ဖယ်ဒရယ်စစ်စစ်မှုဖြစ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိသင့်

ရန်ကုန်။ ဇူလိုင် ၁
ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများသာမက လူထုကပါ စိတ်ဝင်စားနေချိန်တွင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ယင်းတို့ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူ၍ သီးခြားရှိသင့်ကြောင်းနှင့် သို့မှသာ ဖက်ဒရယ်စနစ်ကိုအားပေးမည်ဖြစ်ကြောင်း ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့သည်၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်၊ ကရင်အမျိုးသားပါတီတွေပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(ယူအင်အေ) မှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ လက်တွဲခဲ့သောခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲက္ကချုပ် ဥက္ကဠဒေါ်အောင်ဆန်းစု ကြည် တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဇွန်လလယ်လောက်က ပထမဦးဆုံးအကြိမ်အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ ဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်ရန်လိုအပ်သောကြောင့် ယခုလည်းပြင်ဆင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
တဖန်အာဏရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့််ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဠဦးသူရရွှေမန်းကလည်း အမေရိကန်နိုင်ငံ ခရီးစဉ်၌ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘဲ အတူတကွပူးပေါင်းနေထိုင်ကာ မျှတခွဲဝေသုံးစွဲရေးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်လိုအပ်နေသည် ဟုအတိအလင်းပြောကြားခဲ့သလို။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း လိုအပ်သလိုပြင်ဆင်မှုများပြုလုပ်သွားမည်ဟု မီဒီယာများနှင့်တွေဆုံစဉ်ဖြေကြားခဲ့သည်၊
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးများအတွက် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားပါတီများ ပေါင်းစုံပါဝင်နိုင်မည့်ညီလာခံတစ်ခု ကျင်းပရေး ပြင်ဆင်နိုင်ရန် ငြိမ်းချမ်းရေး၊ ယုံကြည်မှုတည်ဆောက်ရေး ညီလာခံများခေါ်ယူကာ ပီအာရ်ခေါ်အချိုးကျကိုယ်စားပြုစနစ်။ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးများအတွက် ဆွေးနွေးခဲ့ကြသည်၊
ထိုကဲ့သို့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံနိုင်ငံရေးပါတီနှင့် အာဏာရပါတီ့ အကြီးအကဲများ အထူးစိတ်ဝင်စားပြောဆိုနေကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး (SNLD) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲက္ကချုပ်မှ အထွေထွေအတွင်း ရေးမှူး ဦးစိုင်းညွှန့်လွင် အားပဲ့တင်သံဂျာနယ်မှ ယင်းသဘောထားအမြင်များကို ဆက်သွယ်မေးမြန်းထားပါသည်။
