စစ်အတွင်း လိင်ကျွန်အမျိုးသမီးများကိစ္စ ဂျပန်ကို တောင်ကိုရီးယား ထပ်မံတောင်းဆို

ဆိုး(လ)၊ မတ် ၂

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ ကျူးလွန်ခဲ့သော လိင်ကျွန်ပြုမှုများအတွက် ဂျပန်ခေါင်းဆောင်များအနေဖြင့် အချိန်မနှောင်းမီ ဝန်ချတောင်းပန်ရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးက တနင်္ဂနွေနေ့တွင် ထပ်လောင်းတောင်း ဆိုခဲ့သည်။

စစ်အတွင်းကာလအတွင်း ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှားနှင့်အခြားအာရှ နိုင်ငံများမှ အမျိုးသမီး ၂၀ဝဝ၀ဝ အထိကို ဂျပန်စစ်တပ်များအတွက် အတင်းအကျပ် လိင်ကျွန်ပြုခဲ့ကြောင်း သမိုင်းပညာရှင်များက ပြောကြားသည်။

ဂျပန်နှင့် ကိုရီးယားအိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးတွင် အဓိကမပြေလည်သော အဆိုပါပြဿနာမှာ မကြာသေးမီလ များအတွင်း ဤဖြေဖျော်ရေး အမျိုးသမီးများမှာ ပြည့်တန်ဆာများသာဖြစ်ကြောင်း ဂျပန်နိုင်ငံအတွင်း ရန်စပြောဆိုမှုများ ကြောင့် ဆက်ဆံရေးပိုမိုတင်းမာခဲ့ရသည်။ ယခုအချိန်တွင် ထိုဖြေဖျော်ရေးအမျိုးသမီးများထဲမှ အသက် ၉၀ နီးပါးရွယ် အသက်ရှင်ကျန်နေသူ ၅၃ ဦးသာ ရှိတော့၍ ယင်းတို့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ပေးရန် အချိန်များစွာ မရှိတော့ကြောင်း သမ္မတပတ်က ၁၉၁၉ ခုနှစ် ဂျပန်ကိုလိုနီအုပ်စိုးမှုအား ဆန့်ကျင်အုံကြွမှုနှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဝ၂၅ Ref;AFP

Leave a Reply

Your email address will not be published.