ကိုးကန့်တင်းမာမှုလျော့ပါးရေး တရုတ်-မြန်မာ တွေ့ဆုံဆွေးနွေး ယူနန်ဒုက္ခသည်စခန်းများကို မြန်မာသံတမန်များ သွားရောက်လေ့လာ

ဘေဂျင်း၊ မတ် ၉

စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေဆဲ ကိုးကန့်ဒေသတွင်း တင်းမာမှုလျော့ပါးရေးအတွက် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအစိုးရ အရာရှိများသည် ရှမ်းပြည်နယ်နယ်စပ် မူဆယ်မြို့၌ တနင်္ဂနွေနေ့တွင် တွေ့ဆုံဆွေး နွေးဆဲဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး လျူဇင်မင်းနှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးတင်ဦးလွင်တို့အကြား အထက်ပါတွေ့ဆုံမှုတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်အတွင်း ယာယီခိုလှုံနေကြရသော မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံသို့ အမြန်ဆုံးနှင့် လုံခြုံစိတ်ချစွာ ပြန်လည်နေထိုင် နိုင်ရေး၊ နှစ်သစ်တွင် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်ကြီးများကြား ရရှိခဲ့သော သဘောတူညီမှုများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နယ်ပယ်ပေါင်းစုံတွင် နှစ်နိုင်ငံအပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မိတ်ဖွဲ့မှုကို လျင်မြန်စွာနှင့် တည်ငြိမ်စွာ တိုးတက်ဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြသည်။

ထိုအတောအတွင်း တရုတ်- မြန်မာ ချစ်ကြည်ရေးအသင်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျူဇင်မင်းနှင့် တွေ့ဆုံရန် အခြားအရာရှိများနှင့်အတူ မတ်လ ၃ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ သို့ သွားရောက်ခဲ့ကြသည်။ တစ်ဖန် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းများ ဖြစ်ကြသော ဦးတင်ဦးနှင့် ဦးစိန် ဝင်းအောင်တို့သည် သောကြာနေ့တွင် တရုတ်နိုင်ငံအနောက်တောင်ဘက် ယူနန်ပြည်နယ်သို့ သွားရောက်ပြီး ကိုးကန့်ဒေသမှ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြသည့် စစ်ရှောင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံ၏ အကူအညီများအတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံသား ဒုက္ခသည်များ ဖြစ်နိုင်သမျှ အစောဆုံး နေရပ်ပြန်နိုင်စေရန် မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို တည်ငြိမ်အောင် ကြိုးပမ်းမည်ဖြစ် ကြောင်း ဦးတင်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးရဒေသအတွင်း ဖေဖော် ဝါရီလ ၉ ရက်နေ့မှစ၍ မြန်မာအစိုးရတပ်များနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယူနန်နယ်စပ်၊ လင်ကန်း မြို့သို့ ဒုက္ခသည်၆၀ဝ၀ဝ ကျော် ထွက်ပြေးရောက်ရှိလာခဲ့သဖြင့် တရုတ်နိုင်ငံက ယာယီနေထိုင်စရာနှင့် အစားအသောက်၊ ဆေးဝါး၊ ရောဂါမကူးစက်ရေး ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲ လီဂျီဟင်းက ဆိုသည်။

ဝ၂၅၊ Ref: Xinhua, SCMP

Leave a Reply

Your email address will not be published.