အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ကြခြင်းကြောင့် တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာဖြစ်

၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော သမ္မတဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိအစိုးရလက်ထက်တွင် အပြောင်းအလဲ များစွာကို ဖော်ဆောင်လျက်ရှိသည် ဟု တချို့ကယုံကြည်ခဲ့သည်။ သို့သော် ယင်းအပြောင်းအလဲများနှင့် အတူယှဉ်တွဲ၍ ပါလာသော ၂၀၁၂ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌စတင်၍ တခြားမြို့ကြီးများတွင်လည်း လှုပ်ခတ်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို အစိုးရကိုင်တွယ်ဖြေရှင်းပုံသည်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးသည်လည်းကောင်း အများပြည်သူများ အတွက် မေးခွန်းထုတ်စရာစိုးရိမ်ဖွယ်ဖြစ်ခဲ့သည်၊ လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခဖြစ်ရပ်များနှင့် ပတ်သက်၍ ဘာသာမတူသည့် လူငယ်နှစ်ယောက်ကို မေးမြန်းဖြစ်ခဲ့သည်၊
အသက် ၂၄ အရွယ် လူငယ်တစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာဝင် ကိုအောင်မျိုးသန့််က ဒီပဋိပက္ခတွေဟာ ကိုးကွယ်ရာ ဘာသာမတူလို ဖြစ်တဲ့ ပြသနာတွေမဟုတ်ပါဘူး၊ စနစ်တကျဝေဖန်ဆန်းစစ်မှု အားနည်းခဲ့ကြတော့ ဒါကိုပဲအုပ်ချုပ်မင်းလုပ် ကြသူအဆက်ဆက်က နိုင်ငံရေးကစားကွက်၊ လှည့်ကွက်အဖြစ် အကြိမ်ကြိမ် အသုံးချနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပြည်သူတွေ ကလည်း အကြိမ်တိုင်းကို သွေးဆူလွယ်၊ အကဲဆတ်လွယ်နေကြတုန်းပါ၊ အုပ်ချုပ်မှုကိုင်တွယ်မှုပိုင်းမှာ လည်းအားနည်းလို အခုလောက်ထိဖြစ်ခဲ့တာ၊ ဘယ်သူနာတယ်၊ ဘယ်သူသာ တယ်ဆိုတာတော့ မိတ္တီလာမှာဖြစ်တဲ့ကိစ္စဆိုအားလုံးဟာ မြန်မာနိုင်ငံသားအချင်းချင်းဆိုတော့ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ကြသလိုပါပဲ။ ကျွန်တော်တို့ သွေးဆူမလွယ်ဘဲ သတိကြီးကြီးနဲ့ ဆင်ခြင်သုံးသပ်ရပါလိမ့်မယ်။ အေးအေးချမ်းချမ်း နေကြရတာကတော့ အကောင်းဆုံးပေါ့ဗျာ။ အဲလိုမှမဟုတ်ဘူးဆိုရင်လည်း တိုင်းပြည်ဆူပူဆူပူမှုကိုအကြောင်းပြပြီး ခုမှအစပျိုးကာစ အပြောင်းအလဲတွေက နောက်ပြန် လှည့်သွားနိုင်တယ်လေ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တစ်နိုင်ငံလုံးငြိမ်းချမ်းနေစေချင်ပါတယ် ဟုပြောသည်၊ ထိုအပြင် ဗုဒ္ဓဘာသာ၀င်လူငယ် blogger တစ်ဦးဖြစ်သူ ကိုအောင်မိုးကလည်း သူအမြင်ကို အောက်ပါအတိုင်း ပြောပြခဲ့သည်။
