ဟီလာရီ၏အိမ်ဖြူတော်အိပ်မက်များကို ဖျက်ဆီးလိုက်သည့် အီးမေးလ်များ

ဟီလာရီ၏ လျှို့ဝှက်အီးမေးလ်စာများသည် သူ၏နိုင်ငံရေးရည်မှန်းချက်ကို ဖော်ပြထားပြီး ထိတ်လန့်တုန် လှုပ်ဖွယ်ကောင်းသော လျှို့ဝှက်ချက်များ ပါဝင်သဖြင့် ယင်းစာများကို ဖော်ထုတ်လိုက်နိုင်ခြင်းက အမေရိကန် ပြည်ထောင်စုတွင် ပထမဦးဆုံး သော အမျိုးသမီးသမ္မတဖြစ်လာရေးအိပ်မက်ကို ဒုံးခွင်းကျည်နှင့်ပစ်လိုက်ဘိ သကဲ့သို့ ဖြစ်သွားရသည်ဟု ၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် Globe စာစောင်က ဖော်ပြလိုက်သည်။

ဟီလာရီ၏ စာမျက်နှာပေါင်း ၅၅၀ဝ၀ ခန့်ရှိသည့် အီးမေးလ်များကို စစ်ဆေးကြည့်ရာတွင် အများပြည်သူအား ထိခိုက်စေမည့် လျှို့ဝှက်စာအများ အပြားပါဝင်သည်ဟု ဆိုသည်။ သို့ရာတွင် အတွင်းသိများက သူသည် အရေးကြီးအီးမေးလ်အချို့ကို ဖျောက်ဖျက်ပစ်လိုက်ပြီဟု ဆို၏။

– သူသည် အကြမ်းဖက်သမားတစ်ဦးနှင့် နီးနီးစပ်စပ် ဆက်သွယ်မှု ရှိနေသည်ဟုဆိုသည်။

– အကြမ်းဖက်သမားများအား ထောက်ပံ့နေသည့်အဖွဲ့အစည်းတစ်ခုမှ ငွေကြေးထောက်ပံ့မှုကို ရယူခဲ့သည်ဟု ဆိုသည်။

– အမေရိကန်နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ပျက်ပြားစေနိုင်သော နိုင်ငံတော်လုံခြုံရေး လျှို့ ဝှက်ချက်များကို အကြမ်းဖက်သမားများထံသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် hdr22@clintonemail. com ၌ ယောကျာ်းတစ်ဦးနှင့်ချစ်ကြိုးသွယ်သည့်စာများ ပါဝင်သည့်အပြင် ဘီလ်ကလင်တန်နှင့် သူ၏အိမ်ထောင်ရေးမှာ ဟန်ဆောင်အိမ်ထောင်ရေးသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရ သည်။

ဝါရှင်တန်အစိုးရ အထက်တန်း အရာရှိတစ်ဦးက ပြောကြားရာတွင် “ဟီလာရီအနေနဲ့ အကြမ်းဖက်သမားနဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ အိမ်ဖြူတော်နဲ့ ဝေးသွားပါပြီ။ ဒါ့အပြင် တခြား အချက်အလက်ပေါင်းများစွာလည်း ရှိပါသေးတယ်”ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားရာ၌ “သူဟာ အမေရိကန်ပြည်သူလူထုကို လိမ်ညာနေတဲ့မိန်းမ တစ်ယောက်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုဆိုတဲ့ စကားလုံးက သူနဲ့ ထိုက်တန်တဲ့စကားလုံးမဟုတ်ပါဘူး။ တကယ်တော့ သူဟာ ဘယ်သူမှယုံကြည်ဖို့ မထိုက်တဲ့ မိန်းမတစ်ယောက်ပါ”ဟုလည်း ဆိုသည်။

