ကိုးကန့်ပဋိပက္ခအတွင်း အရပ်သားများ သတ်ဖြတ်ခံခဲ့ရ

လောက်ကိုင်၊ မတ် ၅

ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းမှုများအရ ရှမ်းပြည်နယ် ကိုးကန့်ဒေသမှ လတ်တလော ပဋိပက္ခအတွင်း မြန်မာ့တပ်မတော် တပ်သားများသည် အရပ်သားများကို မခွဲမခြားပစ်ခတ်ခြင်း၊ သေကြေ ဒဏ်ရာရစေခြင်း၊ ချုံခိုတိုက်ခိုက်မှုတွင် ဓားစာခံအဖြစ် အသုံးချခြင်း၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသည်ဟု သံသယဖြင့် အရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

SHRF ၏ တွေ့ရှိချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လောက်ကိုင်မြို့တွင်း မောင်းနှင်လာသော ကား တစ်စီးကို ပစ်ခတ်ခဲ့သဖြင့် အသက် ၆ နှစ်နှင့် ၄၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထို့နေ ညနေ ၆ နာရီခန့် တွင် လောက်ကိုင်မြို့တွင်း ၌မော်တော်ဆိုင်ကယ် စီးနင်းလာသော ဇနီးမောင်နှံနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အသက် ၄၈ နှစ်အရွယ်ဇနီးသည်နှင့် အသက် ၃၃ နှစ်အရွယ် ခင်ပွန်းသည်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ထိုနေ့ညတွင်လည်း ကိုးကန့်တပ်သားများအား ချုံခိုတိုက်ခိုက်ရာ၌ ကျေးရွာသားများအား ဓားစာခံအဖြစ် အသုံးပြုခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် လောက်ကိုင်မြို့ တောင်ဘက် ၆ မိုင်အကွာ မှ ကျေးရွာတစ်ရွာတွင် အသက် ၆၁ နှစ်အရွယ် လယ်သမားတစ်ဦးကို ပစ်ခတ်ခဲ့ရာ ဒဏ်ရာများရရှိသွားကြောင်း၊ ဖေဖော်ဝါရီလ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် လောက်ကိုင်မြို့မှ အဓိက မြန်မာ့တပ်မတော်စခန်းတစ်ခုတွင် ရွာသားအမျိုးသား ၄ ဦး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရရာ တစ်ဦးမှာ ပျောက်ဆုံးနေ ကြောင်း သိရှိရသည်။

အရပ်သားများအပေါ် ဤတိုက်ခိုက်မှုများနှင့် မတော်မတရားပြုမှုများအား SHRF က ပြင်းထန်စွာပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီအား ကိုးကန့်ဒေသ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် ဖြစ်နိုင်သမျှ အမြန်ဆုံးလာရောက်ရေးနှင့် ဖြစ်ပေါ် နေသော မတရားမှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေရေး တွန်းအားပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်။

ဝ၂၅၊ Ref: CPJ

Leave a Reply

Your email address will not be published.