လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ရုရှားသမ္မတ ပူတင် ၁၀ ရက်အကြာတွင် အခမ်းအနားတစ်ခု၌ ပြန်လည်ထွက်ပေါ်လာခဲ့

မတ် ၁၆

မတ်လ ၅ ရက်နေ့မှစတင်၍ လူထုပရိသတ်မြင်ကွင်းမှ ဆယ်ရက်တိုင် ပျောက်ကွယ်နေခဲ့သော အသက် ၆၂ နှစ်အရွယ်ရှိ ရုရှား သမ္မတ Vladimir Putin သည် ရုရှားနိုင်ငံ၏ ဒုတိယမြို့တော် St.Peters- burg မြို့ရှိ Constantine Palace နန်းတော်၌ မတ်လ ၁၆ ရက်နေ့က ကာဂျစ်သမ္မတ Almazbek Atam- bayev အား လက်ခံတွေ့ဆုံသည့် အခမ်းအနားတစ်ရပ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး သမ္မတနှစ်ဦး တွေ့ဆုံသည့်အခမ်း အနားကို နိုင်ငံပိုင် ရုပ်/ သံဌာနက အသံမပါသော ဗီဒီယိုအကျဉ်းပြကွက်များဖြင့် ထုတ်လွှင့်သွားခဲ့သည်။

သမ္မတ ပူတင် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ကျန်းမာရေးအခြေအနေကြောင့်လော၊ ရုတ်တရက် သေဆုံးသွားခဲ့၍လော၊ အာဏာအသိမ်းခံရ၍လော၊ ဇနီးသည် မျက်နှာမြင်၍လောဟု သို့လော၊ သို့လော အတွေးစကားများစွာ ပေါ်ထွက်လာခဲ့သော် လည်း ရုပ်/သံသတင်းတွင် တွေ့ရှိရသော သမ္မတပူတင်မှာ ရွှင်ပျစွာနှင့် သက်သောင့်သက်သာရှိနေသည်ကို မြင်တွေ့ကြရပြီး လူထုမြင်ကွင်းမှ ပျောက်ကွယ်နေချိန် ထွက်ပေါ်လာသော သတင်းစကားများနှင့် စပ်လျဉ်း၍ ဘဝဟူသည် အတင်းအဖျင်း စကားများ မပါရှိပါ က ပျင်းရိဖွယ်ဖြစ်မည်ဟု ပူတင်က ရယ်မောပြောကြားသွားခဲ့သည်။

ကာဂျစ်သမ္မတ Atambayev ကလည်း သမ္မတပူတင်သည် တွေ့ဆုံပွဲမစတင်မီ နန်းတော်အတွင်း မိနစ်နှယ်ဆယ်ခန့် မော်တော်ယာဉ် မောင်းနှင်၍ လှည့်လည်ပြသခဲ့ကြောင်း၊ သမ္မတ ပူတင်၏ ကျန်းမာရေးအနေအထား ကောင်းမွန်လျက် ရှိသည်ဟု မိမိအတည်ပြုနိုင်ပါကြောင်း ပြောကြားသွားခဲ့သည်ဟု သတင်းထောက်တို့က ကိုးကားဖော်ပြခဲ့သည်။

သမ္မတ ပူတင်သည် မတ်လ ၅ ရက်နေ့က အီတလီဝန်ကြီးချုပ် Matteo Renzi နှင့် တွေ့ဆုံခဲ့ပြီးချိန်မှစ၍ လူထုပရိသတ် မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ကာဇက်စတန်နိုင်ငံသို့ မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် သွားရောက်ရမည့်ခရီးစဉ်နှင့် South Ossetia နိုင်ငံနှင့် သဘောတူစာချုပ် လက်မှတ်ရေး ထိုးရမည့်အခမ်းအနား အပါအဝင် ကြိုတင်စီစဉ်ထားသော အစီအစဉ်များကို ပယ်ဖျက်ခဲ့သည်။

သမ္မတ ပူတင် ပျောက်ဆုံးနေမှုနှင့် စပ်လျဉ်း၍ ကောလာဟလ စကားများ အရှိန်မြင့်တက်လာပြီး Twitter စာမျက်နှာ ထက်တွင် # Putinumer (# Putinisdead) အမည်ဖြင့် စာမျက်နှာတစ်ရပ်ပင် ထွက်ပေါ်လာသဖြင့် ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Dmitry Peskov က တုံ့ပြန်ဖြေရှင်းပေးနေခဲ့ရပြီး ထိုစကားများမှာ “မတ်လ အရူးထမှု” များသာဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားခဲ့သည်။

ကာဂျစ်သမ္မတနှင့် တွေ့ဆုံသည့် သတင်းထုတ်လွှင့်ခဲ့ပြီးနောက် Peskov က စစ်ဗိုလ်ချုပ်တစ်ဦး၏ ဖမ်းဆီးမှုခံထားရသော လေဖြတ်နေသည့် သမ္မတအား ကလေးမျက်နှာမြင်ရာ ဆွစ်ဇာလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ကြရပြီဟုတ်၊ မဟုတ် သတင်းထောက်များအား အငေါ်အတူး ပြောကြားသွားခဲ့လေသည်။

ဝ၂၇၊ BBC News

Leave a Reply

Your email address will not be published. Required fields are marked *