တော်ဝင်ကံထူးသူများ၏ ထိုင်းနိုင်ငံခရီး

တော်ဝင်စင်တာ (၄) နှစ်ပြည့် အမှတ်တရအဖြစ် ပြုလုပ်သည့် ၈ ကြိမ်မြောက် ကံထုးရှင်ရွေးပွဲတွင် ဘန်ကောက်အလည် အပတ်ခရီးစဉ် ကံထူးသူ ၅ ဦးကို ရွေးချယ်ခဲ့ပြီး ထိုင်းနိုင်ငံရှိ Grammy Public Company နှင့် တော်ဝင်တို့ ပူးပေါင်း ပြုလုပ်သည့် Fun & Friendship Experience Exchange Program တွင် ပါဝင်ခဲ့ကြရသည်။ တော်ဝင်စင်တာမှ MD မဝတ်ရည်ထွေးနှင့်အတူ ကံထူးရှင် ၅ ဦး၊ Tour Leader တစ်ဦး၊ တော်ဝင်မှ ဝန်ထမ်းများ၊ အနုပညာရှင်များ ပါဝင် သည့် အဖွဲ့သည် မတ်လ ၁၇ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပသည့် Thongchai McIntyre ၏ concert ကို ကြည့်ရှုခဲ့ ကြသည်။ ထိုခရီးစဉ်နှင့်ပတ်သက်၍ တော်ဝင်မိသားစုကုမ္ပဏီမှ MD မဝတ်ရည်ထွေးက ” Grammy Public Company က ဟိုမှာ ဘာတွေစီစဉ်ပေးထားလဲဆိုတော့ Thongchai နဲ့ တွေ့ဆုံပြီး Meet & Greet လုပ်ပေးတယ်။ အားလုံးကို ကြိုဆိုနှုတ်ဆက်တယ်။ ပြီးတော့ ရှိုးပွဲလက်မှတ်တွေကို လက်ဆောင်ပေးတယ်။ ထိုင်းဘက်က ရွေးချယ်ခံရတဲ့ ၆ ယောက်နဲ့ ကျွန်မတို့ဘက်က ကံထူးရှင် ၆ ဦးအတွက် ၁၂ နေရာကို Ministage ရုံရှေ့မှာ သီးသန့်စီစဉ်ပေးတယ်။ ပြီးတော့ Grammy Channel ကနေပြီးပေါ့။ ဒီအစီအစဉ်ကို ရိုက်ကူးပြီး Scoop- 1 အနေနဲ့ ထုတ်လွှင့်ပေးတယ်”ဟု ဆိုသည်။

တော်ဝင်စင်တာနှင့် Grammy Public Company တို့ ပူးပေါင်းလုပ်ဆောင်သည့် ” Fun & Friendship Experience Exchange Program “တွင် တော်ဝင်စင်တာ ကံထူးရှင် ၆ ဦးနှင့်အတူ ထိုင်းနိုင်ငံ Grammy Company ဘက်မှ ရွေးချယ်ထားသည့် “ပျော်ရွှင်စရာအကောင်းဆုံး စုံတွဲပုံ ဖန်တီးနိုင်သည့် စုံတွဲ ၃ တွဲတို့ကို တွေ့ဆုံပွဲပြုလုပ်ပေးခဲ့သည်။ ထိုင်းနိုင်ငံ မှ ရွေးချယ်ခံရသည့် စုံတွဲ ၃ တွဲ (လူ ၆ ဦး)က မြန်မာဘက်မှလာသည့် ၆ ဦးကို အမှတ်တရ လက်ဆောင်ပစ္စည်း များပေးရင်း ကြိုဆိုခဲ့ကြသည်။

ထို့ပြင် တော်ဝင်မှ MD မဝတ်ရည်ထွေး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ ခိုင်သင်းကြည်နှင့် ရွေးချယ်ခံရသည့် ၁၂ ဦးတို့ကိုလည်း Grammy Channel က အင်တာဗျူးများ ပြုလုပ်ခဲ့ပြီး မတ်လ ၆ ရက် ညနေက ထုတ်လွှင့်ပေးခဲ့သည်ဟု သိရသည်။ မတ်လ ၁ ရက်က တော်ဝင်အဖွဲ့ ကြည့်ရှုခွင့်ရခဲ့သည့် Thongchai McIntyre ၏ Show ပွဲသည် ပွဲချိန် ၂ နာရီခွဲခန့် ကြာမြင့် သည့်ပွဲဖြစ်သည်။

