတဲ့ သဘောတူညီချက်ရှိခဲ့တယ် လေ။ အဲဒါနဲ့ပတ်သက်ပြီး ဒီတစ်ကြိမ်မှာတော့ ဖွဲ့စည်းလိုက်တဲ့ လူပုဂ္ဂိုလ်တွေအတည်ပြုတဲ့သဘောမျိုးနဲ့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်ကပြောသည်။
ယင်းကော်မတီကို အစိုးရကိုယ်စားလှယ်၂ဦးနှင့် အစိုးရဘက်မှ ရွေးချယ်သူ လူထုကိုယ်စားလှယ် ၃ဦး၊ KNPP ကိုယ်စားလှယ်၂ဦးနှင့် KNPP ဘက်မှရွေးချယ်သူ လူထုကိုယ်စားလှယ် ၃ဦးဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။
ယင်းသို့ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက” Joint Monitoring Committee ရဲ့ ၁ဝဦးစာရင်းကို ဒီကနေ့ အတည်ပြုနိုင်တယ်။ အဲတော့ KNPP သည် ပထမဦးဆုံး Implementation (အကောင်အထည်ဖော်ဆောင်မှု)မှာ ရှေ့ကိုရောက်လာတဲ့အဖွဲ့လို့ ပြောလို့ရတယ်။ နောက်ဒေသခံ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်နိုင်တဲ့ အစီအစဉ်တစ်ခုကို ဆုံးဖြတ်နိုင်ခဲ့တယ်”ဟု ပြောသည်။
ယင်းဆွေးနွေးပွဲဆုံးဖြတ်ချက်များတွင် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သော လိုအပ်သည်များကို ဆောင်ရွက်ပြီး သည့်နောက်တွင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပရန်၊ အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လူပုဂ္ဂိုလ် တစ်ဦးဦးက တိုင်ကြားလာသည်များရှိပါက နှစ်ဦးနှစ်ဖက်ပူးတွဲဆောင်ရွက်ဖြေရှင်းရန်၊ နယ်စပ်မှတ်တိုင် (BP -13) တွင် နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခုဖွင့်လှစ်ဆောင်ရွက်ရန်၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP များ ပြန်လည် နေရာချထားရေးအတွက် ရှေ့ပြေးစီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်ရန်၊ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် KNPP တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် အစိုးရကကူညီဆောင်ရွက် ရန်တို့ ပါဝင်သည်။
တပ်ပိုင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်တွင် တပ်စွဲထားသော တပ်မ(၅၅)လက်အောက်ခံတပ်ရင်းအချို့ကို ပြန်လည်ရုပ်သိမ်းထားပြီး နောက်ပိုင်းစစ်ဆင်ရေးအခြေအနေပေါ်မူတည်ကာ ထပ်မံရုပ်သိမ်းရေးကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိပြီးဆုံးသွားသော ဆွေးနွေးပွဲအပေါ်တွင်”ကျွန်တော်တို့ဆွေးနွေးချက်တွေက ပြည်နယ်အဆင့်တုန်းက တင်ပြထားတဲ့ အချက်၂ဝ ကို ညှိပြီးတော့ ကျွန်တော်တို့ ဆက် ဆွေးနွေးနေတာပဲဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ၃ကြိမ်လုံးမှာလည်း ဒီကိစ္စပဲ ဆွေးနွေးတာဖြစ်ပါတယ်။ အသစ်ထပ်ဆွေးနွေးတာ မရှိပါဘူး။ ရှင်းရှင်းပြောရရင်တော့ တင်ပြချက် ၂ဝ ထဲက ဆုံးဖြတ်ချက်မရသေးတာတွေကိုပဲ ထပ်ခါတလဲလဲဆွေးနွေး နေတာဖြစ်ပါတယ်။ ခုနေကျွန်တော် တို့ ဆွေးနွေးချက်တွေရဲ့ ထွက်လာ တဲ့ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ တစ်ခါနဲ့တစ်ခါပိုပိုပြီး ထင်သာမြင် သာရှိလာတယ်လို့ပဲ ပြောရမှာပေါ့ နော်။ ဖြစ်ပေါ်တိုးတက်မှုလို့ ပြောရလောက်အောင်လည်းတကယ်ခိုင်မာတဲ့ သဘောတူညီမှုမျိုးတော့ မဟုတ်သေးဘူးပေါ့နော်။ ကျွန်တော်တို့က အကောင်အထည်ဖော်ဆောင်ရွက်နေဆဲ ကာလမျိုးဖြစ်နေတဲ့အခါကျတော့လေ”ဟု KNPP ဒုဥက္ကဋ္ဌ ခူး ဦးရယ်က ဆက်လက်ပြောသည်။
