ရှမ်း(မြောက်)တပ်မတော် ဌာနချုပ်အနီး ရွာတစ်ရွာကို မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ကျေးသီး။ ဇူလိုင် ၂
အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို မြန်မာတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေရာ ရှမ်း(မြောက်) ဌာနချုပ်အနီး ရွာတစ်ရွာကို ဇွန်လ ၂၃ ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဇူလိုင် ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက် အရ ဇွန်လ၂၃ ရက်နေ့တွင်လေယာဉ်များဖြင့် ကင်းထောက်ပြီး ခမရ ၅၂၅ နှင့် ၅၆၉ တပ်ရင်းတို မှ တပ်အင်အား ၁၀၀ ကျော်က ကျေးသီး မြို့နယ်နယ်ရှိ ရှမ်း(မြောက်) ဌာနနချုပ်ရှိရာ ဝမ်ဟိုင်းအနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာ ဝမ်စပ်ကျေးရွာကို ၆ဝမမ နှင့် ၇၉မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ရွာသား ၄ ဦး ထိခိုက် ဒဏ်ရာပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့်အိမ် ရ အိမ်ပျက်စီးကာအသက် ၉၀ရှိ အဖွားအိုတစ်ဦး သွေးလန့်သေဆုံးခဲ့ရကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုကြောင့်် သံဃာများနှင့် သာမဏေ ၃၀ ကျော်အပါ အဝင် ရွာသား ၁၅၀ တို့ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း။ မြန်မာစစ်သားတို့က ဘုန်းကြီးကျောင်းနှင့်အိမ်များရှိအစားအစာ၊ ငွေနှင့်အဖိုးတန်ပစ္စည်းများကို ယူငင်သွားပြီး ဘုန်းကြီးကျောင်းကို စီမံကွပ်ကဲအမိန့်ပေးရာယာယီတပ်စခန်းအဖြစ်အသုံးပြုနေကြကြောင်း၊ အနီးအနားရွာ များမှ ရွာလူကြီးများလည်းခေါ်ယူ စစ်ဆေးမေးမြန်းခံရပြီး ရွာသားတစ်ဦး ကိုရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း၊ ဗုဒ္ဓဘာသာကို ကာကွယ်လိုသည်ဆိုပါက ရှမ်းဘုန်းကြီးကျောင်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းမပြုသင့်ကြောင်း၊ နှင့် ငြိမ်းချမ်းရေး ကို လုပ်ဆောင်အကောင်အထည်ဖော်သည်ဆိုပါက ဤသို့အပစ်အခတ်ရပ်စဲရေးကို မချိုးဖောက်သင့်ကြောင်း၊ န္တေကာင်း စသည်ဖြင့် အဆိုပါသတင်းထုတ်ပြန် ချက်တွင် ပါရှိသည်၊ အဆိုပါပစ် ခတ်မ၍သည် ၂၀၁၂ ဇန်နဝါရီလက အသစ်ချုပ်ဆိုထားသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ် ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဝ၂၅

Leave a Reply

Your email address will not be published.