“ရန်ကုန်မှာ ကျွန်တော်တို့ကို မတရားရိုက်နှက်ဖြိုခွင်းမယ်ဆိုရင် စောင့်ကြည့်ပေးမယ့် ပြည်သူလူထုတွေ၊ မီဒီယာတွေ အပြည့်အဝရှိတဲ့အတွက် ဒီလိုနေရာမျိုးကို ရောက်ချင်တယ်”

လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသားများနှင့်အတူ ရောက်ရှိနေသည့် ဗကသဥက္ကဋ္ဌကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်နေသည့် သပိတ်မှောက်ကျောင်းသားများသည် လက်ပံတန်းမြို့မှ သာယာဝတီမြို့သို့ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ချီတက်ရန် ရည်ရွယ်ထားသော်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ တားမြစ်ခြင်းကို ခံထား ခဲ့ကြရသည်။ သပိတ်စစ်ကြောင်းနှင့် ပတ်သက်၍ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗကသဥက္ကဋ္ဌ ကျော်ကိုကိုနှင့် ပဲ့တင်သံဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည်။ မေးမြန်းခဲ့သည်များမှ ဖြေကြားချက်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး။   ။ လက်ရှိသပိတ်စစ်ကြောင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။   ။ လက်ရှိသပိတ်စစ်ကြောင်းရဲ့ အခြေအနေက အခုလက်ပံတန်းမြို့မှာ စခန်းချထားတယ်။ အောင်မြေ ဗိမာန်ကျောင်းကနေ စထွက်တယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က သာယာဝတီကို သွားချင်တယ်။ သာယာ ဝတီကိုရောက်ရင် ရန်ကုန်ကို အခြားသော နည်းလမ်းတွေ ရွေးချယ်ပြီး ရောက်အောင်သွားမယ်။ ရန်ကုန် ရောက်ရင် လူစုခွဲဖို့ အစီအစဉ်ရှိတယ်။ လူစုခွဲတယ်ဆိုတာ သပိတ်လှန်တာမဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို စောင့်ကြည့်ဖို့ ရုံးခန်းတစ်ခုဖွင့်ပြီး အဲဒီကနေ ဆက်ပြီးတော့ စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ်။ ကျွန်တော်တို့ လွှတ်တော်မှာ တင်ထားတဲ့ ဥပဒေကြမ်းအတည်မပြုဘူး။ ဒါမှမဟုတ် ကျွန်တော်တို့ တောင်း ဆိုချက်တွေ မပါဝင်ဘဲ အတည်ပြုလိုက်မယ်ဆိုရင် သပိတ်ဆက်မှောက်မှာဖြစ်တယ်။ သပိတ်လှန်တာမဟုတ် ပါဘူး။ ပထမ သာယာဝတီကို အရောက်သွားမယ်။ သာယာဝတီကနေ ရန်ကုန်သွားမယ် ဆိုတဲ့ အစီအစဉ်ချပြီး သား ဖြစ်တယ်။ ဒီတောင်းဆိုချက်တွေကို အစိုးရကို အသိပေးတောင်းဆိုပြီးသားဖြစ်တယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့သွားချင်နေတဲ့လမ်းကို ရဲအင်အားနဲ့ ပိတ်ဆို့တားဆီးနေတာ တွေ့ရတယ်။ လက်နက်နဲ့အကြမ်းဖက်ဖို့ ရည်ရွယ်ချက်ရှိတာကိုလည်း တွေ့ရတယ်။

မေး။   ။ လွှတ်တော်မှာ ကြန့်ကြာနေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ လွှတ်တော်မှာ ကြန့်ကြာတယ်ဆိုတာ ကျွန်တော်ထင်တာ တော့ အစိုးရဘက်ကနေ၊ လွှတ်တော်ဘက်ကနေ အချိန်ဆွဲတာပဲဖြစ်တယ်။ ဘာလို့လဲဆိုရင် ကြန့်ကြာစရာအကြောင်းမရှိဘူး။ အရေးပေါ် အဆိုတင်သွင်းတာမျိုး အလျင်အမြန်ဆုံးဖြတ်တာမျိုး လုပ်မယ်ဆိုရင် လုပ်လို့ရတယ်။ ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘူး ထူးခြားတဲ့ ကိစ္စဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး စစ်ကြောင်းအသွယ်သွယ်နဲ့ သပိတ် မှောက်ခဲ့တယ်။ ဒီတော့ အလေးထားရမယ့်ကိစ္စဖြစ်တယ်။ အစိုးရအနေနဲ့လည်း အာရုံစိုက်ရမယ့်ကိစ္စ ဖြစ်တယ်။ အစိုးရအနေနဲ့ အရေးမကြီးတဲ့ပုံစံနဲ့ အကောင်အထည်ဖော်တာမျိုး မဖြစ်စေချင်ဘူး။ လွှတ်တော် Processes ဟာ ကြန့်ကြာ တတ်တယ်။ တခြားကိစ္စမှာ မှန်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စမှာ လွှတ်တော် Processes ကြန့်ကြာနေလို့ မကောင်းဘူးလို့မြင်တယ်။ အဲဒါကြောင့် အချိန်ဆွဲ တဲ့နည်းနဲ့လုပ်နေပြီး ကျွန်တော်တို့သပိတ်စစ်ကြောင်းကို ဖြိုခွဲချင်တဲ့ ရည်ရွယ်ချက်ကို တွေ့ရတဲ့အတွက် အစိုးရရဲ့လုပ်ရပ်တွေက ရိုးသားတယ်လို့ မြင်စရာ မကောင်းဘူးဗျ။

