ချောင်းဆက်တိုက်ဆိုးခြင်းသည် အဆုတ်ကင်ဆာ၏ သတိပေးလက္ခဏာရပ်ဖြစ်၍ မပေါ့ဆသင့် ကြာရှည်ချောင်းဆိုးလျှင် ဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်ကြောင်း သတိပေး

ဇူလိုင် ၅
ချောင်းဆိုးခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်သော်လည်း သုံးပတ်ခန့် ကြာသည်အထိ ကြာရှည်ချောင်းဆိုး ခဲ့ပါလျှင်ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ကြောင်း အင်္ဂလန်၏အဆုတ်ကင်ဆာရောဂါလျှော့ချရေး အဖွဲ့က သတိပေးလိုက်သည်။
အင်္ဂလန်တွင်နှစ်စဉ် လူနာပေါင်း ၂၈,ဝ၀ဝခန့်သေဆုံးနေရသည့် အဓိကအကြောင်းရင်းမှာ အဆုတ်ကင်ဆာပင်မလက္ခဏာ အကြိုသတိပေးအဆင့်များကို လွတ်သွားခြင်းကြောင့် ဖြစ်သည်။ အဆုတ်ကင်ဆာဖြစ်ပွားရသော အဓိကအကြောင်းအရင်းမှာ ဆေးရွက်ကြီးနှင့်စီးကရက်ငွေ့များကြောင့်ဖြစ်သည်။ အများစုမှာအသက် ၅၀ကျော်အရွယ်တွင် ခံစားနိုင်ဖွယ်ရှိသောကြောင့် အဆုတ်ကင်ဆာ၏ သတိပေးလက္ခဏာရပ်များကိုလည်းမပေါ့ဆသင့်ပေ။
ချောင်းဆက်တိုက်ဆိုးခြင်းအပြင် အခြားလက္ခဏာရပ်များအနေဖြင့် ချောင်းဆိုးခြင်းမှာ နဂိုထက်ပို၍ဆိုးဝါးကာ အကြိမ်ရေစိပ်လာခြင်း၊ အဆုတ်အတွင်းပိုးဝင်သောလက္ခဏာ များ (Chest Infection) ရှိခြင်း၊ အသက်ရှုမဝခြင်း၊ ခဏခဏဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ သိသိသာသာပင်ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊ ရင်ဘတ်နှင့်ပခုံးတစ်ဝိုက် အောင့်ခြင်း၊ ပုံမှန်လှုပ်ရှားမှုများ၌ပင်မောပန်းနွမ်းနယ်လာခြင်းတို့ ဖြစ်သည်။
Health Secretary ဖြစ်သူ Jeremy Hunt ၏ပြောကြားချက်အရ အင်္ဂလန်တွင်သေဆုံးမှုအများဆုံးသော ကင်ဆာများအနက် အဆုတ်ကင်ဆာမှာ ရေပန်းအစားဆုံးဖြစ်နေပြီး အများစုမှာမိမိအသက်ကိုကယ်တင်နိုင်မည့် ကြိုတင်သတိပေးလက္ခဏာရပ် (Wrning Signs) များကို သတိမမူမိကြသောကြောင့် သေဆုံးကြရခြင်းဖြစ်သည်ဟုသိရှိရသည်။ အရေး ကြီးဆုံးအချက်မှာ အဖြစ်များဆုံးသော အဆုတ်ကင်ဆာ၏ လက္ခဏာတစ်ရပ်လည်းဖြစ်နေသည့် နာတာရှည်ချောင်း ဆိုးခြင်းအား မပေါ့ဆသင့်သလို၊ ၃ပတ်ထက်ကြာရှည်ချောင်းဆိုးလာလျှင် လည်း ဆရာဝန်နှင့်ပြသကာ စောစီး သောကုသမှုများအတွက် လက်ဦးမှုရယူနိုင်ကြောင်း အဆုတ်ကင်ဆာကြောင့်ဖြစ်သော သေဆုံးမှုများလျော့ ချရေးအဖွဲ့မှ ပြောကြားခဲ့သည်။
BBC Health News ဝ၃၁

Leave a Reply

Your email address will not be published.