အစိုးရက အောက်တိုဘာလ အကုန်တွင် ကျင်းပမည်ဟုကြေညာထားသော တစ်ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်သော KNPP ၏ သဘောထားကို ခူးဦးရယ်က ယခု လိုဆက်လက်ပြောသည်။
”လောလောဆယ် ကျွန်တော် တို့ရပ်တည်ချက်ကတော့ ကျွန်တော် တို့ KNPP တစ်ဖွဲ့တည်းကတော့ သွားပြီး လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ဘူးဗျ။ တစ်တိုင်းတစ်ပြည်လုံးဆိုင်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့အပေါ် ကျွန်တော်တို့နားလည်တာကတော့ လက်နက်ကိုင်အဖွဲ့တွေအားလုံး တစ်စုတစ်စည်းတည်းသွားပြီး လက်မှတ်ရေးထိုးမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲတယ်လို့ မှတ်ယူလို့ရတယ်ဆိုတဲ့ သဘောထားကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့၂ဖွဲ့၃ဖွဲ့ လက်မှတ်ရေးထိုးပြီး ကျန်တဲ့အဖွဲ့အစည်းတွေလက်မှတ်မထိုးဘဲ ကျန်နေခြင်းအားဖြင့် တစ်တိုင်းပြည်လုံးအတိုင်း အတာဆောင်တယ်လို့မှတ်ယူလို့ မရဘူးဆိုတဲ့သဘောထား ကျွန်တော်တို့ မှာ ရှိပါတယ်။ ဒါကြောင့်ကျန်တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးသဘောထားရယူဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိပါ တယ်။ အဲဒီဟာလုပ်နိုင်ဖို့ ကျွန်တော်တို့မကြာခင် လိုင်ဇာမှာအဖွဲ့အစည်း အားလုံးဆုံစည်းပြီးတော့ သဘော ထားချပြဖို့ရှိပါတယ်”
ယခုလ ၂၅ရက်တွင် KNPP ဒုဥက္ကဋ္ဌခူးဦးရယ်၊စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး၊ အတွင်ရေးမှူး၂ ဦးရွှေ မျိုးသန့်နှင့် ဆက်ဆံရေးရုံးတာဝန်ခံ ဦးဒယ်နီယယ်တို့လိုက်ပါသော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ကာ အစိုးရဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။ KNPP ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရန်ရည်ရွယ်ခဲ့သော်လည်းကာကွယ်ရေး ဦးစီးချုပ် မအားလပ်သောကြောင့် မတွေ့ဆုံနိုင်ခဲ့ပါ။
အောက်တိုဘာလ ၂၇ရက်နေ့ တွင် ယင်းကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့တွင် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာတစ်ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ုဏြဏအဖွဲ့သည် ၂ဝ၁၂ခုနှစ် မတ်လတွင် ပြည်နယ်အဆင့်နှင့်အပစ်အခတ်ရပ်စဲရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၂ခုနှစ် ဇွန်လက ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအဖွဲ့သည် ၁၉၉၅ခုနှစ်မတ်လက နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန် လက် မှတ်ရေးထိုးခဲ့သော်လည်း ၃လအ ကြာတွင် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ပျက်ပြားခဲ့သည်။
ဝ၂၈

Leave a Reply

Your email address will not be published.