မြန်မာပြည်မှာဖြစ်တဲ့ ပဋိပက္ခကို ဘယ်သူလွန်သလဲ မလွန်သလဲ ကိုတော့ ကိုယ်တိုင်ကြုံဖူးတဲ့ သူပဲသိလိမ့်မယ်။ ဟိုတလောက ဖြစ်တဲ့ မိတ္ထီလာ ဘက်ကိုရောက်ခဲ့ပါသေးတယ်။ အဲဒီ့မှာ ဘယ်ကနေဘယ်လိုစဖြစ်တယ်ဆိုတာတော့ နယ်ခံတွေပြောပြကြ တယ်။ တကယ်မကောင်းတာတစ်ခုက တောကြောင်တွေပါပဲ။ နောက်ပြီး ဒီလိုဖြစ်အောင်ပြုလုပ်တဲ့ နောက်ကွယ်ကလူတွေကို ထိထိရောက်ရောက်တော့ အရေးယူသင့်ပါတယ်။ အားလုံးကတော့ ငြိမ်းချမ်းရေးကိုမျှော်လင့်တာပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်စားသောက်ချင်ကြတာပါပဲ။ အကြမ်:ဖက်မှုတွေ ဘယ်ကစတင်သလဲ ဘယ်လိုဖြစ်ပွားသလဲ ဆိုတာ သေချာစုံစမ်း သင့်တယ်လိုတော့ထင်တာပါပဲ။ နောက်ဒီလိုအခြေအနေကလည်း ရခိုင်မှာကတည်းကဖြစ်လာတာ တစ်နှစ်နီးပါး ဖြစ်တော့မယ်၊ အစိုးရဘယ်လိုကိုင်တွယ်မလဲဆိုတာ အားလုံးကစောင့်ကြည့်တယ်၊ လိုချင်တာကတော့ အားလုံးငြိမ်းချမ်း ချင်တဲ့သဘောပါ ဟု ပြောသည်။
ယင်းကမလေးရှားအရေးနှင့် ပတ်သက်၍ သူအမြင်ကိုပြောရာတွင် အချိုတွေကပြောကြမယ် မြန်မာကအဓိကရုဏ်းတွေ ကြောင့် မလေးရှားကိုကူးသွားရသလားဆိုတော့ ကျွန်တော်ကတော့ အဲလိုမထင်ပါဘူး။ မလေးရှားကအဖြစ်တွေဟာ လုပ်ကြံဖန်တီးမှုတစ်ခုလိုသာ မြင်ပါတယ်။ မြန်မာပြည်က အဓိကအဓိကရုဏ်းတွေကြောင့််လို့ ကျွန်တော်မမြင်မိပါဘူး၊ အဲသည်မှာ သွားမြင်တာတစ်ခုက မလေးရှားမှာရော တကယ်ကျွန်တော်တို့လူမျိုး အသတ်ခံရတဲ့အခါမှာ ဘယ်လိုအရေးယူ သလဲဆိုတာပါပဲ။ အဲဒီ့မှာရောက်နေတဲ့ အစ်မတွေအစ်ကိုတွေ ပြောတာတော့ မြန်မာတွေပိုတောင်အဖမ်းခံရပါသေးတယ်။ ကျွန်တော်သိတာကတော့ မြန်မာပြည်ကဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကတော့ မလေးရှားကမြန်မာတွေ ထိခိုက်တယ်လို မထင်ပါဘူး။ အဲဒါကသတ်သတ်ပါ ဟုပြောသည်။
လူမှုဆက်သွယ်ရေးကွန်ရက်များမှ သွေးထိုးလှုံဆော်မှု များနှင့်ပတ်သက်၍ အဓိက ဖေ့စ်ဘုတ်က မဟုတ်မမှန်သတင်း လွှင့်တဲ့ သူတွေ အဆိုးဆုံးပါပဲ၊ နောက်ပြီ သေသေချာချာ ဂဃနဏမသိဘဲ လူအခွင့်အရေး လို့အော်တဲ့သူတွေလည်းရှိပါသေးတယ်။

၀၃၉

One comment on “အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ကြခြင်းကြောင့် တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာဖြစ်

  1. စစ်တပ်နှင့် ကြံ့ဖွတ်ပါတီက နိုင်ငံရေး အမြတ်ထွက်အောင် လုပ်ကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *