ဘဝမှာ ဖြစ်ချင်သည်များ ဖြစ်မလာခဲ့သော်လည်း ဖြစ်လာသည့်အနေထားအတိုင်း ရောက်နေရသည့်နေရာတွင် ကိုယ်တတ်စွမ်းနိုင်သလောက် ကြိုးစားပြီး လုပ်ဆောင်သွားရမည်

ဘဝမှာဖြစ်ချင်သည်များဖြစ်မလာခဲ့သော်လည်း ဖြစ်လာသည့်အနေထားအတိုင်း ရောက်နေရသည့် နေရာတွင် ကိုယ်တတ်စွမ်းနိုင်သလောက်ကြိုးစားပြီး လုပ်ဆောင်သွားရမည်ဆိုသည့်ခံယူချက်ကို လက်ခံကျင့်သုံးကာနေထိုင်သူ ကိုကျော် ၀ဏ္ဏသည် ရန်ကုန်မြို့က၊ ရေကျော်လမ်းမပေါ်ရှိမာကျူရီပုံနှိပ်တိုက်တွင် ဝန်ထမ်း(၁၄)ယောက်အားဦးဆောင်လည်ပတ်ကာ မိသားစုဘဝရပ်တည်ရေးအတွက်ရောအများအတွက်ပါ ကြိုးပမ်းလျက်နေသည်။ သူဘဝဇာတ်ကြောင်းက စိတ်ဝင်စားစရာ ဖြစ်သည်။
၂၀၀၂ ခုနှစ် ဒုတိယအကြိမ် အကျဉ်းထောင်ကလွတ်လာတဲ့အခါမှာ ဘဝရဲ့အလှည့်အပြောင်းတစ်ခုအဖြစ် မိသားစုလုပ်ငန်း ဖြစ်တဲ့ပုံနှိပ်လုပ်ငန်းကိုစပြီးလုပ်ကိုင်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းကမက်ခဲ့ရတဲ့အိပ်မက်တစ်ခုတော့မဟုတ်ခဲ့ပါဘူး ဟု ကျော်ဝဏ္ဏက ရှင်းပြသည်။
ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရေးမှာထူးချွန်ပြီးမိမိတတ်သည့်ပညာကို ပြန်လည်သင်ကြားဖြန်ဝေပေးရသော ဆရာဘဝသာလျှင် သူ့ငယ်စဉ်ဘဝအိပ်မက်များဖြစ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ကိုကျော်ဝဏ္ဏသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်ဝင်ခွင့်လျောက်ထားဆဲဖြစ်သည်။ လူငယ်ပီပီမခံချင်စိတ်လည်းရှိ၊ အများအတွက် အနစ်နာခံလိုစိတ်အခြေခံလည်းရှိသူဖြစ်ရာကိုကျော်ဝဏ္ဏသည် ၈၈ အရေးအခင်းမှစတင်ကာ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် သို့ ကူးပြောင်းရန်ရည်ရွယ်၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ(ဗလသ) ဖွဲ့များတွင်ပါဝင်လှုပ်ရှားခဲ့သည်။ ထိုစဉ်ကသူသည် ၁၀ တန်းကျောင်းသားများအားအချိန်ပိုင်း ဖြင့် အင်္ဂလိပ်စာ အခမဲ့ပြသပေးခဲ့သေးသည်။
၁၉၉၀ ခုနှစ်တွင်ကျောင်းသားလှုပ်ရှားမှုများ၌ ပါဝင်လှုပ်ရှားခဲ့မှုဖြင် စစ်ခုံရုံးတွင် ပုဒ်မ ၅ (ည)အရ ထောင်(၃)နှစ်ကျခံရပြီး အင်းစိန် အကျဉ်းထောင်နှင့် သရက်ထောင်များမှာ လူငယ်ဘဝကိုခက်ခဲကြမ်းတမ်းစွာကျော်ဖြတ်ခဲ့ရသည်။ ထောင်တွင်းရှိနေစဉ်ကာလတွင်ပင် ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ဝင်ခွင့်ရရှိကြောင်းသိခဲ့ရသည်။ ထောင်ကျအကျဉ်းသားဘဝတွင် အခက် အခဲများနှင့်ရင်ဆိုင်ရတိုင်း