မန္တလေးစာပေအသိုင်းအဝိုင်းနှင့်လူမှုပရဟိတ စိတ်ထက်သန်သူများ၏ သမိုင်းမှတ်တိုင်

လူမှုကူညီရေးအသင်းအဖွဲ့များ၏ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ကူညီဆောင်ရွက်လျက်ရှိသည်များနှင့်ကူညီဆောင်ရွက်နိုင်ရန်အတွက် အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးသင့်သည်များကို ပဲ့တင်သံ ဂျာနယ်အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍမှ တစ်ဆင့်တင်ပြလိုက်ပါသည်။
ယခင်ကအိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်ဆိုလျှင် မထိမကိုင်ရမည့်ရွံရှာဖွယ်လူတန်းစားတစ်ရပ် အဖြစ် သတ်မှတ်ခဲ့ သည်။ တိုးတက်ဖြစ်ထွန်းလာသည့် အသိဉာဏ်ပညာနှင့်လူသားချင်းစာနာထောက်ထားရမည့်အသိစိတ်တို့ဖြစ်ပေါ်လာသည့် ယခုကာလတွင်မူ အဆိုပါရောဂါဝေဒနာရှင်များအား နှစ်သိမ့်အားပေးပညာပေးရေးသာမကတော့ဘဲ ကိုယ်ထိလက်ရောက်ပြုစုစောင့်ရှောက်ရေးနှင့် ယင်းတို့လူနေမှုဘဝဖွံဖြိုးတိုးတက်ရေးအထိ ဆောင်ရွက်လာသည်ကိုဝမ်းမြောက်ဖွယ် တွေ့ရှိရသည်။
အဆိုပါဝေဒနာရှင်များအားပြည်တွင်းကခေတ်ပညာတတ်အရွယ်သုံးပါးစုပေါင်းမှုဖြင့် တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းမှသည် အသင်းအဖွဲ့ဂေဟာများဖြင့်ပါပြုစုစောင့်ရှောက်မှုများရှိရာ ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့တွင်လည်း သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာအမည်ဖြင့် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင် ပြုစုစောင့်ရှောက်ရေးအသင်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရသည်။
အသင်းစတင်တည်ထောင်စဉ်က မန္တလေးမြို့ ၆၅ လမ်း (၃၄ လမ်းနှင့် ၃၅ လမ်းကြား)ရှိကူညီသူတစ်ဦး အဆောက်အဦး တစ်ခုအတွင်း ယာယီပြုစုစောင့်ရှောက်ရာမှ မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည်သူများမတည်လှူဒါန်းငွေများဖြင့် ခိုင်မာသည့် လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်ဆက်လက်အားထုတ်ကြိုးပမ်းခဲ့ရာ မန္တလေးမြို့ ဘုံပျံတောရ မြဝတီမင်းကျောင်းတိုက် ဆရာတော်ကောင်းမှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း(ပန်းခြံလမ်း) ရှိအဆိုပါ ကျောင်းတိုက်ဝင်းအတွင်း နေရာတစ်ခုရရှိခဲ့သည်။
မန္တလေးစာပေအသိုင်းအဝိုင်းနှင့် လူမှုပရဟိတစိတ်ထက်သန်သူများ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် သုခရိပ်မြုံ(မန္တလေး)လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာဖြင့်ပြုစုစောင့်ရှောက်သူမဲ့ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်လေးများကို ၂၀၁၂ ခုနှစ်အစောပိုင်းကာလမှစတင်ပြီး တစ်ပိုင်တစ်နိုင်ပြုစုစောင့်ရှောက်ခဲ့ရာ ယင်းနှစ် ဇူလိုင် ၁၂ရက်အထိ စာရင်းအရ ကလေးသူငယ်ခြောက်ဦးထိလက်ခံနိုင်ခဲ့ပါသည်။
တစ်ပိုင်တစ်နိုင်ပြုစုစောင့်ရှောက်ရာမှ အသင်းသူအသင်းသားများ မဆုတ်မနစ်သောအားထုတ်ကြိုးပမ်းမှုများကြောင့် ယခုအခါတွင် အဆိုပါကျောင်းတိုက်(သီးခြားသတ် မှတ်ထားသည့် ခြံဝင်း)အတွင်း အဆောက်အဦးနှစ်ခုဆောက်လုပ်ပြီးစီး ခဲ့ပြီး အဆောက်အဦးသစ်ဆောက်လုပ်ပြီးစီးခြင်း နှင့် ဂေဟာသစ်ဖွင့်လှစ်ခြင်းအခမ်းအနားတစ်ခုကိုလည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်ဖိတ်တော်မူထားသည့် ဆရာတော်ကြီးများ၊ မြို့မိမြို့ဖများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ စာနယ်ဇင်းမီဒီယာများအပါအဝင် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ချိုတို့နှင့် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။
ဂေဟာဖွင့်လှစ်သည့်အခမ်းအနားမပြုလုပ်နိုင်ခင်အချိန်အထိဝေဒနာရှင်ကလေးငယ် (၁၂) ဦး ရှိခဲ့သည့် သုခရိပ်မြုံပရဟိတဂေဟာတွင် ယခုလက်ရှိစာရင်းအရ ကလေးငယ် (၁၅)ဦး ပြုစုစောင့်ရှောက်ထားသည် ဟုလည်း အမှုဆောင်အဖွဲ့အတွင်း ရေးမှူး ဆရာရွှေနောင်ရိုးကပြောသည်။
