သေအံ့ဆဲဆဲတွင် ဘဝအဆုံးသတ်ပေးမည့် ထာဝရအိပ်ဆေး အသုံးပြုသင့်၊ မသင့်နှင့်ပတ်သက်၍ ပြင်သစ်ပါလီမန်တွင် ဆွေးနွေးမည်

မတ် ၉

ပြင်သစ်ပါလီမန်သည် လူနာတစ်ယောက် နာကျင်မှုဖြင့် သေအံ့ဆဲဆဲတွင် ဘဝအဆုံးသတ်ပေးမည့် ထာဝရအိပ်ဆေးပေးရေး၊ မပေးရေးနှင့် ပတ်သက်ပြီး ယခုအပတ်အင်္ဂါတွင် အငြင်းအခုံပြုမည်ဟု သိရသည်။

ဤဥပဒေကို ရေးဆွဲခွင့်ရှိသူမှာ ဆရာဝန်တစ်ဦးလည်းဖြစ်ပြီး ယင်းသည် လူနာက အိပ်ဆေးတောင်းခံလျှင် အဆိုပါလူနာသည် သူ၏ အမှန်တကယ် နောက်ဆုံးချိန်တွင် ရှိရမည်ဟု ဆိုသည်။ သို့မဟုတ် ထိုလူနာသည် ကိုမာဟုခေါ်သော ခန္ဓာကိုယ် ရှင်သန်သော်လည်း ဦးနှောက်သေဆုံးသော ရောဂါရှိရမည် ဖြစ်သည်။

သေဆုံးခွင့်ကို လူနာကိုယ်တိုင်က တောင်းဆိုနိုင်ရမည်ဖြစ်ပြီး ထာဝရအိပ်ဆေးဟု ခေါ်ရခြင်းမှာ မေ့ဆေးတစ်မျိုးပေးမည် ဖြစ်ပြီး ယင်းသည် လူနာကို ဘယ်တော့မှ နိုးထလာစေတော့မည် မဟုတ်ပေ။ ယခုလက်ရှိ ပြင်သစ်ဆရာဝန်များသည် နာကျင်မှုကို အလွန်ခံစားနေရသော လူနာများက ကုသမှုကို ဆက်လက်ခံနိုင်စွမ်းမရှိ။ သို့မဟုတ် ဆက်လက်မကုသလိုပါဟု ဆိုလျှင် အဆိုပါကုသမှုများကို ရပ်နားပေးခွင့်ရှိသည်။ သို့သော် ထိုအရာသည် သေဆုံးခွင့်ပေးခြင်းမဟုတ်ပေ။ ဥရောပတွင် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဆွစ်ဇာလန်နိုင်ငံများသည် လူနာများမှ တောင်းဆိုသော သေဆုံးခွင့်ကို လိုက်လျောပိုင်ခွင့် ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဝါရှင်တန်၊ အိုရီဂွန်နှင့် ဗားမောင့်တို့တွင်သာ ဆရာဝန်မှ သေဆုံးခြင်းကို ကူညီပိုင်ခွင့် ရှိသည်။ ပြင်သစ်တွင် ဆရာဝန်က ကုသမှု ရပ်ဆိုင်းပိုင်ခွင့်သည် ၂၀ဝ၅ ခုနှစ် ပြုပြင်ပြောင်းလဲရေးအချိန်မှစ၍ ရုပ်လုံး ပေါ်လာခဲ့ပြီး နယ်သာလန်သည် ၂၀၁၂ ခုနှစ်မှစတင်ပြီး လူနာ၏ သေဆုံးမှုကို တောင်းခံပိုင်ခွင့်နှင့် ပတ်သက်ပြီး အထောက်အပံ့ကို ရခဲ့သည်။ ပြင်သစ်တွင် ယခုကဲ့သို့ ဥပဒေရေးဆွဲရေးအတွက် အငြင်းအခုံဖြစ်လာရခြင်းမှာ ပြီးခဲ့သည့်နှစ်က ကားတိုက်မှုကြောင့် ကိုမာရောဂါရသွားခဲ့သော Vincent Lambert ဟူသည့် လူငယ်၏ မိသားစုများက ပြင်သစ်နှင့် ဥရောပခုံရုံးများတွင် ဗင်းဆင့်၏ ကုသမှုဆက်ရေး၊ ရပ်ရေးနှင့် ပတ်သက်ပြီး ပြောဆိုကြရာမှ အငြင်းပွားစရာများ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့ အစည်းမှ သေဆုံးမှုအခွင့်အရေးနှင့် ပတ်သက်ပြီး တာဝန်ရှိသူ Jean-Luc Romero က “လူတိုင်းက သေအံ့နီးနီး လူနာနေရာမှာ မရောက်ဖူးသရွေ့ ဒါဟာ ဘာမှခံစားစရာ မဟုတ်ဘူးလို့ဘဲ ပြောနေကြဦးမှာပါ” ဟု ၄င်း၏အမြင်ကို ပြောပြခဲ့သည်။

ဝ၃၁၊ Reuters

Leave a Reply

Your email address will not be published.