ဧရာဝတီမြစ်ပေါ်မှာ အတားအဆီးဆို၍ မြူတစ်မှုန်သဲတစ်ပွင့်မျှ မရှိစေလို

ရန်ကုန်၊ အောက်တိုဘာ ၃
မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများတွင် အခက်အခဲ အတားအဆီးဖြစ်စေသည့် ပြဿနာများစွာ ပေါ်ပေါက်လျက်ရှိရာ အဆို ပါ ပြဿနာများထဲတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းပြန်လည်တည်ဆောက်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဘာသာရေး၊ လူမျိုးရေးအသွင် ဆောင်သည့် ပဋိပက္ခများလည်းပါဝင်လျက်ရှိသည်။ ထိုသို့သော အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများတွင် အစဉ်တစိုက် ကြိုးပမ်းလှုပ်ရှား ဆောင်ရွက်လျက်ရှိသည့် ကဗျာဆရာများ သမဂ္ဂမှ ဆရာမောင်စိမ်းနီနှင့်တွေ့ဆုံမေးမြန်းခဲ့မှုများအား ပဲ့တင်သံဂျာနယ် ၏ နိုင်ငံသားအသံကဏ္ဍမှတစ်ဆင့်ဖော်ပြအပ်ပါသည်။
ယခင်စစ်အစိုးရလက်ထက်တွင် သဘောတူချုပ်ဆိုထားခဲ့သည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား သမ္မတဦးသိန်းစိန်က ယင်း ၏ သမ္မတသက်တမ်းအတွင်း လုံးဝရပ်ဆိုင်းထားမည်ဟု ပြောကြားပါ သည်။ ယခုအခါ အဆိုပါစီမံကိန်းအား ပြန်လည်ဆောင်ရွက်ရန် တရုတ်ကုမ္ပဏီ (CPI) က ကြိုးပမ်းနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။ အဆိုပါ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ကဗျာဆရာ မောင်စိမ်းနီက ယင်း ၏သဘောထားကိုပြော ကြားရာတွင် ယခု ဧရာဝတီမြစ်ဆုံစီမံကိန်းမှာ ပြည်သူလူထုအား အသိပေးဆောင် ရွက်ခဲ့သည့် စီမံကိန်း မဟုတ်ကြောင်း၊ ပြည် သူလူထုမှလည်း ခွင့် လွှတ်နိုင်သည့်ကိစ္စများအား ခွင့်လွှတ်ခဲ့သော် လည်း ယခုကိစ္စမှာ ခွင့်လွှတ်နိုင်စရာမရှိကြောင်း၊ စီမံကိန်းမဆောင်ရွက်နိုင်သည့်အတွက် တရုတ်ကုမ္ပဏီအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ယခင်သဘောတူ ထားသူများထံတွင်သာ နစ်နာဆုံးရှုံးမှုများတောင်းခံရမည်ဖြစ်ကြောင်း နှင့်ပတ်သက်၍ ”ပြည်သူလူထုဆီက လာမတောင်းပါနဲ့။ သမိုင်းကပေးထားတဲ့ အမွေတွေကို လုယူဖို့ မကြိုးစားပါနဲ့။ အဲ့ဒီအတွက်လည်း လက်ချင်းဆက်ပြီး တားဆီးကြရမယ်။ ဧရာဝတီမြစ်ပေါ်မှာ အတားအဆီးဆိုလို့ မြူတစ်မှုန်သဲတစ်ပွင့်မှ မရှိစေချင်ဘူး။ မြစ်ဆုံရေကာတာ တည်ဆောက်ရင် တာတမံကျိုးပဲ့မှုကို ဘယ်သူက အာမခံပေးမှာလဲ”ဟု ပြောကြားခဲ့ပြီး ကဗျာဆရာများသမဂ္ဂအနေဖြင့်သာမက ယင်းတာဝန်ယူ ထုတ်ဝေနေသည့် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်လည်း မြစ်ဆုံစီမံကိန်း ရပ်တန့်စေရန်ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ကဗျာဆရာများအားလုံးပါဝင်ရေးသားသည့် မြစ်စောင့်ကဗျာများဟု အမည်ပေး ထားသော ဧရာဝတီမြစ်နှင့်ပတ်သက်သည့် စာအုပ်ထွက်ရှိမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာပြည်တွင်ယခုအချိန် ထိစစ်မှန်သည့်ပြည်တွင်း ငြိမ်းချမ်းရေးမရရှိသေးသည့်အပေါ် သုံးသပ် ပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမရှိခြင်းနှင့် ကိုယ်မှန် သည်ဟု ထင်မြင်ကြသည့်အတိုင်း ဆောင်ရွက်နေကြ၍ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရကြောင်း၊ စစ်ပွဲများမဖြစ်ပွားစေရန် စစ်ဝါဒီစနစ်အား ဆန့်ကျင် ကြရမည်ဖြစ်ပြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိစေရန်သာ တူညီ မျှမှုအခွင့်အရေးများပေးအပ်ရန် လိုအပ်ကြောင်းကို ”ဒီတိုင်းပြည်မှာနေတဲ့ လူအားလုံးသာတူညီမျှမှုမရှိ။ စားရတဲ့သူက စားရ။ ငတ်တဲ့သူကငတ်၊ ချမ်းသာတဲ့သူကချမ်းသာ။ အဲ့ဒီလိုဖြစ်နေတဲ့ ကွာဟမှုတွေများလာ တဲ့အခါ ပဋိပက္ခဆိုတာ၊ ပြည်တွင်းစစ်ဆိုတာဖြစ်လာတာပဲဟု ပြော ကြားခဲ့ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေရန် ကိုယ်ကျိုးစီးပွားပေါ် အခြေခံ သည့်ဆုံးဖြတ်ချက်မျိုးချမှတ်၍ မရကြောင်း၊ နှစ်ဦးနှစ်ဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ကြဘဲ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် ပြည်တွင်းစစ်အားရပ်တန့်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာ မောင်စိမ်းနီက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများ အပေါ်ဝေဖန်ပြောကြားရာတွင် လူမျိုး ရေးဆိုသည်မှာ အလွန်ကျယ်ပြန့်သည့် ကိစ္စတစ်ခုဖြစ်ပြီး မည်သူမဆို မိမိတို့အတ္တအမြင်များပေါ်တွင် ဆုံးဖြတ်ဆောင်ရွက်၍ မရကြောင်း၊ လူမျိုးရေးကိစ္စများပေါ်ပေါက်လာပါက ဘာသာရေးကိစ္စများပါ တွဲဖက် ပါဝင်လာ၍ အမှန်တရားအပေါ်တွင်သာ ပြုမူနေထိုင်ကြဖို့ လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ဝ၁၃

Leave a Reply

Your email address will not be published.