ပင်လုံစာချုပ်နဲ၌ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကခွဲထွက်ချင်စိတ်မရှိအောင်လုပ်ဖို့က တို့တစ်တွေရဲ့တာဝန်ဖြစ်တယ်လို့ပြောခဲ့တယ်လို့ အန်ကယ်ရေးသားဖူးတယ်၊ အခု ဖွဲစည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ကနေ ဘယ်တော့မှခွဲမထွက်ဘူးဆိုတာ ပါလာတယ်၊ ဒီတော့ အန်ကယ်တိုအနေနဲ့ခွဲမထွက်ချင်လောက်အောင်ဘယ်လိုအခင်းအကျင်းတွေလိုမလဲပြောပြပေးပါ။
အဲဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်လို မှတ်တမ်းမှတ်ရာတွေမှာရှိပါတယ်၊ ဒါကိုပြန်ပြောရတာက ပင်လုံစိတ်ဓာတ် ကိုမမေ့ဖို့ပါ၊ အခုအခါ ပြည်ထောင်စုကိစ္စပြောရင်တော်တော်များများကပင်လုံစိတ်ဓာတ်အခြေခံကိုမေ့ထားကြလိုပါ။ ဘယ်တော့မှခွဲမထွက်ရဆိုတာကိုဝန်ခံလက်မှတ်ထိုးခိုင်းတာတွေရှိတယ်။ ကိစ္စမရှိပါဘူး။ နဂိုကလည်းခွဲထွက်ဖို့မရှိတော့ လက်မှတ် ထိုးတာဟာပြသနာမဟုတ်ပါဘူး။ တစ်ခုစိတ်ထဲမကောင်းတာက နဂိုထဲက ခွဲထွက်ဖိုမရှိခဲ့ဘူး၊ ပြည်ထောင်စုကြီးထဲပေါင်းဝင်ခဲ့လို အခုလိုပြည်ထောင်စုကြီးဖြစ်လာခဲ့တယ်။ ဟောနောက်ကျတော့မှခွဲထွက်မယ့် အန္တရာယ်ကြောင့် အာဏသိမ်းရ တယ် ဆိုပြီးပြောတယ်။ တစ်လောကလုံးမှာလည်း နိုင်ငံသားအားလုံးက တကယ်ထင်သွားအောင်လိမ်ခဲ့တယ်၊ အခုအခါမှာတော့ ဒါမဟုတ်ဘူးဆိုတာ နိုင်ငံရေးသမားလောကမှာ အားလုံးသိသွားကြပြီ။ လွှတ်တော်ဥက္ကဠကိုယ်တိုင်လည်း ဖက်ဒရယ် ပြည်ထောင်စု ကိုတည်ထောင်သင့်တယ်၊ ဖက်ဒရယ်ဆိုတာခွဲထွက်ခြင်း မဟုတ်ဘူးလို၌ အမေရိကမှာပြောနေပြီ။ အဲဒီတော့ ဘယ်တော့မှခွဲမထွက်ပါဘူးဆိုတာကို လက်မှတ်ထိုးဝန်ခံနေရတာကိုက ကျွန်တော့််စိတ်ထဲမှာ အရင်တစ်ချိန်တုန်းက အမှန် တကယ်ခွဲထွက်ဖို့ကြိုးစားခဲ့လို့ ခုခါမှာ နောင်တရပြီး မလုပ်တော့ပါဘူးလို ဝန်ခံကတိပြုလက်မှတ်ထိုးရသလိုခံစားရတယ်။ ခင်ဗျားတို၌စဉ်းစား ကြည့်ပေါ့ လက်မှတ်ထိုးရတာလည်း တစ်ဖက်တည်းကဝန်ခံထိုးရတာ တစ်ခြားတစ်ဖက်ကခွဲမထွက်ချင်အောင် ကျွန်တော်တို့ဘာတွေ လုပ်ထားပါတယ်ဆိုတဲ့ အပြန်အလှန်ကတိကဝတ်ပြုတာမျိုး လုံးဝမရှိဘူး နှစ်ဦးနှစ်ဖက်သဘော တူညီမှုဆိုရင် နှစ်ဖက်စလုံးကတာဝန်ယူ မှုဆိုတာရှိကိုရှိရမယ်၊ တစ်ဖက်တည်းကိုဝန်ခံထိုးခိုင်းနေတာကတော့ သိပ်မဟန်လှဘူးလို့ထင်တယ။ ဒတွေက အင်မတန်မှ သိမ်မွေ့တဲ့သတိထားရမယ့်အချက်တွေပါ။ ကျွန်တော်တို့ ပြောနေတဲ့ တန်းတူ ညီမျှရေးဆိုတာကလည်း ရှင်းရှင်းလေးပါ၊ နိုင်ငံသားတိုင်းရနေတဲ့အခွင့်အရေးမျိုးကို လူတိုင်းတန်းတူရစေချင်တာပါ၊ တိုင်းရင်းသားတွေကတောင်းနေလို တိုင်းရင်းသားတွေပိုရဖို မဟုတ်ပါဘူး။ ပိုလည်းမလိုချင်သလို။ လျော့ပြီးလည်း မလိုချင်ပါဘူး၊ ကိုယ်ပိုငဌာန်းခွင့်ဆိုတာလည်း ရှမ်းပြည်တစ်ခုတည်း ရဖိုမဟုတ်ပါဘူး၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ အားလုံးကပါကြရမှာပါ။ ဗဟိုချုပ်ကိုင်မှု တွေနဲ့နှစ်ပေါင်းများစွာနေလာခဲ့ပြီး ဘာမှတိုးတက်မှုမှမရှိခဲ့ဘူး။ အဲဒါကိုပြင်ဖို့ လိုတယ။ အရှေ့မှာ ပင်လုံစိတ်ဓာတ်ဆိုတာကိုပြောခဲ့တယ်။ တကယ်တော့ ပင်လုံစိတ်ဓာတ်ဆိုတာ ပေါင်းစည်းရေးကို မျက်ခြေ မပြတ်ဖို့အမြဲနှလုံးသွင်း ရမယ့်အချက်ပါ။ လွတ်လပ်ရေးရတာနှစ်ပေါင်းကြာနေပြီ မြန်မာပြည်မတိုးတက်ဘူး ဆင်းရဲတယ်လို့ပြောတယ်၊ တကယ်ဆိုရင် ပြည်နယ်တွေမှာ ပိုပြီးဆင်းရဲတဲ့အပြင်ခေတ်တောင်နောက်ကျနေပါသေးတယ်၊ မြို့ပေါ်ကိုပဲ ကြည့််ပါနဲ့၊ လူများစုနေထိုင်တဲ့တောရွာတွေကို ကြည့််မှသိနိုင်မှာပါ။ ပြည်ပမှာဆို စက်ရုံအလုပ်ရုံမှာ လုပ်ကိုင်တဲ့အလုပ်သမား။ လူတန်းစားဆိုတာ ရှိပေမယ့် ပြည်နယ်တွေမှာတော့ အလုပ်သမားလူတန်းစားဆိုတာ တော်တော့်ကိုရှားရှားပါးပါးပါပဲ။ ခင်ဗျားက ခွဲမထွက်ချင်အောင်ဘာလိုသလဲလိုမေးတယ်၊ ကျွန်တော်သိသလောက် ဆိုခွဲထွက်ဖိုအခုမရှိဘူး၊ အရင်ကလည်း မရှိဘူး၊ ခွဲထွက်လို၌လည်းမရနိုင်ဘူး။ မဖြစ်နိုင်ဘူး။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုထဲမှာပဲ ဆက်ရှိနေမှာပါပဲ။ အဲလိုရှိနေတဲ့ အချိန်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိဖို့ တန်းတူတဲ့အခွင့်အရေးတွေရှိဖိုပဲ အဓိကအရေးကြီး ပါတယ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရားသဖြင့်သိမ်းပိုက်မှုတွေ ၊ ရက်စက်မှုတွေမရှိစေချင်ပါဘူး။
တိုင်းရင်းသားလူမျိုးစုတွေ ၊ လက်နက်ကိုင်အင်အားစုတွေ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေတဲ့အချက်တွေထဲမှာ ဘုံတူညီချက်အဖြစ် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်နေတာကိုတွေရတယ်။ အဲလို ဘုံသဘောတူညီချက်လည်း ရနေပြီ ဆိုတော့ အဲဒီဘုံသဘောတူညီချက်ပန်းတိုင်ရောက်ရေးအတွက် တိုင်းရင်းသားတွေရော ၊ လက်နက်ကိုင်အင်အားစုတွေရော ဘယ်လိုထိရောက်တဲ့လုပ်ဆောင်မှုပြုလုပ်သွားမည်လဲ။
တိုင်းရင်းသားလူမျိုးစုတွေကတော့ ဘဝတူတွေမို့သဘောတူအောင် ညှိနှိုင်းရတာလွယ်ပါတယ်။ ပြည်မဖြစ်တဲ့တိုင်းဒေသကြီးတွေက နိုင်ငံရေးသမားတွေနဲ၌ အုပ်ချုပ်သူလူတန်းစားတွေကို ရှင်းပြရတာအတော်ကို လက်ဝင်ပါတယ်။ ရေဒီယိုတိုက်ရိုက် ဆွေးနွေးခန်းတစ်ခုမှာ ဦးသုဝေက ဗမာမုန်းတီးရေးတွေလုပ်နေတယ်လို၌တောင် စွပ်စွဲတယ်ကြားရတယ်၊ နှစ်ပေါင်းများစွာ မျက်စိပိတ်၊ နားပိတ်ပြီး သမိုင်းအမှားကြီးကို အမှန်လုပ်ထားခဲ့တဲ့ဒဏ်ကအခုထိမပျောက်သေးပါဘူး။ အတော်များများကတော့ ခုချိန်မှာ သဘောပေါက်လက်ခံလာပါတယ်။ ထောက်ခံမှုတွေလည်း စိတ်စေတနာအမှန်နဲ ပေးနေပါတယ်။ ခင်ဗျားပြောတဲ့ထိရောက်တဲ့ လုပ်ဆောင်မှုဆိုတာတော့သေသေချာချာမပြောတတ်ဘူး။ ကျွန်တော်အမြင်ကတော့ မြန်မာ့နိုင်ငံရေးလောကမှာ ပြည်ထောင်စုတစ်ဝှမ်းလုံးတန်းတူရေးနဲ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိဖို့ လိုတယ်ဆိုတာကို နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ၊ နားလည်သဘောပေါက် လက်ခံလာအောင်ဆောင်ရွက်ဖို့လိုတယ်လို့ ထင်ပါတယ်။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့အကြောင်း၊ အဓိပါယ်ရှိတဲ့အကြောင်း နားလည်အောင်ရှင်းပြဖို့ လိုပါတယ်။ တစ်ချို့ကရှင်းပြတာကိုနားမထောင်ဘူး။ သူတို့သိတာ တတ်တာကိုပဲပြောနေတယ်။ သူတိုထင်တာကိုပဲပြောနေတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကိုမေ့ထားလိုက်တယ်၊ ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းတော့ ကြိုးပမ်းသွားရမှာပေါ့၊
၂၀၀၈ ဖွဲ့စည်းပုံမှာကတော့ ပြည်နယ်တွေကို သတ်မှတ်အာဏာပေးထားပြီး ကျန်အာဏာကို ပြည်ထောင်စုအစိုးရက ရယူထားလို့ပြောင်းပြန်ဖြစ်နေတယ်လို့ဆိုကြတယ် အဲဒီတော့ အာဏာခွဲဝေမှုဟန်ချက်ညီအောင် ၂၀၀၈ ဥပဒေကို ပြည်မတောင်တန်း တန်းတမှုရှိအောင် ဘယ်လိုအချက်တွေကို အဓိကပြင်ချင်တာလဲ၊ ဆိုတာလေးပြောပြပေးပါ။
တန်းတူတဲ့ပြည်ထောင်စု တနည်းအားဖြင့်စစ်မှန်တဲ့ပြည်ထောင်စုဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ သူ့အခြေခံဥပဒေနဲ့ သူရှိရပါမယ်။ ကြွင်းကျန်အာဏာကိုလည်း ကျင့်သုံးနိုင်ခွင့်ရှိရပါမယ်။ အားလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုအစိုးရမှာတော့ သတ်မှတ်အာဏာကိုကျင့်သုံးရပါမယ်၊ ဥပမာ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ စာတိုက်ကြေးနန်း၊ တပ်မတော်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေအားလုံးနဲ့ဆိုင်တဲ့ဘုံအလုပ်တွေကို ပြည်ထောင်စုအစိုးရကတာဝန်ယူဆောင်ရွက်သွားတယ်၊ အချို့ကတော့ ခင်ဗျားတို့တွေချည်းပြောနေရင်ခက်မယ် မဖြစ်နိုင်ဘူးလိုဆိုတာလည်းရှိပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့ တိုင်းပြည်မှာ အရေး တ ကြီးလိုအပ်ချက်တွေထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကလည်း အဓိကလိုအပ်ချက်ဖြစ်နေတယ်၊ အေး ချမ်းသာယာတဲ့ ပြည်ထောင်စု။ ငြိမ်းချမ်းမှုနဲ့ပြည့်စုံတဲ့ပြည်ထောင်စု။ ခေတ်မှီဖွံဖြိုးတိုးတက်တဲ့ပြည်ထောင်စု ဒါတွေကိုမျှော်လင့်ထားရင်တော့ အားလုံးနဲသဘောတူမှုမရရအောင်တော့ ညှိုနှိုင်းဖြစ်ပါတယ်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ကိုပင် ဖျက်သိမ်းရန်ဆွေးနွေးမ၍ကို စဉ်းစားနေပြီဖြစ် ကြောင်းသိရှိရပါသည်၊ ထိုအရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့်နိုင်ငံရေးအဖွဲ့အစည်းများအတွက် လွန်စွာစိတ်ဝင်စားဖွယ်ဖြစ်နေပါသည။ ဦးစိုင်း ဖယ်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပေါ်အမြင်ကို ယခုထပ်ပိုသိရန်လိုပါသေးသည်၊
၀၁၀

Leave a Reply

Your email address will not be published.