ကလေးကျန်းမာရေးနှင့်ပတ်သက်ပြီး မပေါ့ဆသင့်ကြောင်း ဆို သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကိုသာ ဂရုစိုက်နေဟု ထောက်ပြ

မတ်လ ၂

ကလေးကျန်းမာရေးသည် အခြားသောအရာများထက် ပိုမိုအရေးကြီးနေသောနေရာတွင်ရှိကြောင်း ဆရာဝန်များက ပြောဆို လိုက်သည်။ တော်ဝင်ကောလိပ်မှ ကလေးအထူးကုများသည် လူအများစုမှာ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကိုသာ ဂရုစိုက်နေပြီး ကလေးများအပေါ် မေ့လျော့နေသည်ကို ထောက်ပြခဲ့သည်။

ပြည်သူလူထုက အခြားသော ကျန်းမာရေးပညာပေး ကြော်ငြာများဖြစ်သည့် ဆေးလိပ်မသောက်ရ၊ အဆီလျှော့စားပါ… စသည်တို့ ဖြစ်ပေါ်ရေးအတွက် အထောက်အကူ များစွာပြုခဲ့သည်။ သို့သော် ထို့ထက်ပို၍ အရေးကြီးသောကိစ္စများကို ဦးစား ပေးသင့်သည်ဟု ဆရာ ဝန်များက ဆိုသည်။

အထူးသဖြင့် ပြည်သူလူထုက အသက်ကြီးသူများကို ဦးတည်စဉ်းစားပေးနေပြီး အယ်ဇိုင်းမားနှင့် မှတ်ဉာဏ်ထိခိုက်စေသော ရောဂါတို့အတွက် ရန်ပုံငွေများ ဖန်တီးပေးခဲ့သည်။ ထိုသို့ ပြည်သူတို့က ကျန်းမာရေးကိစ္စများအပေါ် မည်မျှ စိတ်ဝင်တစား ရှိကြောင်း လေ့လာခဲ့ရာ ပါဝင်သူ ၂၁၁၈ ဦးအနက် သုံးပုံနှစ်ပုံခန့်သည် အာဟာရမရှိသော အစားအစာများနှင့် ပတ်သက်သည့် ပညာပေးကို လိုလားပြီး ၉၀% ကတော့ အာဟာရနှင့် ကျန်းမာရေးသင်ခန်းစာကို ကျောင်းနေစဉ်ကတည်းက သင်ကြားပို့ချ ပေးရန် လိုလားကြသည်။ ၈၂% သည် ကျန်းမာရေးပညာပေးကျောင်းများကို မဖြစ်မနေ တက်ရောက်နိုင်ရန် လိုလားကြပြီး ၅၈% မှာ အရှိန်မြှင့်ယာဉ်များကို အရေးယူသည့်စနစ်အပေါ် ထောက်ခံထားသည်။ ပြည်သူများသည် ကျန်းမာရေးကိစ္စကို လုံးဝမျက်ခြေပြတ်နေသည် မဟုတ်သော်လည်း အာရုံစိုက်မှုများသည် ကလေးကျန်းမာရေးကိစ္စရပ်တွင် နည်းပါးနေခဲ့သည်။ ယူကေသည် အနောက်ဥရောပတစ်ခုလုံးတွင် ကလေးသေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံအဖြစ် ကျော်ကြားပြီး အများစုမှာ ကလေး အဝလွန်ရောဂါကြောင့်ဖြစ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်သည်။ ထို့ပြင် ကလေး ၈၅၀ဝ၀ဝ မှာ ပြင်းထန်သည့် စိတ်ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ပြည်သူ့ကျန်းမာရေးနှင့် သက်ဆိုင်သော ရန်ပုံငွေများသည် လူကြီးများအတွက် လုံလောက်သကဲ့သို့ တစ်ဖက်တွင် ကလေးများ၏ ကျန်းမာရေးအခြေအနေကို မမေ့လျော့သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားသည်။

ဝ၃၁၊ BBC News

Leave a Reply

Your email address will not be published.