ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှ စစ်အစိုးရမရှိမှာဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းခဲ့ပြီး ယခုအခါ ထိုဖွဲ့စည်းပုံကို ပြင်ဆင်ရန် မူအား ထောက်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၆
စစ်အစိုးရမရှိစေရေးဦးတည်ချက် ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် ပေါက်ရေးကို ယခင်ကာလများက ကြိုးစားခဲ့ပြီး ပြည်သူ့အကျိုးကို ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အ တွက် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီဝင်ဟောင်း ဒေါက် တာသန်းထိုက်ဦးနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဦးအောင်မြင့်တို့ပူးပေါင်း ၍ ၂ဝ၁၁ခုနှစ်တွင် ပြည်သူ့ဒီမိုက ရေစီပါတီအမည်ဖြင့် ပါတီထူ ထောင်ခဲ့ကြသည့် ယင်းပါတီ၏ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်နှင့် တွေ့ဆုံမှုကို ပါတီအသံကဏ္ဍမှ တင်ဆက်လိုက်သည်။
ပါတီထူထောင်ခဲ့သည့် ရည်ရွယ်ချက်ကို ပဲ့တင်သံမှ မေးမြန်း ရာ ”ပြည်သူနဲ့အစိုးရကြားမှာ ပြည်သူတွေရဲ့ခံစားချက်ကို အစိုးရက သိအောင် ပါတီတစ်ခုအနေနဲ့ တင်ပြချင်တယ်။ ပြည်သူနဲ့အစိုးရကြားမှာ ပေါင်းကူးတံတားလေးလိုဆောင်ရွက်ချင် ပါတယ်။ ကျွန် တော်တို့ပါတီက ပြည်သူတွေအတွက် တတ်နိုင်သမျှ ကိစ္စမှန်သမျှလုပ်ဆောင်ပေးနေပါတယ်” ဟု ဦးအောင်မြင့်က အစချီပြောသည်။
၂ဝဝ၈ဖွဲ့စည်းပုံအပေါ်ထားရှိ သော သဘောထားကို သူက”ဖွဲ့ စည်းပုံအတည်ပြုနိုင်တဲ့အချိန်ထဲက ကျွန်တော်ရဲ့ခံစားချက်က အချိန်တန်ရင်တော့ ထိုက်သင့်အားလျော်စွာ ပြင်သင့်ပြင်ထိုက်တာ တွေ ပြင်ရမှာပဲဆိုတဲ့ခံယူချက်ကရှိပြီးသားပါ။ ဥပဒေတစ်ခုရေးဆွဲတာက စင်းလုံးချောတော့ ဘယ်သူမှမဖြစ်ဘူးပေါ့။ တိုးတက်နေတဲ့အမေရိကန်နိုင်ငံလည်း ပြင် ခဲ့ရတာတွေ ရှိတာပဲလေ။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေကတစ်ခါမှတောင် မပြင်ရသေးပါ ဘူး။ ပြင်တာကို လက်ခံပါတယ်။ ဟိုတုန်းက ထောက်ခံမှုပေးခဲ့တာက အခြေခံဥပဒေရှိမှ စစ်အစိုးရ မရှိမှာလေ။ အဲဒီတုန်းက အခြေခံဥပဒေ ပေါ်ပေါက် လာအောင် ဆောင်ရွက်ခဲ့တာပေါ့။ အခုလို (NLD) က ဆွေးနွေးရင်လည်း ကျွန်တော်တို့ပါတီက ပြင်တဲ့ဘက်ကပါ မှာပေါ့”ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး ကို ထောက်ခံကြောင်းပြောသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍”ကျွန်တော် လက်လှမ်းမီသလောက်စဉ်းစားတာ ပေါ့။ (PR) စနစ်နဲ့ သွားမယ်ဆိုရင် တော့ လွှတ်တော်ထဲမှာတော့ ပါတီစုံသွားနိုင်တာပေါ့။ ဒါပေမဲ့ မြို့နယ် ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တော့ ပျောက်သွားနိုင်တယ်။ အဲဒါလေးကလည်း စဉ်းစားစရာအချက်တစ်ခု ဖြစ်တာပေါ့။ ကိုယ့်မြို့နယ်ကို ကိုယ်စားပြုတဲ့လွှတ်တော် ကိုယ်စားလှယ်က ဘယ်သူလဲဆိုတာမျိုး မရှိဘူးပေါ့နော်။ ကျွန်တော်ကတော့ စိတ်ထဲမှာ အဲဒီလိုကလေးဖြစ်နေတာပေါ့ နော်။ လွှတ်တော်ထဲမှာတော့ ထိုက် သင့်အားလျော်စွာပါတီအစုံတော့ ပါသွားနိုင်တာပေါ့။ ပါတီကြီးတစ်ခု အနေနဲ့တော့ ကြီးစိုးလို့မရတော့ ဘူးပေါ့။ ဒီစနစ်နဲ့သွားမယ်ဆိုရင်တော့ မြို့နယ်ကိုယ်စားလှယ်မရှိ တော့ဘူးဆိုရင် လွှတ်တော်ကိုယ်စား လှယ်ညံ့ဖျင်းလာပြီဆိုရင် ပါတီရဲ့တာဝန်ဖြစ်သွားပြီပေါ့။ ဒီကိုယ်စားလှယ်ကို ပြည်သူကရွေးပေးတာ မဟုတ်တော့ဘူး။ ပါတီက ရွေးပေး လိုက်ရတာကိုး”ဟု PR စနစ်အပေါ် သုံးသပ်ပြောဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုသည့် မူအကြောင်းကို ၎င်းက”ကျွန်တော်တို့က ဖက်ဒရယ်စနစ်ကို လက်ခံပါတယ်။ ကျွန်တော် တို့ တိုင်းပြည်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေအကုန်လုံးက ညီအစ်ကို မောင်နှမတွေပဲ။ တစ်မြေ တည်းနေတစ်ရေတည်းသောက်နေ ကြတာပဲ။ ဒီတော့ တန်းတူတဲ့အခွင့် အရေးလေးတွေအားလုံးရကြတယ်ဆိုရင် ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်အတွက် တကယ်ကောင်းပါတယ်။ ဒါကြောင့်မို့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်လေ”ဟု ရှင်းပြသည်။
ပြည်သူတို့၏ လိုအပ်ချက်များ ကို ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဦးအောင်မြင့်က ”ပြည်သူလူထု အခက်အခဲဖြစ်လာလို့ ရှိရင် ရပ်ကွက် အုပ်ချုပ်ရေးလောက်နဲ့ပြီးမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးလောက်နဲ့ ညှိနှိုင်းတာတို့၊ မြို့နယ်ဆိုရင်လည်း မြို့နယ်အဆင့်ထိ လုပ်ဆောင်ပေးတယ်။ တိုင်းဒေသကြီးအဆင့်ဆိုလည်း ဝန်ကြီးချုပ်ထိ စာတွေပို့ပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။ ဒီလိုပဲ သမ္မတကြီးဆီကိုလိုအပ်ရင်လည်းဆောင်ရွက်ပေးတာပေါ့။ သူ့လိုင်းနဲ့သူသွားရတာပေါ့။ အခုကလည်း သက်ဆိုင်ရာကော်မတီ အသီးသီးတွေပေါ်လာတော့ ကျွန်တော်တို့ဘက်က ဆောင်ရွက်ရတာတွေက အဆင်ပြေပါတယ်။ မြေ ယာကိစ္စဆိုရင် ဦးတင်ထွဋ်ဆီ ဦး စားပေးစာရေးတာတို့ ရှိပါတယ်။ နိုင်ငံတော်ကချမှတ်ထားတာတွေ လည်းကောင်းတယ်။ ကျွန်တော်တို့လို ပါတီတွေဆောင်ရွက်ရတာလည်း အဆင်ပြေတယ်ပေါ့။ တချို့ကလည်း ပြဿနာတစ်ခုတက်ရင် သမ္မတကြီး တိုင်ရမှာလား၊ လွှတ်တော်ကိုတိုင်ရမှာလား၊ ဘယ်သူ့ကိုတိုင်ရမှန်းမသိကြဘူး လေ။ ဒါက ကျွန်တော်တို့ကိုယ်တိုင် ခံစားခဲ့ရတာပေါ့။ လူတစ်ဦး တစ်ယောက်ပြောတာထက် အုပ်ချုပ်ရေးပိုင်းကို ပါတီတစ်ခုကနေ တင်ပြပြောတာဆိုတော့ ပိုပြီးခရီး ရောက်တာပေါ့။ ပါတီတည်ထောင်တဲ့ရည်ရွယ်ချက်ကလည်း ဒီလိုမျိုးတွေလုပ်ချင်လို့ပါပဲ”ဟု ပြည်သူအတွက် ပါတီ၏လုပ် ဆောင်ချက်များကို ပြောသည်။ ၂ဝ၁၅ ခုနှစ် အခင်းအကျင်းအကြောင်းအရာများကို ယင်းက ”ပြည်နယ်အစိုးရနဲ့ ဖြစ်ပွားတဲ့ ပြဿနာကြောင့် ပါတီဥက္ကဋ္ဌရော ထောင်ထဲရောက်နေတော့ ပါတီရဲ့ စည်းရုံးရေးအားကတော့ နည်း နည်းတော့ လျှော့သွားတယ်။ ၂ဝ၁၅အတွက်တောင်မှကျွန်တော် တို့ ဘာမှမပြင်ဆင်နိုင်သေးဘူး ပေါ့။ သူတို့ထွက်လာမှပဲ ၂ဝ၁၅ အတွက်ဆုံးဖြတ်ချက်ကို ပေးနိုင် မှာပါ။ စည်းရုံးရေးတော်တော် လေးကျသွားတဲ့သဘောရှိတယ်။ ပါတီကတော့ ဆက်လက်လှုပ်ရှား ဆောင်ရွက်နေပါတယ်”ဟု အခြေ အနေကို ရှင်းပြသည်။
ပြည်သူ့ဒီမိုကရေစီပါတီသည် မန္တလေးတိုင်းတွင် အခြေစိုက်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ တွင် ပါတီရုံးခွဲများဖွင့်လှစ်ထား ရှိပြီး ပါတီဝင်အင်အားနှစ်သောင်း ကျော်ရှိသည်။
ဝ၁၁

Leave a Reply

Your email address will not be published.