ပညာရှင်တွေပေါတဲ့ တိုင်းပြည်

အတိတ်သမိုင်းက ထင်ရှားတဲ့ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် နှိပ်စက်ညှင်းပန်းခံပြီး အသက်အသေခံသွားပေမဲ့ ဘာတစ်ခုကိုမှ ထုတ်မပြောသွားတဲ့သူရဲကောင်းတွေ ကမ္ဘာမှာအများကြီးရှိခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် လူသားတွေကိုအကြောက် တရားက မလွှမ်းမိုးနိုင်ဘူးဆိုတာ ထင်ရှား ပါတယ်။ လူတစ်ယောက်ဟာ အကြောက်တရားကြောင့် ပြောင်းလဲတယ်ဆိုရင် စစ်မှန်တဲ့ပြောင်းလဲမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။
စစ်မှန်တဲ့ပြောင်းလဲမှုကိုရချင်ရင် သိပ်အများကြီး မလိုအပ်ပါဘူး။ Óဏ်ပညာတစ်ခုပဲလိုတာပါ။
အပြောင်းအလဲတွေနဲ့နာမည်ကြီးနေတဲ့ ကျွန်မတို့တိုင်းပြည်ဟာ Physical Chang အဆင့်က မတက်သေးပါဘူး။ ကျွန်မတို့လိုချင်နေတာ စစ်မှန်သောပြောင်းလဲမှုပါ။ ဘာကြောင့်များ ဒီခေါက်ရိုးတွေ မဖြန့်နိုင်ကြသေးတာလဲ။ ခုလည်းလာပြန်ပြီလေ။ ”ဥပဒေတဲ့။”
ဥပဒေဆိုတာ ဘာလုပ်နိုင်တာ မို့လို့လဲ။ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အယူအဆအရပြောရရင် ဥပဒေဆိုတာ ခွင့်ပြုမိန့်နဲ့အတူတူပါပဲ။ တိုင်းပြည်ကို တကယ်ချစ် ရင်၊ ကောင်းစေချင်ရင် ဥပဒေဆို တာထက် အသိÓဏ်တွေပေးကြ ပါ။
အခုရက်ပိုင်း ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေဆိုတာတော့ နာမည် ကြားတာနဲ့ ဝမ်းနည်းပါတယ်။ ကျွန်မတို့ ဒီလောက်ညံ့ဖျင်းနေပြီ လား။ မြန်မာပြည်က အမျိုးသမီးတွေဆင်ခြင်Óဏ်ပျောက်နေကြ ပြီလား။ သိပ်ကိုအထင်သေးလွန်း ရင်တောင် အသိÓဏ်ရှိတဲ့ အမျိုးသမီးတွေဖြစ်ဖို့ လုပ်ဆောင်သင့်တာ မဟုတ်ဘူးလား။
လူကောင်းလား၊ လူဆိုးလားခွဲခြားနိုင်တဲ့အတွေးအခေါ်နဲ့ ဆင်ခြင် Óဏ်တွေ ရှိနေသရွေ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို သေချာပေါက်ချနိုင်တာပဲ။ ဆေးပညာရှုထောင့်ကပဲ ကြည့်ကြည့်၊ ဘာသာရေးရှုထောင့် ကပဲကြည့်ကြည့်၊ လူသားတွေကို ဖွဲ့စည်းထားတာ အားလုံးအတူတူပဲ မဟုတ်လား။ မြန်မာပြည်ကလူတွေ အမေရိကန်မှာ ဆေးသွားကုရင် ပျောက်တာပဲလေ။ ဒီကလူနဲ့ ဟိုကလူ တူနေလို့ပေါ့။ ပါရာစီတမောဆေးကို ခရစ်ယာန်သောက်ရင်လည်း ဒီကောင်းကျိုးနဲ့ ဒီဆိုးကျိုးပဲ။ ဗုဒ္ဓဘာသာ သောက်ရင်လည်း ဒီကောင်းကျိုးနဲ့ဒီဆိုးကျိုးပဲ။
လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေရှိနေနိုင်တာလည်း အမှန်တရားတစ်ခုပါပဲ။ လူတွေကိုခွဲခြားထားတာ ဘာသာတရားမဟုတ်ပါဘူး။ အဲ့ဒီလူရဲ့ကိုယ်ကျင့်တရား၊ အသိÓဏ်က ပိုအရေးကြီးပါတယ် ဆိုတာလေးပါ။
ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကြီးအဖြစ်ဦးတည်သွားနေတဲ့ကမ္ဘာကြီးပေါ်မှာ ကျွန်မတို့တိုင်းပြည်ကလည်း အမြန်စားကြီးမဟုတ်တောင် ဖြည်းဖြည်းတော့သွားနေတာပါ။ အဲ့ဒီလိုသွားနေချိန်မှာ ခြေလှမ်းတွေ တန့်သွားစေနိုင်တဲ့ အမျိုးသားရေးအစွန်းရောက်မှုဆီ ဦးတည်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။
တစ်ခုတော့ရှိတယ်နော်။ ဒီဆောင်းပါးကို ဖတ်မိသူများထဲက တစ်ယောက်ယောက်ကများပြုံးနေခဲ့မယ်ဆိုရင်တော့ သေချာပါတယ်။ ကျွန်မသိသိနဲ့ဝင်တိုးခဲ့တာပါ။ ကျွန်မတို့တိုင်းပြည်မှာက ပညာရှင်တွေအများသားလေ။ ငွေကြယ်စင်

One comment on “ပညာရှင်တွေပေါတဲ့ တိုင်းပြည်

  1. ငွေကြယ်စင် ရေးတာတွေ အကုန်မှန်တယ်။ မြန်မာပြည် တခုလုံးကို စော်ကားဖို့ လိမ်လည်နေကြတာဖြစ်တယ်။ ချက်ချင်းပထုတ်လိုက်ပါ

Leave a Reply

Your email address will not be published. Required fields are marked *