ကော်ဖီ သောက်သုံးသူများ နှလုံးရောဂါဖြစ်နိုင်မှု နည်းပါး

မတ်လ ၃

ကော်ဖီနှင့်ပတ်သက်ပြီး နှလုံးအပေါ် ထိခိုက်နိုင်ခြေ ရှိ၊ မရှိ ငြင်းခုံမှုများ ရှိနေဆဲဖြစ်ရာ ကိုရီးယားလေ့လာမှုတစ်ခုမှ ကော်ဖီသည် နှလုံးအပေါ် ကောင်းကျိုးများ ဖြစ်ပေါ်နိုင်သည်ဟု ထောက်ခံလိုက်သည်။

အဆိုပါလေ့လာမှုတွင် ဝန်ထမ်းအမျိုးသားနှင့် အမျိုးသမီး ၂၅ဝ၀ဝ ပါဝင်ပြီး ၄င်းတို့ကို ကော်ဖီတစ်နေ့ အနည်းငယ်စီ သောက်စေခဲ့သည်။ ကော်ဖီသည် နှလုံးကြွက်သားကို လှုံ့ဆော်နိုင်သည်ဟု ယူဆထားပြီး အချို့လေ့လာမှုတွင် ကော်ဖီနှင့် သွေးတိုးရောဂါ၊ ကိုလက်စထရော များသော ရောဂါတို့နှင့် ဆက်နွှယ်နိုင်သည်ဟု ယူဆထားသော်လည်း အချို့လေ့လာမှု များကတော့ ကော်ဖီမှ နှလုံးအပေါ် ကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ သို့သော် တိကျသောအဖြေကိုတော့ ကောက်ချက်ဆွဲ၍ မရနိုင်သေးပေ။ လေ့လာသူများသည် အလုပ်ခွင်မှ ဝန်ထမ်းများ၏ နှလုံးသွေးကြောကို စစ်ဆေးခဲ့ပြီး အမှန်တကယ် နှလုံးသွေးကြောကျဉ်းသူများ၏ သွေးကြောနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ နှလုံးရောဂါရှိသူ၏ သွေးကြောနံရံ များတွင် ကယ်လ်ဆီယမ်ခေါ် ထုံးဓာတ်အနည်ထိုင်မှုများဖြစ်နေကြောင်း တွေ့ရှိသည်။

လေ့လာမှုတွင် ဝန်ထမ်းအားလုံးကို နှလုံးရောဂါကင်းစင်ကြောင်း စစ်ဆေးခဲ့သော်လည်း ဆယ်ယောက်တွင် တစ်ယောက် နှုန်းမှာ သွေးကြောတွင်း ကယ်လ်ဆီယမ်များ ရှိနေခဲ့သည်။ ထို့နောက် ပါဝင်သူများအားလုံးကို တစ်နေ့ သောက်သုံးသည့် ကော်ဖီပမာဏကို ရေးမှတ်စေခဲ့ပြီး နှလုံးရောဂါကို လှုံ့ဆော်နိုင်မည့် ဆေးလိပ်သောက်ခြင်း၊ မိသားစုနှလုံးရောဂါရှိခြင်း စသည့် အချက်များမရှိသော ပါဝင်သူများကိုသာ ဆက်လက်စမ်းသပ်ခဲ့သည်။ လေ့လာမှုအပြီးတွင် ကော်ဖီကို တစ်ရက်အနည်းငယ်စီ သောက်သူများတွင် ကော်ဖီလုံးဝမသောက်သူများနှင့် လိုသည်ထက် ပိုသောက်သူများထက် နှလုံးသွေးကြောတွင် ထုံးဓာတ်များ ပိုမိုစုဝေးလာနိုင်ကြောင်း တွေ့ရှိသည်။

ကော်ဖီတွင်ပါသော ကဖင်းဓာတ်ကြောင့် နှလုံးထိခိုက်နိုင်၊ မနိုင်ကို သေချာစွာ မသိရသေးသော်လည်း ပုံမှန်ကော်ဖီသောက်လျှင် နှလုံးရောဂါ ဖြစ်နိုင်ခြေနည်းသည်ဟု တွေ့ရသည်။ အမေရိကန်တွင် လူကြီးတစ်ဦးအတွက် အများဆုံး ကော်ဖီပမာဏမှာ တစ်နေ့လျှင် ၄၀ဝ မီလီဂရမ်ရှိပြီး ရယ်ဒီမိတ်ကော်ဖီများမှာ တစ်ခွက်လျှင် ၁၀ဝ မီလီရှိသည်။ ယခု လေ့လာမှုသည် ကိုရီးယား တွင်ပြုလုပ်သော လေ့လာမှုဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေ့လာမှုပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။

ဝ၃၁၊ BBC News

Leave a Reply

Your email address will not be published.