မေး။ ။ လွှတ်တော်မှာ အခြားအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ကြားနာပွဲ ပြုလုပ်မယ့်အစီအစဉ်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ။ ။ ကြားနာမှုမှာ ကျွန်တော်တို့က ပြောပြီးသား။ လေးပွင့်ဆိုင်ဆွေး နွေးပွဲကနေ ဖြစ်ပေါ်လာတဲ့ ဥပဒေ မူကြမ်းဖြစ်တဲ့အတွက်ကြောင့် လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းမှုနဲ့ ပြတ်ပြတ်သားသားဖြေရှင်းလို့ရတယ်။ ပြီးရင် ဘယ်လိုလုပ်မလဲဆိုတော့ လေးပွင့်ဆိုင်ဆွေးနွေးမှု ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဒီဟာသည် ဥပဒေအရ လွှတ်တော်က အတည်ပြုပေးဖို့ပဲလိုပါ တယ်။ တစ်သုတ်ချင်းစီ ဆွေးနွေးတယ်ဆိုတာလည်း ကြန့်ကြာအောင် လုပ်တာလို့ပဲမြင်တယ်။ နောက်ပြီး တချို့အဖွဲ့အစည်းတွေမှာလည်း မလိုအပ်တဲ့အဖွဲ့အစည်းတွေ ပါဝင်နေတာ တွေ့ရတဲ့အတွက် ဒါဟာလည်း မရိုးသားမှုပဲလို့မြင်တယ်။

မေး။ ။ အခြားသပိတ်စစ်ကြောင်းတွေ ရပ်နားထားပေမဲ့ ဗကသဦးဆောင်တဲ့ မန္တလေးသပိတ်စစ်ကြောင်း ဆက်လက်ချီတက်နေတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ အခြားသပိတ်စစ်ကြောင်းတွေက ကျွန်တော်တို့ဗကသသပိတ်စစ် ကြောင်းလောက် အင်အားမကောင်းဘူး။ ဗကသသပိတ်စစ်ကြောင်းဆိုတာ မန္တလေး-ရန်ကုန်ချီတက်ခဲ့ကြတဲ့ နယ်ခရီးစဉ်တစ်လျှောက်လုံး ကျောင်းသားရဲ ဘော်တွေ စုပေါင်းပြီးပါဝင်လာတယ်။ ပြီးတော့ နဂိုကတည်းက ရည်ရွယ်ချက်နဲ့ ပိုင်းဖြတ်ထားတာ။ ရန်ကုန်ထိ ချီတက်မယ်။ ရန်ကုန်ရောက်ရင် စကားပြောမယ်။ ရန်ကုန်ထိ ချီတက်ရေးက အရေးကြီးသလားဆိုတော့ အဓိက အဲဒါ မဟုတ်ဘူး။ ဥပဒေမူကြမ်း အတည်ပြုပေးဖို့ပဲ။ ကျွန်တော်တို့ ရေးဆွဲထားတဲ့ဥပဒေမူကြမ်းကို အတည်ပြုဖို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ပါတဲ့ ဒီမိုကရေစီစံချိန်မီတဲ့ဥပဒေတစ်ခုဖြစ်ပေါ်လာဖို့ ဒါကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ပဲ။ အဲဒီရလဒ်ကောင်းတွေ ပေါ်ထွက်မလာသေးဘူး။ ပေါ်ထွက်မလာမချင်း ကျွန်တော်တို့ တွေက ဖိအားပေးတဲ့အလုပ်တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆွေးနွေးမှုနဲ့ ဖိအားပေးမှာဖြစ်တဲ့ အတွက် အခုလောလောဆယ် ရန်ကုန်ကိုသွားဖို့ ရည်ရွယ်ချက်က ဒီဒေသမျိုးမှာ ဒီလိုမလုံမခြုံဖြစ်နေမယ့်အစား ရန်ကုန်မှာ ပြည်သူလူထုတွေ၊ မီဒီယာတွေ ဝန်းရံအားရှိတယ်။ ကျွန်တော်တို့ကို မတရားရိုက်နှက်ဖြိုခွင်းမယ် ဆိုရင် စောင့်ကြည့်ပေးမယ့်မီဒီယာတွေ အပြည့်အဝရှိတဲ့အတွက် ဒီလို နေရာမျိုးကို ရောက်ချင်တယ်။ ရန်ကုန်က နေတစ်ဆင့် လူစုခွဲချင်တယ်။ ဒါကြောင့် ရန်ကုန်ကို သွားဖို့ ဆုံးဖြတ်ရတာပါ။

မေး။ ။ အစိုးရက အထိုက်အလျောက်လိုက်လျောမှုတွေရှိတယ်လို့ သုံးသပ်ကြပြီး ကျောင်းသားတွေ သပိတ်ဆက်လက်ဆင်နွှဲနေခြင်းအပေါ် ဝေဖန်မှုတွေရှိနေတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။

ဖြေ။ ။ ကျောင်းသားတွေ ဘာကြောင့် သပိတ်ဆင်နွှဲရတာလဲ။ အစိုးရက ဘာကြောင့်လိုက်လျောသလဲဆိုတာ ကျွန်တော်သိတာက အစိုးရက လိုက်လျောတာက မူအားဖြင့် သဘောတူပါတယ်ဆိုပြီး ပြောပေမဲ့ လက်တွေ့မှာ အစိုးရဟာ ကျွန်တော်တို့တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ရဲ့ရှေ့မှာ ဏမန-ခသညိငအငသည ၉ ချက်ကို ချိုးဖောက်ပြီး ကျောင်းသားတွေကို တရားစွဲတာ တွေ၊ ပုဒ်မတပ်တာတွေရှိတယ်။ ပညာရေးလှုပ်ရှားမှုသက်သက်နဲ့ ဘယ်ကျောင်းသားမှ အရေးမယူပါဘူးဆိုတဲ့ ကတိကို သူတို့ချိုးဖောက်တာ။ ဒါ မဖြစ်သင့်ဘူး။ အဲလိုအခြေ အနေမျိုးတွေကြောင့် ဆက်လက်သပိတ်မှောက်ပြီး ဖိအားပေးဖို့ဆုံးဖြတ်ရတာ။ ကျွန်တော်တို့က တမင်လမ်းပေါ် ထွက်ချင်လွန်းလို့ ထွက်နေတာမဟုတ်ဘူးဆိုတာ သိစေချင်တယ်။ နောက်ပြီးတော့ အခုပေးတဲ့ကတိဆိုတာ အချိန်မရွေးချိုးဖောက်လို့ရတဲ့ကတိ။ ခိုင်ခိုင်မာမာထွက်ပေါ်လာတဲ့အနေအထားမဟုတ်သေးတော့ ဆက်လက် သပိတ်မှောက်ရတာဖြစ်ပါတယ်။

မေး။ ။ သပိတ်စစ်ကြောင်းမှာ ပါဝင်လိုက်ပါနေတဲ့ ကျောင်းသား တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ဘယ်လိုစီမံထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ကတော့ သပိတ်စစ်ကြောင်းမှာ ပါဝင် နေတဲ့ ကျောင်းသားတွေရဲ့ သန္နိဋ္ဌာန်က သပိတ်ကို ပြီးစီးအောင် ဆက်လက်တိုက်ပွဲဝင်ရေး၊ သူတို့ထဲက တချို့တလေက စာမေးပွဲဖြေချင်တဲ့ ဆန္ဒရှ ိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း အစိုးရနဲ့ ဆွေးနွေးပြီးတော့ ရန်ကုန်ရောက်လို့ လူစုခွဲပြီးတာနဲ့ စာမေးပွဲဖြေတာတွေက လုပ်လို့ရတယ်။ အခုလို မဟုတ်ဘဲနဲ့ လာရောက်တားဆီးတာတွေ၊ တားမြစ်တာတွေရှိရင် ကျောင်းသားဆိုတာ ဖိရင် ကြွတယ်၊ ထိရင် ချတယ် ဆိုတဲ့သဘောထားရှိတယ်။ သူတို့ကို အဲဒီလိုထိပြီဆိုရင် သူတို့မှာ စာမေး ပွဲဖြေဖို့လည်းရှိတော့မှာမဟုတ်ဘူး။ မတရားမှုကို တွန်းလှန်ပြီး လုပ်ဆောင်စရာရှိတာတွေ အားလုံးကို လုပ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချထားကြတယ်။ အဲလိုဖြစ်အောင်လုပ်တာဟာ အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရကသာ ကျောင်းသားတွေရဲ့ ပညာရေးကို ရိုက်ချိုးတာဖြစ်တယ်။ အစိုးရက အေးအေး ဆေးဆေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေး ရေးအဖြေရှာတာကောင်းတယ်။ ကျွန်တော်တို့လိုလားချက်တွေကို လိုက် လျောပြီး ကျွန်တော်တို့လည်း အေးအေးဆေးဆေးရန်ကုန်ရောက်ပြီး ကျောင်း သားတွေလည်း အေးအေးဆေး ဆေးစာမေးပွဲဖြေရလိမ့်မယ်။ ဒီလိုမှမဟုတ် ရင် အစိုးရက ကျောင်းသားတွေရဲ့ပညာရေးကို ဖျက်ဆီးပစ်နေတာနဲ့ တူတယ် လို့ပဲ ဝေဖန်ချင်ပါတယ်။

ဝ၅၄

Leave a Reply

Your email address will not be published. Required fields are marked *