Thongchai ၏ Fan တစ်ဦးလည်းဖြစ်ပြီး နှစ်စဉ်သွားရောက်ကြည့်ရှု အားပေးလေ့ရှိသည့် တော်ဝင် MD မဝတ်ရည်ထွေးက Thongchai ပွဲ အတွေ့အကြုံနှင့် ထူးခြားချက်ကို ဖြေကြားရာတွင် “နှစ်တိုင်း အစ်မကြုံတွေ့နေကြ၊ အံ့သြစရာကောင်းတာ တစ်ချက်က သူ့ပရိသတ် အင်အားကျမသွားတာပဲ။ သူ့ Show ပွဲလက်မှတ် နေ့စဉ်ရောင်းအားကို အစ်မမေးကြည့်တယ်။ လူ နှစ်သောင်းတဲ့။ တစ်ပွဲစာပေါ့။ အဲဒီမှာ သူတို့ ပွဲလုပ်တာက စနေနေ့မှာ တစ်ပွဲ၊ တနင်္ဂနွေမှာဆို နှစ်ပွဲဆက်တိုက်လုပ်တယ်။ အဲဒီ နှစ်ပွဲမှာလည်း ဆက်တိုက်ကတယ်။ နှစ်ပွဲကြားမှာလည်း နားချိန်က တစ်နာရီပဲရှိတယ်။ အဲဒီလို ဆက်တိုက်ကနိုင်တဲ့ အနုပညာ ရှင်တွေကို အစ်မ အရမ်းအံ့သြတယ်။ တကယ်တမ်းကျတော့ သူတို့က အသက် ၅၀ ကျော်တွေ။ ဘာပဲပြောပြော Thongchai ဆိုရင် ၅၇ နှစ် ရှိပြီ။ သူ့ထက် ငယ်တဲ့သူတွေဆိုရင်လည်း တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ငယ်ကြတယ်။ သူ့ထက် ကြီးတဲ့သူတွေ တောင် ပါသေးတယ်။ ဒီနှစ်ပွဲရဲ့ Theme ကကျတော့ လွန်ခဲ့တဲ့ ၁၉ နှစ်က သူတို့ ၅ ယောက်စုပြီး လုပ်ခဲ့တဲ့ပွဲကို ဒီနှစ်မှာ သူတို့ က အမှတ်တရပြန်ပြီး လုပ်ကြတာ။

“ဒါပေမဲ့ Title အနေနဲ့ကတော့ Thongchai ပေါ့နော်။ သူ့ပရိသတ်အတွက်ပဲ အဓိကလုပ်ကြတာ။ နဂိုအဖွဲ့တွေ ပြန်လာ တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ” Original Return “ဆိုပြီး လုပ်ကြတာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်ပွဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီက လုပ်ရမယ့်ပွဲ။ သူတို့နိုင်ငံရေးအခြေအနေအရပွဲကို ဖျက်ပြီး နှစ်ခါရွှေ့ထားရတာဆိုတော့ အစ်မတို့ ထင်တာက ဒီတစ်ခေါက်ပွဲ လည်း လူနည်းလိမ့်မယ်။ အခက်အခဲရှိလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ လူပြည့်တာ မြင်ရတော့လေ အားပေးတဲ့နှုန်းကို အံ့သြတယ်။ ပွဲနှစ်ခါရွှေ့တာကို နှစ်ခါလုံးလိုက်ပြီး ကြည့်တာကိုပေါ့။ ပြီးတော့ သူတို့က အစ်မတို့မြန်မာတွေ လာကြည့်တာကို သိတယ်။ သူတို့အရမ်းလည်း စိတ်ဝင်စားတယ်။ အံ့လည်း အံ့သြကြတယ်။ အစ်မတို့အဖွဲ့ကလည်း သွားကြည့်မယ်ဆိုပြီး လူစု လိုက်တော့ အယောက် ၅၀ လောက် ဖြစ်သွားတယ်လေ။ သူတို့က အရမ်းအံ့သြပြီး ဒါဆိုရင် ငါတို့ Welcome လုပ်ပေးမယ်တဲ့။ Thongchai ကလည်း ဓာတ်ပုံတွဲရိုက်ပေးမယ်။ ကြိုချင်ပါတယ်ဆိုတော့ အစ်မတို့က ကောင်းပြီ။ ငါတို့ဘက်မှာ မြန်မာပြည် က အနုပညာရှင်နှစ်ဦးလည်း ပါမယ်လို့ဆိုတော့ သူတို့က ဒါဆိုရင် သူတို့ Profile လေးတွေလည်း သိချင်ပါတယ်။ အင်တာဗျူးလုပ်ပေးမယ်ဆိုပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြတယ်။ မထင်မှတ်ဘဲနဲ့ နှစ်နိုင်ငံအနုပညာရှင်အချင်းချင်း ချစ်ကြည်မှုဖလှယ်တဲ့အစီအစဉ်လေးပါ ဖြစ်သွားတယ်”ဟု ဆိုပါသည်။