ထိုအခက်အခဲများကို မည်သို့ကျော်ဖြတ်ရမည်နည်းဆိုသည့် မေးခွန်းများကိုမေးကာ ဖြတ်သန်းဖြစ်ခဲ့သည်။ ထောင်ဆိုတာ ရုရှစာရေးဆရာ ဂေါ်ကီ ပြောတဲ့ဘဝတက္ကသိုလ်ပဲ၊ ထောင်ထဲမှာမကောင်းတာတွေ အများကြီးရှိသလို အဲဒီ့မကောင်းတာတွေကို သင်ခန်းစာယူပြီးကောင်းတာဖြစ်အောင်၊ ကောင်းတာတွေကိုရွေးပြီးလက်ခံလိုရအောင် တွေးလို့ရခဲ့တယ်။ လူအတွင်းစိတ်နေစိတ်ထားတွေကို အတွင်းကျကျလေ့လာခွင့်ရခဲ့တယ်။ ဘယ်ဘဝတက္ကသိုလ်မှာမှ သင်လို မရတဲ့သင်ခန်းစာတွေထောင်ထဲမှာ အများကြီးရခဲ့တယ်ဟု သူကဆိုသည်။ အခက်အခဲများကို ရှုထောင့် ပြောင်းအကောင်းမြင်ကာအဖြေလည်းရှာခဲ့သည်။ ထောင်ကျအကျဉ်းသားဘဝကာလများအတွင်း ဘဝရှေ့ရေး အတွက် ဝေဝါးခဲ့ရသည့် အချိန်များတွင်လည်း ” A rose by any other name may smell sweet” ဆိုရိုးကို အမှတ်ရပြီး နှင်းဆီကို ဘယ်လိုနာမည်ပေးပေး နှင်းဆီရနံ၌ ကတော့သင်းပျံ့နေမှာပဲ၊ ပင်ကိုယ်အရည်အသွေးရှိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုနေရာမှာပဲရောက်ရောက်၊ ဘယ်လိုအခြေအနေတွေ ဖြစ်နေပါစေ၊ ရောက်နေတဲ့နေရာက နေစပြီးထိုးဖောက်ကျော်လွှားနိုင်မှာပဲ ဆိုသည့်ခံယူချက်ဖြင့်အားမာန်တင်းခဲ့ကာ ၁၉၉၃ ခုနှစ် ဇူလိုင် (၁)ရက်နေ့တွင် အကျဉ်းထောင်မှလွတ်မြောက်ခဲ့ပါသည်။
အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် အင်္ဂလိပ်စာပြကျူရှင် ဆရာအဖြစ်ရပ်တည်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်တွင် စတင်တက်ရောက်သင်ကြားခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးအခင်းတွင် ကျောင်းများပိတ်ပြီး နောက် ၁၉၉ရ ခုနှစ်တွင် မဝေဝေနှင့် အိမ်ထောင်ပြုခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်(ရေနံအဓိက ဘာသာရပ်) တတိယနှစ်သင်ယူနေဆဲ၌ ကျောင်းသားလှုပ်ရှားမှု သမိုင်း စာအုပ်ရေးသားမှုနှင့်ပတ်သက်ကာ ပုဒ်မ ၅ (ည)ဖြင့် ထောင်(၇)နှစ် ကျခဲ့ပြန်သည်။
ဒီတစ်ခါ အမိန်၌ချတဲ့နေ့က ဘဝမှာမှတ်မှတ်ရရပါပဲ၊ ဧပြီ လ(၁၉)ရက်မှာ သမီးကြီးကိုမွေးတယ်။ အမိန်ချတဲ့နေ၌ ဧပြီလ (၂၀) ရက်နေ့ကျမှ အမှုစစ်တဲ့ ထောက်လှမ်းရေးနဲ့ရဝတ ကပြောလို့သမီးကြီးမွေးတာသိခဲ့ရတယ်။ အဒီ့အချိန်မှာ ဖော်ပြလို့ မရတဲ့ခံစားမှုနဲ့ကြုံခဲ့ရတယ်။ အဲဒီဒုက္ခကိုကျော်ဖြတ်ရတာအခက်ဆုံးပဲဟု ကိုကျော်ဝဏ္ဏက ထိုအတွေ့အကြုံကိုရှင်းပြသည်။