ဟီလာရီသည် အစိုးရအဖွဲ့၏ အကောင့်ကိုမသုံးဘဲ လျှို့ဝှက်စွာ ကိုယ်ပိုင်ကွန်ပျူတာဖြင့် နယူးယောက်နေအိမ်တွင် အီးမေးလ် ကို သုံးစွဲခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကာလက သမ္မတ အိုဘားမားက သူ့ကို ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးထားချိန်ဖြစ် သည်။

ပြည်ထဲရေးဝန်ကြီး ရာထူးဆက်ခံထားသဖြင့် သူ့အီးမေးလ်များမှာ လုံခြုံမှု ရရှိနေသည်။ သူ့အီးမေးလ်များကို ဘာကြောင့် လျှို့ဝှက်ထားလိုသည်ဆိုသည်မှာ ရှင်းလင်းနေသည်။ အချို့စာများအရ သူသည် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီနှင့် နှစ်ရှည်လများ ရင်းနှီးခဲ့သူ ဖြစ်ကြောင်း သိရသည်။ မိုဟာမက်မော်စီက ကလင်တန်စပွန်ဆာပေးသော ၂၀၁၂ ခုနှစ်က ကျင်းပသည့် Think Tank ဆွေးနွေးပွဲ၌ စကားပြောခွင့်ရခဲ့သည်။ မော်စီသည် အကြမ်းဖက်သမားတစ်ဦးဖြစ်သည်ဟု အများ က ယုံကြည် ကြသည်။

အတွင်းလူတစ်ဦးက “မော်စီဟာ အီဂျစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လျှို့ဝှက်ထောက်လှမ်းမှုတွေကို အမိန့် ပေးခဲ့သူဖြစ်တာကြောင့် သေဒဏ်ကျခံဖွယ်ရာ ရှိတယ်”ဟု ဆိုသည်။

မော်စီ၏ဇနီးဖြစ်သူ နာဂလာ မာမွတ်က သူတို့ဇနီးမောင်နှံသည် ကလင်တန်ဇနီးမောင်နှံတို့နှင့် ၁၉၈၀ ခုနှစ်များကတည်းက ရင်းနှီးခဲ့ကြသူများဖြစ်သည်ဟု ဝန်ခံထားသည်။

နာဂလာက “ကျွန်မတို့ ပြောသမျှ ဆိုသမျှတွေကို အသံသွင်းမှတ်တမ်းတင်ထားတာကြောင့် ဟီလာရီက ကျွန်မကိုတော့ တော်တော်ကြောက်တယ်”ဟုလည်း ဆိုသည်။ လျှို့ဝှက်စာအချို့ကို ရရှိထားသူတစ်ဦးက ထိုစာများ၏ အဓိကသော့ချက်မှာ ငွေပင် ဖြစ်သည်ဟု ဆို၏။

အတွင်းသိတစ်ဦးက ပြောပြရာတွင် ဟီလာရီ၏အီးမေးလ်များအရ ခင်ပွန်းသည် ကလင်တန် ထူထောင်ထားသော ကလင်တန်မိသားစုဖောင်ဒေးရှင်းမှာ အများက ထင်ထားသကဲ့ သို့ ပြည်ပသူဌေးသြွူကယ်များထံမှ ဒေါ်လာသန်းပေါင်း များစွာအလှူငွေများ လက်ခံရရှိထားသည်မဟုတ်ကြောင်းလည်းသိရသည်။ ဆော်ဒီအာရေဗီးယားပင်လျှင် အလှူငွေ ထည့်ဝင်ထားခြင်းမရှိပေ။ အလှူငွေထည့်ဝင်မည်ဟု ကတိပေးထားကြသူများက နောင်တွင် ဟီလာရီ သမ္မတဖြစ်လာသည့်အခါ အခွင့်အရေးရရှိစေရန်အတွက် ကတိပေးထားကြခြင်းဖြစ်မည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်နေသူ ဟီလာရီသည် အကြမ်းဖက် သမားများနှင့် ဆက်သွယ်မှုရှိသော သူဌေး သြွူကယ်များနှင့် ပတ်သက်လျက်ရှိသည်။

