မြန်မာနိုင်ငံမှ အလုပ်သမားများ ခေါ်ယူရန် ထိုင်ဝမ် စီစဉ်

တိုင်ပေ၊ မတ် ၁၀

ထိုင်ဝမ်၏ ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အလုပ်သမားရှားပါးမှုပြဿနာ ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ယူရန် စီစဉ်နေကြောင်း ထိုင်ဝမ်အလုပ် စွမ်းအားဖွံ့ဖြိုးရေးအေဂျင်စီမှ ညွှန်ကြားရေးမှူး ချုပ် လျူချွတ်ချွန်းက မတ်လ ၉ ရက် တနင်္လာနေ့တွင် ပြောကြားသည်။

အစီအစဉ် ကနဦးအဆင့်တွင် မြန်မာနိုင်ငံသား ၁၀ဝ မှ ၂၀ဝ အထိခန့်ကို အစမ်းသဘောဖြင့် ထိုင်ဝမ်သို့ ခေါ်ယူမည်ဖြစ် ကြောင်း သတင်းထောက်များ၏အမေးကို ဖြေကြားခဲ့သည်။ စမ်းသပ်ကာလ အစီအစဉ်ကို ဧပြီလကုန် သို့မဟုတ် မေလဆန်း တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး အစီအစဉ် အပြည့်အဝအကောင်အထည်ပေါ်ပါ က ထိုင်ဝမ်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍအတွက် နိုင်ငံရပ်ခြားမှ အလုပ်သမားများ တရားဝင်ငှားရမ်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်မည်ဟု သူက ဆိုသည်။ လက်ရှိ အချိန်တွင် ထိုင်ဝမ်၌ လာရောက်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား အများစုမှာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှဖြစ်ပြီး အများစုမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် သော်လည်းကောင်း အိမ်အကူများ၊ လူနာပြုစုစောင့်ရှောက်သူ များအဖြစ်လည်းကောင်းလုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံသားများမှာ ယုံကြည်ကိုးကွယ်မှုနှင့် ဘဝနေဟန်တွင် ထိုင်ဝမ်သားများနှင့် အလားတူဖြစ်သဖြင့် ထိုင်ဝမ်စီးပွားရေး တွင် အံဝင်ခွင်ကျဖြစ်နိုင်ကြောင်း၊ တစ်ချိန်တည်းတွင် ထွန်းသစ်စ မြန်မာ့စီးပွားရေးတွင် ထိုင်ဝမ်စီးပွားရေးလုပ်ငန်း အများအပြားက ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း မစ္စတာလျူက ဆိုသည်။ ဘင်္ဂလားဒေ့(ရှ)နှင့် သီရိလင်္ကာနိုင်ငံတို့မှ အလုပ်သမားများကို ငှားရမ်းရန် ဖြစ်နိုင်ခြေရှိ၊ မရှိကိုလည်း လေ့လာ အကဲခတ်နေသည်။

ဝ၂၅၊ Ref: CNA

Leave a Reply

Your email address will not be published.