မြန်မာနိုင်ငံတွင် အမျိုးသမီးများကို နှိမ့်ချခွဲခြားမှုများရှိနေ အုပ်ချုပ်ရေးတွင်အမျိုးသမီးများ သုံးဆယ်ရာခို်င်နှုန်းပါဝင်နိုင်ရေး ဥပဒေလိုအပ်

မြန်မာနိုင်ငံတွင် အမျိုးသမီးများကို နှိမ့်ချခွဲခြားမှုများရှိနေ ကြောင်း၊ အစိုးရ၏ မူဝါဒအရ ပညာရေးတွင်လည်း ကျား/မ ခွဲခြား မှုများရှိကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် ခွဲတမ်းအရအမျိုးသမီးများ သုံးဆယ်ရာခိုင်နှုန်းပါဝင်နိုင်ရေးတို့ကို ဥပဒေအရရေးဆွဲ ပြဋ္ဌာန်းသွား ရန်လိုအပ်ကြောင်းကို ဘဏ္ဍာရေးနှင့် လူသားအရင်းအမြစ်ဆိုင်ရာ ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က အောက်ပါ အတိုင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်လည်း အခြားအာရှနိုင်ငံနှင့်အလားတူ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုရှိနေ ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူမျိုးအသီးသီးတွင် လက်ခံကျင့်သုံးနေကြသည့် ရှေးရိုးအစဉ် အလာနှင့်မိရိုးဖလာဓလေ့ထုံးစံအတော် များများတွင် အမျိုးသမီးများအားတစ်ဆင့်နှိမ့်၍ ဆက်ဆံကြကြောင်း၊ ၄င်းတို့၏ ယဉ်ကျေးမှုကစ၍ သားယောကျာ်းလေးကို ဦးစားပေးသည့် စနစ်နှင့်မိန်းကလေးဖြစ်ပါက နောက်တန်းတွင်နေရသည့် တစ်ဆင့်နှိမ့်ထားသည့် ပုံစံခွက်များရှိသည့် အတွက်ကြောင့် မိဘများက ချမ်း သာသော်လည်း သားယောကျာ်းလေးမရှိလျှင် မိဘ၏အမွေကိုမခံစား နိုင်ကြောင်းနှင့်အစိုးရ၏ မူဝါဒအရ ပညာရေးကို ကြည့်လျှင်လည်း ခွဲခြားမှုများရှိကြောင်း ပြောသည်။
”ပညာသင်ခွင့်ပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့မူဝါဒ အရကိုက ကျား/မ ပုံစံခွက်ရှိတယ်ဆိုတာကို ဖော်ပြနေတာက ဆရာ ဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တွေမှာ အမျိုးသမီးတွေရဲ့ ဆယ်တန်း အောင်မှတ်ကို မြှင့်ထားတယ်။ အမျိုးသားတွေအတွက် နှိမ့်ထား တယ်။ စက်မှုတက္ကသိုလ်ဒါဆိုရင် ယောကျာ်းတွေနဲ့ ပိုပြီးသင့်တော် တယ်။ ဘူမိဗေဒဆိုရင် ယောကျာ်းတွေပဲ ဦးစားပေးတက်ရမယ်။ အမျိုး သမီးတွေကိုသိပ်ပြီး များများဝင်ခွင့် မရအောင်မြှင့်ထားတယ်။ အဲဒီလိုဟာမျိုးတွေပေါ့နော်။ အတွေးအခေါ် အရကိုက အမျိုးသားနဲ့ပဲဆိုင်တယ်။ အမျိုးသားနဲ့ပဲသင့်တော်တယ်။ အမျိုးသမီးတွေနဲ့မသင့်တော်ဘူး။ အဲဒါ မျိုးတွေရှိတယ်”ဟု ပြောကြား ခဲ့ပါသည်။
အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတတ်ရေးနှင့်ပတ်သက်၍ ဒေါ်သင်း သင်းအောင်က”အမျိုးသမီးတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဗဟု သုတ၊ ပညြွာကယ်ဝဖို့လိုတယ်။ ပညာတွေတတ်ဖို့လိုတာပေါ့။ အသိ ပညာတွေရှိမယ်။ အတတ်ပညာတွေရှိရင် ကိုယ့်ကိုယ်ကိုယ် စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်တရားဟာလည်း ပိုပြီးတော့ မြင့်မားလာတယ်။ ကိုယ့်ကို အန္တရာယ်ကျလာ နိုင်တယ်ဆိုရင်ရှောင်ရှားနိုင်တဲ့ ဆင်ခြင်တုံတရားဟာလည်း ပိုရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာ တယ်။ အမျိုးသားတွေကို မှီခိုနေတဲ့ ဘဝကနေ၊ အနိုင်ကျင့်ခံရတဲ့ ဘဝကနေကိုယ့်ခြေထောက်ကို ကိုယ်ရပ်နိုင်တဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ရပ်တည်နေထိုင်နိုင်တဲ့ လူသားဖြစ်လာမယ်လို့ထင်ပါတယ်”ဟု ဖြေ ကြားခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပုဒ်မတစ်ခုက Gender Equal ဟူ၍ ကျား/မ တန်းတူရှိရမည်။ ကျား/မ ခွဲခြားမှုမရှိစေရဟု ပြောထားသော်လည်း(အောက်တွင် ခြွင်းချက်ဟုဆိုပြီး ထပ်ဖြည့်ထားသည်) အမျိုးသားများနှင့်သာ သင့်တော်သော အလုပ်အကိုင်များကို ခန့်ထားခြင်းသည် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းဟု မမှတ်ယူရဟူ၍ ပြန်ထည့်ထားခြင်းနှင့် စပ်လျဉ်း၍ ”အစိုးရကိုယ်တိုင်ကော၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက၊ အမျိုးသမီးဆိုတာဒီလိုနေရမယ်။ ဒါပဲသင်ရမယ်။ ဒါမလုပ်ရဘူးဆိုတဲ့ အတွေးအခေါ်ကိုက ခွဲခြားဆက်ဆံနေတာပေါ့” ဟု ဝေဖန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသမီးများနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံသည့် ပုဒ်မကိုအမျိုးသမီးများအတွက် ပံ့ပိုးသည့် ပုဒ်မ၊ အမှန် တကယ်ကာကွယ်ရန်ထည့်ထားသည့် ပုဒ်မဟုထင်ချင်ထင်လိမ့်မည်ဖြစ် ကြောင်း၊ ၄င်းတို့ သတ်မှတ်ထားသည်က မိခင်နှင့်ကလေးစောင့် ရှောက်ရန်ဖြစ်ခြင်းကြောင့် အမျိုး သမီးများအားလုံးကို မရည်ရွယ်ပါ ဟုဖြစ်သွားကြောင်း၊ အိမ်ထောင်ရှိ သည့်အမျိုးသမီးနှင့် အိမ်ထောင်မရှိသည့် အမျိုးသမီး၊ မိခင်ဖြစ်သည့်အမျိုးသမီးနှင့်မိခင်မဟုတ်သည့်အမျိုး သမီးစသည်တို့ကြားထဲတွင် ခွဲခြားမှုများရှိကြောင်း ရေးသားထားသည့် စာသားကယေဘုယျဆန်ပြီး ထိ ရောက်မှုလည်းမရှိကြောင်း၊ အမှန်တကယ် ထိထိရောက်ရောက်နှင့် ကူညီပံ့ပိုးသည့်အချက်များ လုံးဝမ ပါဝင်ကြောင်း၊ ယင်းဥပဒေများကို ပြင်ဆင်ရန်လိုကြောင်း ပြောသည်။
”ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေပါဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတယ်ဆိုတော့ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအသီး သီးတိုင်းရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရှိနေဖို့ပေါ့။ နိုင်ငံရဲ့ဦးဆောင်တဲ့ကဏ္ဍမှာ အမျိုး သမီးတွေ ပိုတိုးတက်ဖို့လိုနေတယ်။ တိုင်းပြည်ရဲ့လူဦးရေထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်နေတယ်။ နိုင်ငံရဲ့ဦးဆောင်မှုအခန်းကဏ္ဍဖြစ်တဲ့ အုပ်ချုပ်တဲ့နေရာတွေမှာ အမျိုးသမီးတွေပါဝင်မှုက ငါးရာခိုင်နှုန်းတောင်မပြည့်ဘူး။ အဲဒါကမမျှတဘူး။ လူဦးရေထက် ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီးထုကိုလုံလောက်တဲ့ ကိုယ်စားပြုမှုက လွှတ်တော်ထဲမှာ မရှိဘူး။ စီဒေါ (CEDAW) မှာ ပြောထားတဲ့ အတိုင်းပဲ။ နိုင်ငံရဲ့ ဦးဆောင်မှုကဏ္ဍမှာ ပါဖို့အတွက်ဆိုရင် လိုအပ်ပါကယာယီအထူးစီမံ ဆောင်ရွက်ချက်အနေနဲ့ Affirmative Action လိုမျိုးသတ်မှတ်ပေးထားရမယ်။ အမျိုးသမီးမပါမနေရ အနည်းဆုံးသုံး ဆယ်ရာခိုင်နှုန်းဖြစ်စေ၊ လေးဆယ် ရာခိုင်နှုန်းဖြစ်စေထည့် သွင်းပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးဆွဲထားဖို့လိုတယ်။ အရေးကြီး တယ်လို့ ကျွန်မတော့ထင်တယ်” ဟု ပြောကြားခဲ့ပါသည်။
အမျိုးသမီးဖိုရမ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် အချက်များကို ဆွေးနွေးခဲ့ပြီး၊ ထွက်လာ သည့်ဆွေးနွေးချက်ကိုမူတည်၍ စုစည်းရေးသားကာ လွှတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင် ရေးကော်မတီသို့ အောက်တိုဘာ လွှတ်တော်ပြန်စသည့်အချိန်တွင် ပို့မည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်း သမ္မတထံလည်းပို့မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
”တွေ့ကြုံရတဲ့အခက်အခဲတွေကတော့ အချို့အမျိုးသားတွေက ကျွန်မတို့ကိုနားမလည်ဘူး။ CEDAW ရှိ တယ်ဆိုတာလည်းမသိဘူး။ ဘာတွေရေးထားလို့၊ ဘာကြောင့်ရေးထားတယ်ဆိုတာလည်း နားမလည်ဘူး။ အစိုးရအုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသားတွေကပဲ တော်တော်များများကို ကြီးစိုးထားတယ်။ သူတို့က အများစုဖြစ်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေကကိုတာ (Quota) သုံးဆယ်ရာခိုင်နှုန်းတောင်းတယ်။ ဘယ်လိုလုပ်မှာလဲ။ အဲဒါတွေက အုပ်ချုပ်သူအဖွဲ့အစည်းတွေတင်မကဘူး၊ အတိုက်အခံအဖွဲ့အစည်းဖြစ်တဲ့ ဒီမိုကရေစီအင်အားစုတွေထဲမှာလည်း အဲဒါတွေကို ပြောနေတယ်။ လက်မခံနိုင်ဘူးဖြစ်နေတယ်။ ဒီမိုကရေစီဦးဆောင်လှုပ်ရှားနေတဲ့သူတွေကလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတယ်။ အမျိုးသမီးတွေက သုံးဆယ်ရာခိုင်နှုန်းလာတောင်းနေတယ်။ ကျန်တဲ့သူတွေက ဘယ်လိုလုပ်ရ မှာလဲတဲ့။ ဒီမိုကရေစီအင်အားစုတွေ ကိုယ်တိုင်ကိုကနားမလည်ဘူး။ လက်မခံဘူး။ အဲဒီလို အခက်အခဲ ကြုံတွေ့ရတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ သူတွေအချင်းချင်းမှာ သဘောထားတွေက မတူဘူးဖြစ် နေတယ်။ အဲဒါတွေက အခက်အခဲ ဆုံးပဲ။ ကျွန်မတို့ကိုပံ့ပိုးမယ့်သူတွေ ရှာဖို့ အရမ်းခက်ခဲတာပဲ”ဟု ပြော ကြားခဲ့ပါတယ်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.