“ဆော်ဒီအာရေဗီးယားမှာရှိတဲ့ ထင်ရှားတဲ့အလှူရှင်တွေဆိုတာက ကမ္ဘာမှာရှိတဲ့အကြမ်းဖက်သမားတွေကို ထောက်ပံ့ ထားကြသူများ ဖြစ်တယ်”ဟုလည်း နာဂလာက ဆိုသည်။

National ဂျာနယ်မှ ရွန်ဖိုးနီး ယားက “ဟီလာရီရဲ့အပြုအမူတွေဟာ တော်တော်ယုတ်မာမိုက်မဲ တဲ့အပြုအမူတွေပဲ”ဟု သုံးသပ်သည်။

အတွင်းသိတစ်ဦးကမူ လျှို့ဝှက်အီးမေးလ်များကို ဖော်ထုတ်လိုက်နိုင်ခြင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ဟီလာရီ ၏ဘဝကို ဖွင့်ပြလိုက်ခြင်းဖြစ်ပြီး သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် အိမ်ထောင်ရေး မှာလည်း အတုအယောင်သာဖြစ် ကြောင်း သိလိုက်နိုင်သည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ သူတို့နှစ်ဦး သီးခြားစီနေထိုင်ကြပြီး ဟီလာရီက ယောကျာ်းတစ်ဦး နှင့် ချစ်သူများ ဖြစ်နေကြသည်ဟု ဆိုသည်။

နောက်တစ်ဦးကလည်း “သူ့ရည်းစားစာတွေက တဖွဲ့တနွဲ့ ရေးထားတာ။ သူ့ရည်းစား ဘယ်သူဆိုတာ မသိရအောင် ဖုံးဖုံးဖိဖိ ထားနိုင်တယ်။ သူတို့နှစ်ယောက် သီးခြားကမ္ဘာထဲမှာ နေကြတာကို ဘယ်သူမှမသိနိုင်ခဲ့ဘူး။ သူ့စာတွေကို ဖတ်ကြည့်ရင် သူတို့နှစ်ယောက်က စားသောက်ဆိုင်တွေဘာတွေကို သွားခဲပြီး ပြည်ပနိုင်ငံသို့လည်း အတူခရီးထွက်ခဲတယ်ဆိုတာ တွေ့ရ တယ်။ ဘာကြောင့်လဲဆိုတော့ ဟီလာရီ ခရီးသွားမယ်ဆိုရင် အစိုးရလေယာဉ်နဲ့ သွားရမယ်။ အစိုးရလေယာဉ်ဆိုတာက ဘာမှလျှို့ဝှက်ထားလို့မရအောင် အကုန်လုံးကို မှတ်တမ်းတင်နေတာဖြစ်လို့ သူတို့ ခရီးမသွားကြတာ။ ဒါပေမဲ့ သူတို့စာတွေ အရတော့ တော်တော်ချစ်ကြတာပဲ”ဟု ဆိုသည်။

စာများအရ ဟီလာရီနှင့်ကလင်တန်တို့၏အိမ်ထောင်ရေးမှာ အတုအယောင်သာဖြစ်သည်ကို သိရသည်။ ဟီလာရီက ရေးသား သော စာများတွင် ကလင်တန်နှင့်သူ၏အိမ်ထောင်ရေးမှာ အလုပ်သဘောအရ ဆက်ဆံနေကြခြင်းသာဖြစ်ကြောင်း ဝန်ခံထား ခဲ့သည်။ ဆက်လက်ပေါင်းသင်းနေခြင်းမှာ ရွေးကောက်ပွဲအတွက် ကလင်တန်သည် အထောက်အကူပြုနိုင်ခြင်းကြောင့် သမ္မတဖြစ်ရေးအတွက် အသုံးချနေခြင်းသာဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ဟီလာရီသည် ကလင်တန်အား ကွာရှင်း ပြတ်စဲမည် မဟုတ်ချေ။

ဇာနည်ညိမ်း

Ref:Globe,Mar 24,2015.

Leave a Reply

Your email address will not be published. Required fields are marked *