ငြိမ်းချမ်းရေးအသီးအပွင့်ကို ကရင်ပြည်သူများခံစားချင်ကြ

ရန်ကုန်၊ အောက်တိုဘာ ၂၁
DKBO အဖွဲ့အစည်းမှ သက် ကြီးခေါင်းဆောင်များကို စုစည်းပြီး ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်၍ ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို တည်ထောင်ခဲ့ကြောင်းကို ဗဟို ကော်မတီဝင် ဦးစော ဥာဏ် မင်းနှင့် တွေ့ဆုံခဲ့သည်များကို ပါတီအသံကဏ္ဍမှ တင်ဆက်လိုက်သည်။
၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်အစပျိုးချိန်တွင် နယ်ခြားစောင့်တပ်တွင် မပါဝင်သော သက်ကြီး ခေါင်းဆောင်များကို အခြေခံ၍ ပါတီထူထောင်ကာ ရွေးကောက်ပွဲတွင် ၄ နေရာယှဉ်ပြိုင်၍ ၂ နေရာအနိုင်ရရှိခဲ့ကြောင်း၊ ကရင် ပြည်သူများကို ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ပေးလိုသောဆန္ဒရှိပြီး ကရင်လူမျိုးတိုင်း တစုတစည်းတည်း ဖြစ်စေချင်သော ဆန္ဒများကြောင့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးစောဥာဏ်မင်းက ပါတီတည်ထောင်ဖြစ်ခဲ့ပုံနှင့် ရည်ရွယ်ချက်ကို ပဲ့တင်သံသို့ ပြောသည်။
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပတ်သက်၍ယင်းက”ဖွဲ့စည်း ပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့မူဝါဒက ၂ဝဝ၈ ဖွဲ့စည်းပုံက ချပြတာပဲရှိ တယ်။ ဟုတ်တိပတ်တိ တကယ်သုံးပြီးပြီလား။ မသုံးရသေးဘူးလားဆို တာသိရမယ်။ ဆိုလိုတာက အသုံးပြုပြီးမှ မအောင်မြင်ရင်တော့ ပြောင်းသင့်တယ်ထင်ရင် ပြောင်းရမှာပေါ့။ လုပ်တောင်မလုပ်ရသေးဘဲနဲ့ မကိုင်တွယ်ရသေးဘဲနဲ့ ဖွဲ့စည်းပုံ ပြောင်းလဲမယ်ဆိုရင်တော့ ကျွန်တော်တို့က ကြားနေရာမှာပဲရှိမှာပါ။ ဘယ်ဘက်ကမှမရပ်တည်ပါ ဘူး”ဟု ဖွဲ့စည်းပုံအပေါ်ပါတီ၏ သဘောထားကိုပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆို သည်ကိုဖွင့်ဆိုရာ၌ ပါတီအနေဖြင့် သဘောကျပြီး ဖက်ဒရယ်စနစ်သည် ပုံစံအမျိုးမျိုး ရှိကြောင်း၊ ကောင်းမွန်သော ဖက်ဒရယ်ရှိသကဲ့သို့ ဆိုးရွားသော ဖက်ဒရယ်စနစ်လည်းရှိသဖြင့် မြန်မာနိုင်ငံနှင့် သင့်လျော်သောစနစ် ကိုသာ အသုံးပြုသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အချိုးကျကိုယ်စားပြုစနစ် PR အပေါ် ”ဒီ PR စနစ်ကို ကျွန်တော် တို့က ပိုသဘောကျတယ်။ ဘာ ကြောင့်လဲဆိုတော့ ပါတီငယ်ရင် ငယ်သလို ပါလာနိုင်တယ်။ ပါတီ ကြီးရင်ကြီးသလို ပါလာနိုင်တယ်ဆို တော့ စိတ်ဝင်စားတာပေါ့။ ဒါပေ မဲ့လည်း သူနိုင်ကိုယ်နိုင်လုပ်ချင် လည်း လုပ်လို့ရတာပေါ့။ ဒါတွေက လည်း ခက်ခဲတဲ့အလုပ်တော့မဟုတ် ပါဘူး။လုပ်လည်းလုပ်နေတာပဲလေ။ ဒါပေမဲ့ မျှမျှတတဖြစ်ချင်ရင်တော့ အခုလက်ရှိ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီလို့ ပြောနေတော့ ဒါမျိုးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်းရှိ ကရင် ပါတီများ ပူးပေါင်းရေးအကြောင်း မေးမြန်းရာ ဦးစော ဥာဏ် မင်းက ”ကရင်ပါတီတွေ ပူးပေါင်းရေး၊ ကရင်တစ်ပါတီတည်းဖြစ်ဖို့ရေးက ကြိုးစားကြရမှာပါ။ ကရင်တိုင်းရင်း သားတွေအတွင်း စည်းလုံးညီညွတ် ရေးကို