ကေတီပယ်ရီ၏ အယ်လ်ဘမ် Billboard 200 စံချိန်တင်

မတ်လ ၇

အဆိုတော် Katy Perry ၏ Teenage Dream အမည်ရ ၂၀၁၀ ပြည့်နှစ်ထုတ် အယ်လ်ဘမ်သည် Billboard 200 အရောင်းဇယား၏ မတ်လ ၁၄ ရက်နေ့ စာရင်းပိတ်သိမ်းမည့်ဇယားတွင် အဆင့် ၉၀ မှ ၁၂၆ သို့ လျော့ဆင်းသွားသော်လည်း Billboard 200 အရောင်းဇယားတွင် သီတင်းပတ်ပေါင်း ၂၀ဝ အထိ ရပ်တည်နိုင်ခဲ့သော အယ်လ်ဘမ်တစ်ချပ်အဖြစ် မှတ်တမ်းဝင်ခဲ့ ပြီဖြစ်သည်။

Teenage Dreamသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်ထုတ်ဝေစဉ်က Billboard 200 ၏ အဆင့် ၁ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ် မေလ ၂၅ ရက်နောက်ပိုင်းမှ စတင်သော Nielsen Music စစ်တမ်းများအရ Billboard 200 ဇယားချပ်တွင် သီတင်းပတ် ၂၀ဝ အထိ ရပ်တည်နိုင်ခဲ့သော ၂၅ ချပ်မြောက် အယ်လ်ဘမ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Nielsen စာရင်းစစ်တမ်းများ ကောက်ယူခြင်းမပြုမီအချိန်က အရောင်းစာရင်းများကို ထည့်သွင်းတွက်ချက်ပါက Caro-le King ၏ Tapestry, Pink Floyd The Dark Side of the Moon ၊ Johnny Mathis ၏ Johnny’s Greatest Hits စသော အယ်လ်ဘမ်များနှင့် အခြားအယ်လ်ဘမ်အချို့သည်လည်း Billboard 200 စာရင်းတွင် သီတင်းအပတ် ၂၀ဝ ကျော် ရပ်တည်နိုင်ခဲ့သော အယ်လ်ဘမ်များအဖြစ် စာရင်းဝင်မည်ဖြစ်သည်။

Teenage Dream သည် Katy Perry ၏ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်ပြီး မတ်လ ၁ ရက်နေ့ စာရင်းပိတ်သော သီတင်းပတ်တွင် ရောင်းအား ချပ်ရေ ၂.၉၇ သန်းအထိ ရှိပြီဖြစ်သည်။ ထို့အပြင် Teenage Dream သည် Billboard Hot 100 အရောင်းဇယားချပ်တွင် ဆင်ဂဲလ်ငါးပုဒ်အထိ စာရင်းဝင်ခဲ့သော ဒုတိယမြောက် အယ်လ်ဘမ်လည်းဖြစ်သည်။ အယ်လ်ဘမ်တစ်ခုတည်းမှ ဆင်ဂဲလ်ငါးပုဒ်အထိ Billboard Hot 100 စာရင်းတွင် ဝင်ခဲ့သော ပထမဆုံးအယ်လ်ဘမ်မှာ Michael Jackson ၏ Bad ဖြစ်သည်

ဝ၂၇ Billboard.com

Leave a Reply

Your email address will not be published.