” Feather & Flower Original Return ” ဟု အမည်ပေးထားသည့်အတွက် ” Feather & Flower ” Show တွင် ဆိုခဲ့သည့် သီချင်းများကိုသာ မူရင်းအတိုင်း ပြန်လည်သီဆိုတင်ဆက်ပေးခဲ့ကြသည်ဟု သိရသည်။ သီဆိုတင်ဆက်မှုပိုင်း သာမက Show အပြင်အဆင် အခင်းအကျင်း၊ မီးအလင်းအမှောင်နှင့် Technique ပိုင်းများလည်း ကွာခြားသည်ဟု ဆိုသည်။ “သူတို့က လုပ်နေကျ ကျွမ်းကျင်မှုလည်း ရှိနေကြပြီ။ ဒီမှာက ငွေကြေးအပိုင်းကိုလည်း ကြည့်ရသေးတယ်။ ဒီမှာက လုပ်ချင်တာ အားလုံးလုပ်ခွင့်မရသေးဘူး။ ဒီမှာက အဲဒီလောက်လည်း ရင်းလို့မရသေးဘူး။ ဟိုမှာက ရင်းမယ်ဆိုရင်း ပျော်တယ်လေ။ တစ်ညကို ပွဲခွင်တစ်ခုမှာ လူနှစ်သောင်းက အပြည့်ရှိတယ်။ ပွဲခွင်၃ ပွဲဆို ၃ ပွဲစလုံး အပြည့်ရှိတယ်။ ပြီးတော့ လက်မှတ်ရောင်းနှုန်းက VIP လက်မှတ်ဆိုရင် ဘတ် ၆၀ဝ၀၊ ပြီးရင် ၅၀ဝ၀၊ အနိမ့်ဆုံးက ဘတ် ၈၀ဝ ဆိုတော့ ဒီကနှုန်းနဲ့ အများကြီး ကွာနေတယ်။ ဒီမှာက တအားကြီး တွန်းလုပ်လိုက်ပေမယ့်လည်း ပြန်ရမယ့်နှုန်းက အဲဒီလောက်ထိ မျှော်လင့်လို့ မရဘူး။ နိုင်ငံတကာက ဖျော်ဖြေပွဲတွေ လာလုပ်ဖို့ကြတော့လည်း လက်မှတ်ဈေးနှုန်းမှာ နည်းနည်းအခက်အခဲရှိတယ်။ နောက် တစ်ခုကနေရာပေါ့။ နောက်တစ်ခုက ပစ္စည်းသယ်တဲ့ အပိုင်းပေါ့။ ဟိုမှာလောက်တော့ စက်ပစ္စည်း ပြည့်ပြည့်စုံစုံနဲ့ Performance ကောင်းကောင်းလုပ်ပြနိုင်မှာ မဟုတ်ဘူး။ သယ်ယူစရိတ်နဲ့ တခြားကုန်ကျစရိတ်တွေကလည်း အများကြီး ဆိုတော့ အဲဒါတွေကိုလည်း ထည့်တွက်ရသေးတယ်လေ”ဟု ပြည်ပနှင့်ပြည်တွင်း Show ပွဲအကြား ကွာခြားမှုနှင့် အခက် အခဲကိုလည်း ပြောပြခဲ့သည်။ ယခု အစီအစဉ်တွင် ပါဝင်သည့် ထိုင်းနိုင်ငံဘက်မှ ရွေးချယ်ထားသည့် ၆ ဦးကိုလည်း မြန်မာ နိုင်ငံဘက်သို့ အလည်အပတ်ပြန်ခေါ်၍ ကြိုဆိုမည့်အစီအစဉ်ရှိပြီး မတ်လလယ်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုင်းဘက်မှ မြန်မာ နိုင်ငံသို့ လာရောက်၍ ပြန်လည်လည်ပတ်မည့် အစီအစဉ်ကိုလည်း Grammy Channel က ရိုက်ကူးကာ ပြန်လည်ထုတ်လွှင့် တင်ဆက်မည်ဟုလည်း သိရသည်။