၂၀၀၂ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ ဒုတိယအကြိမ်ထောင်ကလွတ်ပြီးချိန်တွင်မူဘဝအချိုးကွေ့တစ်ခုအဖြစ် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည့်အဖြစ်များ ကြုံတွေ့ခဲ့ရပါသည်။ ထောင်မှလွှတ်ပြီးခစ အမေရိကန်စင်တာတွင် ပညာသင်ယူခိုက် နိုင်ငံခြား ကျောင်းတက်ရန် အခွင့်အရေးရရှိခဲ့ရာပညာရေးတွင်တိုးတက်လိုစိတ်ရှိသူဖြစ်သောကြောင့် ထိုအခွင့်အရေးကို လက်လွတ်မခံချင်သော စိတ်ပြင်းပြခဲ့ရသည်။
ထိုအချိန်တွင် ကိုယ်ဖြစ်ချင်သည့်အရာကို ရှေ့တန်းတင်မလား။ ဖြစ်သင့်သည့်အရာကို ဦးစားပေးမလားဆိုသည့် လမ်းခွဲသို့ ရောက်ရှိလာပါသည်။
နိုင်ငံခြားမှာ ကျောင်းသွားတက်လိုစိတ်ကလည်းအရမ်းပြင်းပြတယ်။ တစ်ဖက်မှာလည်းကိုယ့်ကိုနှစ်ပေါင်းများစွာ ဖြည့်ဆည်းပြီး စောင့်လာရတဲ့ဇနီးနဲ့မွေးကတည်းကမတွေ့ရဘဲ နှစ်အတော်ကြာမှတွေ့ရတဲ့သမီးကြီး၊ သူတို့ကို ငါ ထပ်ခွဲသွားရင် ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး၊ သမီးကိုပဲငါဖြစ်ချင်တဲ့ပုံစံဖြစ်အောင် ပျိုးထောင်ပေးတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ပုံနှိပ်လုပ်ငန်းကိုပဲလုပ်တော့မယလို့ ဆုံးဖြတ်ခဲ့တယ် ဟု မိမိအတ္တနှင့်ဖြစ်ချင်သမျှအား မိသားစုအတွက်ဖြစ်သင်သမျှနှင့် ရဲရဲရင့်ရင့်လဲလှယ်ဆုံးဖြတ်ခဲ့သည်။
နိုင်ငံရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ် ကိုယ်ရည်ကိုယ်သွေးရှိလျှင် ဘာလုပ်လုပ်ထွန်းပေါက်အောင်လုပ်နိုင်ရမည်ဆိုသည့် ယုံ ကြည်ချက်နှင့် ရပ်တည်ခဲ့သူဖြစ်သည့်အလျောက် ပုံနှိပ်လောကတွင်ဇောက်ချစီးပွားရေးလုပ်နေသော်လည်း မြန်မာပြည်စီးပွားရေးလောကပြုပြင်ပြောင်းလဲသင့်သည့် အားနည်းချက်များကိုအမြဲမပြတ် လေ့လာကာအသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးဖိုးတိုးတက်ရေး (Small and Medium Enterprise Development SME) အတွက်စာတန်းရေးသားတင်ပြခဲ့ဖူးပြန်သည်။
တိုင်းပြည်တစ်ပြည်မှာ လူလတ်တန်းစားပျောက်သွားပြီဆိုရင် ဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးသွားမယ်။ အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးအနှုတ်လက္ခဏာဆောင်လာပြီပဲ။ မြန်မာပြည်မှာလူလတ်တန်းစားပျောက်လုဆဲဆဲဖြစ်နေပြီ။ နိုင်ငံတကာမှာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လူလတ်တန်းစားဖွံ့ဖြိုးတိုးတက်မှုနဲ့ပဲတိုင်းတာတယ်။ SME တိုးတက်ရေးကို သက်ဆိုင်ရာ အစိုးရတွေကအထူးဂရုပြုလုပ်ကိုင်ကြတယ်။ ဒါကြောင့် ကျွန်တော် ဆွေးနွေးပွဲတွေလိုက်တက်တယ်။ စာတန်းရေးပြီး SME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုတင်ပြခဲ့တယ်။ ကြိုက်တယ်လို့ပြောပြီးဘယ်ချောင်ထိုးခံလိုက်ရလဲမသိဘူး။ မြန်မာနိုင်ငရဲ့ အားနည်းချက်က ဘာပဲလုပ်လုပ် Sustainable မဖြစ်ဘူး။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တယ်။ ပြီးရင် အဲဒီကရလာတဲ့ရ လဒ် ကိုဘာမှဆက်မလုပ်တော့ဘူး။ အဲဒါတော်တော်ဆိုးတယ်ဟု စီးပွားရေးစနစ်စီမံခန်ခွဲမှုနှင့်ပတ်သက်သည့် သူအမြင်ကို ပြောပြသည်။
ကျွန်တော် ပုံနှိပ်လုပ်ငန်းလုပ်လာတာ ၁၆ နှစ်ရှိပြီ၊ ၁၆ နှစ်လုံးလုံးအခွန်ဆောင်ခဲ့တယ်၊ အဲဒီအခွန်ဆောင်ခဲ့တဲ့အတွက် တိုင်း ပြည်ကဘာပြန်လုပ်ပေးသလဲ။ အစိုးရက ပြည်သူတွေကိုအခွန်ဆောင်ချင်လာအောင်လုပ်ပေးရမယ်။ ပြည်သူလူထုဆီက ကောက်တဲ့အခွန် တွေကို စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ပြန်ကိုင်တွယ်ရမယ်၊ အစိုးရကလုပ်ငန်းရှင်တွေဆီက အခွန်ကောက်ဖိုပဲ အာရုံစိုက်တယ်။ သက်ဆိုင်ရာလုပ်ငန်းတွေကို တိုးတက်အောင်ဘယ်လိုအထောက်အပံ့ပေးမလဲဆိုတာ ခုချိန်ထိတိကျတဲ့မူဝါဒ နဲ့ ကိုင်တွယ်ဖြေရှင်းပေးတာမရှိသေးဘူး။ SME Seminar တွေမှာ SME တွေတိုးတက်ဖို့ လိုအပ်တယ်ဆိုတာ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက အမြဲတမ်းပြောတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မှုမှာ အားနည်းတာကို သတိထားမိတယ် ဟု ဖြည့်စွက်ပြောကြားသည်။
ပုံနှိပ်လောကထဲသို့ စတင်ဝင်ရောက်ခဲ့ချိန်တွင် ပထမဆုံးအားပေးကူညီခဲ့သော ဆရာကိုသီဟလတ်(ရန်ကုန်စက် မှုတက္ကသိုလ်)နှင့် မမွှေး (ပန်းချီ) တို့အားပေးမှုကို မှတ်မှတ်ရရခံယူရပြီး တက်လှမ်းခဲ့ရသည်။ ကိုယ်ရှိနေခြင်းဟာကိုယ့် ရဲဘော်တွေအတွက် အားရှိတယ်ဆိုသည့်အတွေးဖြင့် ပုံနှိပ်လုပ်ငန်းနှင့်ပတ်သက်သောကိစ္စများကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အတွက် တတ်နိုင်သလောက်လုပ်ပေးနိုင်ခဲ့သည်။ ပရဟိတအဖွဲ့အစည်းများ စာအုပ်စာတမ်းများကိုလည်း ရိုက်နှိပ်လှူဒါန်းပေးနိုင်ခဲ့သဖြင့် ဖြစ်သင့်သည်ကိုဦးစားပေးခဲ့သောဘဝထဲတွင်ပျော်နေပါပြီဟု ကိုကျော်ဝဏ္ဏက ဆိုသည်။
၀၃၀

Leave a Reply

Your email address will not be published.