စပါးအသင်းကို ရှုံးကြွေးဆပ်၍ ချယ်လ်ဆီးအသင်း Capital One ဖလား ရယူ

မတ် ၁

လန်ဒန်မြို့ ဝင်ဘလေအားကစားကွင်း၌ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့သော Capital One Cup ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြိုင်ဘက် Tottenham Hot Spur အသင်းကို Chelsea အသင်းကနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီဖြစ်သည့်အတွက် Chelsea အသင်းသို့ မန်နေဂျာအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာသော Jose Mourinho ၏ ပထမဆုံးကိုင်မြှောက်ခွင့် ရသော ဖလားဖြစ်လာခဲ့သည်။

Chelsea နောက်ခံလူ John Terry နှင့် တိုက်စစ်မှူး Diego Costa တို့၏ သွင်းဂိုးနှစ်ဂိုးလုံးမှာ Spur နောက်ခံ လူများနှင့်ထိ၍ လမ်းကြောင်းပြောင်းကာ ဂိုးဝင်ခဲ့ရခြင်းဖြစ်ပြီး လွန်ခဲ့သော ခုနစ်နှစ်က ဝင်ဘလေကွင်းတွင်ပင် Chelsea အသင်းကို အနိုင်ယူ၍ Capital One ဖလားရယူနိုင်ခဲ့သော အောင်မြင်မှုမျိုး ထပ်မံရရှိရေး Spur အသင်း၏ အိပ်မက်တို့ ပျက်ပြယ်ခဲ့ရသည်။

Chelsea အသင်းနှင့်အတူ ရရှိသော ၂၀၁၅ ခုနှစ် Capital One ဖလားက Maurinho အတွက် ၂၀၁၂ ခုနှစ် LaLiga ဖလားကို Real Madrid အသင်းနှင့်အတူ ရရှိပြီးနောက်ပိုင်း ပထမဆုံးရရှိသော ဆုဖလားလည်းဖြစ်သည်။ Chelsea အသင်းသည်လည်း ၂၀၁၃ ခုနှစ် Europa League ဗိုလ်လုပွဲတွင် Benfica အသင်းကို Amsterdam မြို့တွင် အနိုင်ကစားကာ ဖလားရယူခဲ့ပြီးနောက်ပိုင်း ယခုရရှိသော Capital One သည် ပထမဆုံးသော ဖလားပင်ဖြစ် သည်။

Chelsea အသင်း၏ မန်နေဂျာသက်တမ်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ် (၂၀ဝ၄-ဝ၅၊ ၂၀ဝ၅-ဝ၆)၊ FA ဖလားတစ်ကြိမ် (၂၀ဝ၆-ဝ၇)၊ League Cup ခေါ် Capital One ဖလားသုံးကြိမ် (၂၀ဝ၄-ဝ၅၊ ၂၀ဝ၆-ဝ၇၊ ၂၀၁၄-၁၅)၊ Community Shield တစ်ကြိမ် (၂၀ဝ၅)ရရှိအောင် Maurinho က စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်သည်။ Maurinho က သူ၏ Chelsea အသင်း မန်နေဂျာသက်တမ်းတစ်လျှောက် ဖလားများစွာ ရယူပေးနိုင်ခဲ့ပြီးဖြစ်သော် လည်း ယခုယှဉ် ပြိုင်ရသော ဗိုလ်လုပွဲမှာ အထူးပင် အရေးပါကြောင်း ပြောကြားခဲ့သည်။

Chelsea အသင်းမှာ Spur အသင်း အလယ်တန်းလူ Christian Eriksen ၏ အလွတ်တည်ဘောကန်ချက်၊ ဘားတန်းထိထွက်သွားသည်မှတစ်ပါး အခက်အခဲ ကြီးကြီးမားမားမတွေ့ရဘဲ သက်သောင့်သက်သာဖြင့် အနိုင်ကစား သွားနိုင်ခြင်း ဖြစ်သည်။

ပွဲပယ် ပြစ်ဒဏ်ကျခံနေရသော အလယ်တန်းလူ Nemanja Matic နေရာတွင် ဗဟိုနောက်ခံလူအဖြစ် ခေါ်ယူထားသော Kurt Zouma ကို အစားထိုးရွေးချယ်နေရာချထားပေးခဲ့သည်။ Maurinho ၏ ကျွမ်းကျင်ပိုင်နိုင်သော ဆုံးဖြတ်ချက် ကလည်း Chelsea အသင်း၏ ကစားကွက် ပုံဖော်ရာတွင် အဓိကကျသောအရွှေ့အပြောင်းတစ်ရပ်ဖြစ်ခဲ့သည်။

