ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ရှစ်လေးလုံးအရေးခင်းကာလအဖြစ်အပျက်များကို ထည့်သွင်းဖော်ပြရန်စီစဉ်

ရန်ကုန်၊ ဇူလိုင် ၃
ဒီမိုကရေစီအရေးဆောင်ရွက်ခဲ့ကြသည့် ၁၉၈၈ လူထုလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သူများအား ဂုဏ် ပြုသည့်အနေဖြင့်လစဉ်ထုတ်ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ပါဝင်နေကျအကြောင်းအရာကဏ္ဍများ အပြင် သြဂုတ်လတွင်ကျရောက်မည့် ရှစ်လေးလုံးလူထုလှုပ်ရှားမှု ငွေရတုအထိမ်းအမှတ် အဖြစ်လူတန်းစား အလွှာပေါင်းစုံမှ ရေးသားထားသည့် အရေးတော်ပုံကာလအဖြစ်အပျက်များကို ပါထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ်၊ မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂဥက္ကဋ္ဌကဗျာဆရာမောင်စိမ်းနီက ပဲ့တင်သံသို့ ပြောကြားသည်။
အဆိုပါမဂ္ဂဇင်းထုတ်ဝေခြင်းနှင့်ပတ်သက်၍ ဒီလိုမျိုးအရေးတော်ပုံကာလဆိုတာ ချက်ချင်းဖြစ်လာတာမဟုတ်ဘူး။ သန္ဓေတည်လာခဲ့တဲ့ခေတ်ပေါင်းများစွာ နှစ်ပေါင်းများစွာစုပြီးဖြစ်တည်လာတဲ့အခါကျမှ အကြောင်းအကျိုးတိုက် ဆိုင်လာခဲ့တော့၊ ၈ရက် ၈လ ၈၈ကျ လိုရှိရင် ရှစ်လေးလုံးကြီးကတော့ တိုက်ဆိုင်နေပြီ အဲ့ဒီနေ့ကျရင်တော့ တို့ရဲ့ဗမာပြည်မှာ အထွေထွေသပိတ်ကြီးမှောက်ကြမယ်။ ဗမာတစ်ပြည် လုံးစိန်ခေါ်သံတွေ့နဲ့အတူ ရှစ်လေးလုံးကြီးကို ဘာဘဲဖြစ်ဖြစ်ကမ္ဘာပေါ် မှာ ထင်ရှားခဲ့တဲ့၊ အမှန်တရားကို ဆုပ်ကိုင်ထုတ်ပြနိုင်ခဲ့တဲ့ ဒီရှစ်လေး လုံးကြီးမှာ လူထုအရေးတော်ပုံကြီး တစ်ရပ်ပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ပေါ်ပေါက်လာခဲ့တဲ့အရေးတော်ပုံကြီးကို အထူးဂုဏ်ပြုတဲ့အနေနဲ့ထုတ်ဝေတာပါ ဟု မောင်စိန်းနီက ပြောသည်။ အဆိုပါအရေးအခင်းကြီးတွင် ခံစားချက်တူညီသော ပြည်သူများလက်တွဲဆောင်ရွက်ခဲ့၍ လူထုလှုပ်ရှားမှု အရေးအခင်းမှာ အောင်မြင်ခဲ့ကြောင်းနှင့်ယခုကဲ့သို့ လူထုရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ဂုဏ်ပြုထုတ်ဝေခြင်းနှင့်ပတ်သက်၍ ဒီအတွက်ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တကယ့်ကို သမိုင်းတင်ရမယ့်၊ သမိုင်းဝင်ခဲ့တဲ့၊ လူထုလူတန်းစားအားလုံးစည်းလုံးညီညွတ်မှုနဲ့ အာဏာရှင်စနစ်ကို အာခံတိုက်ဖျက်ခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးကို အထူးဂုဏ်ပြုတင်ဆက်ရတဲ့အတွက် သမိုင်းပေးတာဝန်တစ်ခုကိုထမ်းဆောင်နိုင်ခဲ့ပြီလို့ ယုံကြည် ပါတယ်ဟု ပြောကြားခဲ့သည်။
ဆရာမောင်စိမ်းနီသည် စာပေစိစစ်ရေးကာလ၌ စာရေးဆရာအောင်ဆန်း ဟု အမည်ပေးထားသည့် စာအုပ်ကိုထုတ်ဝေခဲ့ပြီး အဆိုပါစာအုပ်မှာ စာဖတ်ပရိတ်သတ်နှစ်ခြိုက်အားပေးမှုမြင့်တက်ခဲ့သဖြင့် အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရသည်။ ဆရာမောင်စိမ်းနီသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီတွင် ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
ဝ၁၃

Leave a Reply

Your email address will not be published.