ယခုလို ကံစမ်းမဲပွဲအပြင် ကံစမ်းမဲခရီးစဉ်များမှ ရရှိလာသည့် အကြောင်းတရားများနှင့် ပတ်သက်ပြီးလည်း မဝတ်ရည်ထွေးက “အစ်မတို့က Customer တွေကို ကား ကံစမ်းမဲတွေလည်း ပေးပါတယ်။ အစ်မတို့ ကို အားပေးတဲ့ Customer တွေကို အစ်မတို့က စေတနာပြန်ထားပြီး ကျေးဇူးတုံ့ပြန်တဲ့သဘောထားပေါ့။ Promotion လုပ်တယ်ဆိုရာမှာလည်း အခြားအစီ အစဉ်တွေနဲ့လည်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလိုခရီးစဉ် ထည့်တယ်ဆိုတာကလည်း အတွေ့အကြုံလေးတွေ ရသွားစေချင် လို့ပါ။ အစ်မတို့ကိုယ်တိုင် ပြည်ပ Concert တွေ သွားတယ်။ နိုင်ငံခြားခရီးစဉ်တွေသွားတယ်။ အဲဒီက ရရှိတဲ့ ပျော်ရွှင်မှုနဲ့ အတွေ့အကြုံတွေကို အစ်မတို့ Customer တွေကို ပြန်လည်မျှဝေချင်တဲ့သဘောပါ။ လောလောဆယ်အထိကတော့ နိုင်ငံ တကာအနေနဲ့ပါကြည့်ရင် Lucky draw ဆိုတာရယ်၊ Gift voucher တွေ ပြန်ပေးတယ်ဆိုတာရယ်က ကိုယ်ပစ္စည်း ဝယ်လိုက်ရင် ဒါလေးပြန်ရတယ်ဆိုပြီး ကိုယ့်ကို ကျေးဇူးတုံ့ပြန်တယ်ဆိုတဲ့အတွေးနဲ့ လူတိုင်းကို စိတ်ကျေနပ်မှု ပေးထား ပါတယ်။ ဒါကြောင့်လည်း အားလုံးက ဒီနည်းစနစ်ကို ကျင့်သုံးနေကြတုန်းပါပဲ”ဟု ပြောပြသည်။

ထို့ပြင် တော်ဝင်စင်တာအနေနှင့် ပြောင်းလဲလာသည့် စီးပွားရေး၊ နိုင်ငံရေးအခြေအနေအရ တော်ဝင်စင်တာကိုလည်း ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း၊ တော်ဝင်စင်တာ မြေညီထပ်ရှိ ဆိုင်ခန်းများကို ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ် နေကြောင်း၊ Promotion ဧရိယာကိုလည်း ဒုတိယထပ်သို့တင်လိုက်ကြောင်း၊ ဆိုင်ခန်းလိုချင်သည့် Demand က များ နေပြီး ပြန်ပေးနိုင်သည့်အပိုင်းက နည်းနေကြောင်း၊ တော်ဝင်စင်တာစဖွင့်ကတည်းက ဆိုင်ခန်းများက ကုန်သလောက်ဖြစ်နေ သည့်အတွက် plan နည်းနည်းပြန်ချိန်းနေကြောင်း၊ လူများက Branded ပစ္စည်းများ အသုံးများလာသည့်အပြင် ပြည်ပမှ လည်း Franchise များ ပေးနေပြီဖြစ်ကြောင်း၊ ထို့အပြင် ဆိုင်ခန်းကျယ်ကျယ်ဝန်းဝန်းနှင့် လှလှပပခင်းကျင်းနိုင်သည့် အနေအထားရရန် ပြန်လည်ပြင်ဆင်ထားကြောင်းလည်း မဝတ်ရည်ထွေးက ပြောပြခဲ့သည်။ ယခုခရီးစဉ်သည် တော်ဝင် မိသားစုကုမ္ပဏီမှ ထပ်မံဖွင့်လှစ်လိုက်သည့် တော်ဝင်ဂါးဒင်းဟိုတယ်ကို Promotion လုပ်ခြင်းလည်း ဖြစ်သည်။ တော်ဝင်စင်တာ ၄ နှစ်ပြည့် ကံစမ်းမဲပွဲတွင် ဘန်ကောက်ခရီးစဉ်သာမက ကိုရီးယားခရီးစဉ် မဲပေါက်သူများလည်း ပါဝင်ပြီး ကိုရီးယားခရီးစဉ်အတွက်လည်း စီစဉ်နေသည်ဟု သိရသည်။

ဝ၁၆

Leave a Reply

Your email address will not be published.