Spur အသင်းမှာမူ နှစ်သစ်ကူး ညက White Hart Lane အိမ်ကွင်းတွင် Chelsea အသင်းကို ၅-၃ ဂိုးဖြင့် အနိုင်ယူခဲ့သော အောင်မြင်မှုမျိုးကို ထပ်မံရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။

Capital One ဗိုလ်လုပွဲမတိုင်မီ ကစားသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဇယားဦးဆောင်သူ Chelsea အနောက်မှ ငါးမှတ်အကွာဖြင့် ကပ်လိုက်နေသော မန်ချက်စတာစီးတီးအသင်းကို လီဗာပူးအသင်းက အိမ်ကွင်း Anfield တွင် ၂-၁ ဂိုးဖြင့် အနိုင်ယူသွားသည့် သတင်းကလည်း Chelsea အသင်းအတွက် ငါးမှတ်ကွာ လက်ကျန်တစ်ပွဲအသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားနိုင်ပြီဖြစ်ကြောင်း သိရှိထားသည့်အသင်းသားများအတွက် ဗိုလ်လုပွဲကို စိတ်ဖိစီးမှုမရှိဘဲ ယှဉ်ပြိုင်ကစားသွားစေနိုင်သည့် အကြောင်းအရင်းတစ်ချက်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အီတလီနိုင်ငံ၌ ကျင်းပခဲ့သော Europa League ပွဲစဉ်တွင် ပြိုင်ဘက် Filorentina အသင်းကို ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော Spur အသင်းမှာ Chelsea တို့ ဦးဆောင် ဂိုးရယူသွားပြီးနောက်ပိုင်း အသင်း၏ အခြေအနေကို ကယ်တင်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

Spur အသင်းအတွက် Eriksen ၏ ကိုက် ၂၀ အကွာမှ အလွတ်တည်သော ကန်ချက် ဘားတန်းထိ ထွက်သွားခြင်းနှင့် တိုက်စစ်မှူး Harry Kane တစ်ကိုယ်တော် ဆွဲပြေး၊ အနိမ့်ဘောဖြတ်ကန်ချက်ကို Chelsea ဂိုးသမား Peter Cech ကာကွယ်လိုက်နိုင်ခြင်းတို့သာ ပြောပလောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုမျိုး ပြုလုပ်နိုင်ခဲ့သည်။

Chelsea အသင်းရရှိသော ပထမဂိုးမှာ ကွင်းလယ်လူ Willian ၏ အလွတ်တည်သော ကန်ချက်မှတစ်ဆင့် Spur နောက်ခံလူများနှင့် ထိထွက်ကာ John Terry မှ ရှေ့သို့ ရောက်ရှိသွားပြီး Terry ၏ ကန်ချက်က Spur တိုက်စစ်မှူး Harry Kane နှင့် ထိမှန်လမ်းကြောင်း ပြောင်းသွားသဖြင့် Spur ဂိုးသမား Hugo Lloris မတားဆီးလိုက်နိုင်ဘဲ ဂိုးပေးလိုက်ရခြင်းဖြစ်သည်။ Spur အသင်းမန်နေဂျာ Mauricio Poche- ttino က Capital One ဖလား ပွဲများတွင် ပုံမှန်ပွဲထွက်နေကျ ဂိုးသမား Michel Vorm အစား Hugo Lloris ကို ရွေးချယ်ပွဲထွက်စေခဲ့ခြင်းဖြစ်သည်။

Chelsea အသင်းအတွက် ဖလားရရှိရန်သေချာစေသည့် ဒုတိယအနိုင်ဂိုးမှာ ဒုတိယပိုင်းစတင်ပြီး ၁၁ မိနစ်အကြာတွင် ကွင်းလယ်လူ Cesc Fabregas ပေးပို့သော ဘောလုံးကို တိုက်စစ်မှူး Diego Costa က ကန်သွင်းရာမှ Spur နောက်ခံလူ Walker ကို ထိမှန်ကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့ရခြင်းဖြစ်သည်။

ဝ၂၇၊ BBC Sport

Leave a Reply

Your email address will not be published. Required fields are marked *