အဓိကထားတာပေါ့။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ကရင်ပါတီချည်းပဲရှိလို့တော့ မရဘူးပေါ့။ ပူးပေါင်းမယ့် အခြေအနေက ပထမအဆင့်အနေနဲ့ တိုင်ပင်ဆွေးနွေးမှုက ပြီးသလောက်ရှိနေပြီပေါ့။ အကုန်လုံးနီးပါးရဲ့ သဘောထားကတော့ ပေါင်းကြမှာပဲ။ ဒါပေမဲ့ ချက်ချင်းဆိုတာလည်း ဖြစ်ကောင်းမှဖြစ်နိုင် မယ်လေ။ အချိန်နည်းနည်းတော့ ပေးရမှာပေါ့။ မိသားစုအရေးမှာတောင် ခက်ခဲတာရှိတာပဲလေ။ တစ်ပါတီနဲ့တစ်ပါတီ ပေါင်းဖို့က အခက် အခဲရှိမှာပဲ။ ဆိုလိုတာက ညီညွတ်မှု မှာ စကားပြောတာပေါ့။ သူလည်း သူ့အရည်အချင်းနဲ့သူလာတယ်။ ကိုယ်လည်းကိုယ့်အရည်အချင်းနဲ့ ကိုယ်လာတယ်။ သူလည်းသူ့မူနဲ့သူ၊ ကိုယ်လည်း ကိုယ့်မူနဲ့ကိုယ်ဆိုတာမျိုးတွေက ရှိကောင်းရှိနိုင်တယ်လေ။ များသောအားဖြင့် ကရင် အမျိုးသားလို့ ကိုယ့်ကိုယ်ကိုယ် ခံယူမယ်ဆိုရင်တော့ဖြင့် ဒါတွေကို မလိုအပ်တော့ဘူးလို့ ထင်ပါတယ်”ဟု ညီညွတ်ရေးနှင့် ပါတီများပူးပေါင်းရေးကို ပြောသည်။
လက်ရှိကရင်ပြည်နယ် အခြေ အနေနှင့်ပတ်သက်၍ ၎င်းက”ကျွန် တော့်အမြင်အရ မှားချင်လည်းမှား သွားနိုင်ပါတယ်။ အစိုးရသတင်းစာ တွေမှာလည်း တွေ့နေရတာပဲလေ။ အခုလောလောဆယ် အခြေအနေကို ပြောမယ်ဆိုရင် ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအနေအထားက တိုး တက်တဲ့အနေအထားရှိနေတယ်ပေါ့။ ဒေသဖွံ့ဖြိုးရေးက ဒီလောက်မရှိပါ ဘူး။ ကျွန်တော်တို့က ကရင်ပြည် နယ်မှာ တစ်လျှောက်လုံးနေလာခဲ့တဲ့ သူတွေလေ။ ကျွန်တော်တို့ကရင် ပြည်နယ်က စစ်ဘေးစစ်ဒဏ်အများ ဆုံးခံခဲ့ရတဲ့ သူတွေလေ။ ကရင်လူ မျိုးအများစုက ဒီဒဏ်ကိုအများဆုံး ခံစားခဲ့ရတော့ ဒီအချိန်ဒီကာလမှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေကို ကျွန်တော်တို့မြင်ယောင်ချင်တာပေါ့။ ခံလည်းခံစားချင်တာပေါ့။ နိုင်ငံ တော်ကလည်း တစ်ဖက်တစ်လမ်း ကနေ တာဝန်ယူပြီးတော့ ဖွံ့ဖြိုးရေး လုပ်ပေးတာလည်း ရှိကောင်းရှိနိုင် ပါတယ်။ ဒေသခံပုဂ္ဂလိကလုပ်ငန်း ရှင်တွေကလည်း လုပ်ပေးတာရှိ ကောင်းရှိနိုင်ပါတယ်ပေါ့။အကောင်း နဲ့အဆိုးက ရှိနေတာပဲ။ ဒေသဖွံ့ဖြိုး ရေးလာလုပ်တဲ့သူတွေကို အကောင်း များရင် ကျွန်တော်တို့ ထောက်ခံရ မယ်။ အဆိုးများရင် ကန့်ကွက်ရမှာ ပေါ့။ ဘာပဲဖြစ်ဖြစ် ကရင်ပြည်နယ် တိုးတက်စေချင်ရင်တော့ ဒီလိုစိတ် မျိုးထားရမယ်ပေါ့။ သို့သော် ဒေသ တိုးတက်ရေးအတွက် ဘယ်သူပဲ လုပ်လုပ် ကန့်ကွက်နေမယ်ဆိုရင် တော့ ကျွန်တော်တို့ ကရင်ပြည်နယ် က သူများထက်နောက်ကျပြီး ကျန် နေရစ်နေမှာပေါ့”ဟု ဒေသဖွံ့ဖြိုး ရေးနှင့် ပတ်သက်၍ သူ၏အမြင်ကို ရှင်းပြသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အနည်းဆုံးကရင်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်းစုံနီးပါး ဝင် ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ရည်ရွယ် ထားရှိပြီး ကရင်ပြည်နယ်ကောင်း စားရေးအတွက် မည်သည့်ပါတီနှင့် မဆို ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ် သည်ဟု ဦးစော ဥာဏ် မင်းက ပဲ့တင် သံသို့ ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.