ငယ်ရွယ်သူများတွင် ဆီးချိုဖြစ်ပွားမှု တိုးမြင့်လျက်ရှိဟု ပြောကြား နောက်ဆက်တွဲရောဂါများကို သတိပြုရန် ဆရာဝန်များက သတိပေး

မတ် ၉

ဆီးချိုအမျိုးအစား နှစ်မျိုးရှိသည့်အနက် ကလေးများတွင်ဖြစ်သော ဆီးချိုအမျိုးအစား(၁)ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားလျက်ရှိကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။

နောက်ဆက်တွဲ ဆိုးကျိုးများတွင် ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံ ချို့ယွင်းလာခြင်း၊ အာရုံကြော ထိခိုက်ခြင်းတို့ ပါဝင် ပြီး အသက် ၂၅ နှစ်အောက် ဆီးချိုဖြစ်နှုန်းမှာ ယမန်နှစ်များနှင့်ယှဉ်လျှင် အင်္ဂလန်နှင့် ဝေလပြည်နယ်တွင် ဦးရေ ၁ဝ၀ဝ ထိ မြင့်တက်လာခဲ့သည်။ သို့သော် ယင်းအုပ်စုတွင် သွေးထဲမှ သကြားပမာဏကို ထိန်းသိမ်းမှု တိုးတက်လာကြောင်း တွေ့ရသည်။ ဆီးချိုအမျိုးအစား နှစ်မျိုးရှိသည့်အနက် ပထမတစ်မျိုးသည် ခန္ဓာကိုယ်ခုခံအားစနစ်မှ မုန့်ချိုအိတ်ကို တိုက်ခိုက်ကာ အင်ဆူ လင်ဟော်မုန်းထုတ်သောဖြစ်စဉ်ကို တားမြစ်ခြင်းကြောင့်ဖြစ်ပြီး ကျန်အမျိုးအစားမှာ လူနေမှုစနစ်နှင့် ဆက်စပ်နေသည်။ ၂၀၁၂-၂၀၁၃ တွင် ကလေးဆီးချိုဖြစ်နှုန်းမှာ ၂၅၂၂၁ ဦးရှိပြီး ၂၀၁၄ တွင် ၂၆၈၆၇ ဦးထိ မြင့်တက်လာခဲ့ သည်။ ထိုထဲမှ ၁၆% သည်သာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကလေးကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။ ယင်းအနက် ၂၇% သည် သွေးတိုးရောဂါကြောင့် နောက်ပိုင်းတွင် နှလုံးရောဂါဖြစ်နိုင်သည့် အလားအလာရှိနေပြီး ၇% မှာ ကျောက်ကပ် ရောဂါ ဖြစ်လာနိုင်ဖွယ်ရှိကာ ၁၄% တွင် အမြင်အာရုံ ချို့ယွင်းလာနိုင်ကြောင်း တွေ့ရှိရသည်။ ထိုထဲမှ ၂၅% မှာ အဝလွန်ရောဂါ ဖြစ်နေသည်။ ကလေးများသည် ၄င်းတို့ အသက် ၁၈ နှစ် မတိုင်မီတွင်ပင် မျက်စိရောဂါ ဖြစ်ပွားနေကြောင်း ယူကေဆီးချိုဌာနမှ Barbara Young က ဆိုသည်။ ကလေးများတွင် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားခြင်းကြောင့် အမျိုးသားကျန်းမာ ရေးဌာနအနေဖြင့် ယခင်ကထက်ပို၍ ဂရုစိုက်သင့်ကြောင်း ၄င်းက တိုက်တွန်းထားသည်။ ဆီးချိုရောဂါ အမျိုးအစား(၁) သည် ကလေးများတွင် အဖြစ်များပြီး အင်္ဂလန်နှင့်ဝေလ၏ ဝေးလံခေါင်ပါးသောဒေသများတွင် ဖြစ်ပွားလျက်ရှိကာ ကလေး များတွင် ဆီးချိုရောဂါအမျိုးအစား(၂) ဖြစ်နိုင်နှုန်းမှာ ၅% သာရှိသည်။

ဝ၃၁၊ BBC News

Leave a Reply

Your email address will not be published.