မူလရည်ရွယ်ထားသည့် ကလေးငယ်များအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အသိပညာသင်ကြားပေးရေးအဆောင်များ လတ်တလော ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သော်လည်း ပန်းဥယျဉ်အားကစားကွင်းတစ်ခုဆောက်လုပ်ရန်အတွက်ကိုတော့ ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပြီး မော်တော်ယာဉ်တစ်စီးကိုလည်း မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်း လူငယ်အားမာန် ပရဟိတအဖွဲ့က က ဇွန်လ ရ ရက်နေ့က လာရောက်လှူဒါန်းသွားသည်ကိုတွေရသည်။
လက်ရှိအနေအထားအရ ဝန်ထမ်း ရ ယောက်လောက်နဲ့စနစ်တကျပြုစုစောင့်ရှောက်သွားမှာပါ။ ဂေဟာတည်ရှိတဲ့နေရာဟာကျောင်း၊ ဆေးရုံရှိတဲ့နေရာနဲ့ အလှမ်းဝေးတဲ့အတွက် အခုလိုကားလှူဒါန်းတဲ့အလှူရှင်ပေါ်လာတာဝမ်းသာစရာပါ ကလေးတွေရဲ့ကျန်းမာရေးနဲ့ ကျောင်းပို့ကျောင်းကြိုလုပ်တဲ့ နေရာတွေမှာသုံးမှာပါ မော်တော်ယာဉ်ရရှိခဲ့သည်နှင့်ပတ်သက်ပြီး ရွှေနောင်ရိုးက ဝမ်းမြောက်ပီတိစကားဆိုသည်။
ကလေးငယ်များကျန်းမာရေးနှင့် ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက်ကို ဝန်ထမ်း ရ ဦးခန့်နှင့် အထူးဂရုပြုစောင့်ရှောက်ပေးနေသည့် ယင်းပရဟိတဂေဟာအတွက်မဟာအောင်မြေကျောက်မျက်လုပ်ငန်းရှင်များ ကျောက်ကုန်သည်ပွဲစားများ အစရှိသဖြင့် မြို့ခံပရဟိတစိတ်ထက်သန်သည့်အဖွဲ့အစည်းအသီးသီးတို့က အဝတ်အစားအသုံးအဆောင်မှအစလိုအပ် သမျှကိုတတ်နိုင် သည့်ဘက်မှထောက်ပံ့လျက်ရှိရာတစ်နေတာအတွက် အစာအာဟာရအလှူရှင်များလည်း ဆက်လက်လိုအပ်လျက် ရှိသည် ဟုသိရသည်။
ပညာသင်ကြားရေးကဏ္ဍနှင့် ပတ်သက်၍ကလေးငယ်များအသက်အရွယ်အလိုက်အခြေခံပညာကျောင်းများသို့ အပ်နှံသင် ကြားပေး သွားမည်ဖြစ်ပြီး ဂေဟာတာဝန်ရှိဝန်ထမ်းများကလည်း ကလေးငယ်များလိမ္မာယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်များကို နေ့စဉ်သင်ကြားပေးသွားမည်ဖြစ်သည်။
စတင်ဆောင်ရွက်ချိန်ကတည်းကချမှတ်ခဲ့သည့် မူဝါဒစည်းမျဉ်းစည်းကမ်းအတိုင်း အမိအဖနှစ်ဦးစလုံးမရှိတော့သည့် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကူးစက်ခံကလေးငယ်များ၊ အမိအဖတစ်ဦးဦးရှိသော် လည်း ဝေဒနာခံစားနေရခြင်းကြောင့်် ကလေးငယ်အား စောင့်ရှောက်ရန်အခြေအနေမရှိသည့် ကူးစက်ခံကလေးငယ်များနှင့် ပြုစုပျိုးထောင်ရန်လိုအပ်သည့် မိဘမဲ့မဟုတ်သည့် ဝေဒနာရှင်ကလေးငယ်များကိုအသက်အရွယ်အားဖြင့် တစ်နှစ်ခွဲမှ ၁၂ နှစ်အရွယ်အထိလက်ခံစောင့်ရှောက် ပေးသွားမည်ဖြစ်ပြီး ယင်းတို့အသက်ရှင်နေထိုင်နိုင်သမျှကာလအပိုင်းအခြားအတွင်း ကြင်နာမှုအပြည့်ဖြင့် စောင့်ရှောက် သွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်လည်းသတ်မှတ်ချက်နှင့်ပြည့်စုံသည့် ကူးစက်ခံရောဂါဝေဒနာရှင် ကလေးငယ်များ တိုးချဲ့လက်ခံသွားဖို့ အဆင်သင့်ရှိကြောင်းအတွင်းရေးမှူးဖြစ်သူ ဆရာရွှေနောင်ရိုးက ပြောသည်။
အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်ကလေးငယ်များအား ပြုစုစောင့်ရှောက်လျက်ရှိသည့် သုခရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ဆက်သွယ်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် တစ်နေတာအာဟာရ အတွက်အလှူငွေ သုံးသောင်းကျပ်နှင့်တစ်ကွ လိုအပ်မှုအစုစုတို့အတွက် အလုပ်အမှုဆောင်အဖွဲ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်း(ပန်းခြံ လမ်း) ဘုံပျံတောရ၊ မြဝတီမင်းကြီးကျောင်းတိုက်ဝင်း(ဖုန်း ဝ၉၄၀၂၅၇၀၆၈ရ ။ ဝ၉၄၀၂၅၇၀၆၈၈)နှင့် ဥက္ကဠဒေါက်တာ ဦးကိုလေး(ဖုန်း ဝ၉၂၀၀၁၉၆၄)။ အတွင်းရေးမှူး ဆရာရွှေနောင်ရိုး (ဖုန်း ဝ၉၄၃၀၁၃၀၆၁)တိုထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။ ဝ၀၉

Leave a Reply

Your email address will not be published.