မမျှတမှုများ မော်ရင်ညို ထောက်ပြ

ဖေဖော်ဝါရီ ၂၂

ချယ်လ်ဆီးအသင်း၏အိမ်ကွင်း Stamford Bridge တွင် ဖေဖော်ဝါရီ လ ၂၁ ရက်နေ့က Burnley အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း အလယ်တန်းလူ အသက် ၂၆ နှစ် အရွယ်ရှိ ဆာဘီးယားနိုင်ငံသား Nemanja Matic ကို ကွင်းလယ်ဒိုင်လူကြီး Martin Atkinson က အနီကတ်ပြား ပြသထုတ်ပယ်ခဲ့ခြင်းသည် Capital One Cup ဖိုင်နယ်ပွဲစဉ်များနှင့် လွဲချော်စေမည်ဖြစ်သဖြင့် နည်းပြ မော်ရင်ညို၏ နည်းဗျူဟာများအတွက် အထိနာသော ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ရသည်။

Matic သည် Burnley အသင်း၏ ရှေ့တန်းလူ Ashley Barnes နှင့် ဘောလုံးယှဉ်လုရာတွင် အနည်းငယ်မျှ အဝင် နောက်ကျခဲ့သော Barnes က Matic ၏ ညို့သကျည်းကို ဖိနပ်ဖြင့် တက်နင်းမိသည်အထိ ထိခိုက်စေခဲ့သော်လည်း ကွင်းလယ်ဒိုင်က မြင်တွေ့ခြင်းမရှိဘဲ Barnes အား တွန်းထိုးလှဲချသည့် Matic ကို အနီကတ်ပြား ပြသထုတ်ပယ်လိုက် ခြင်းဖြစ်သည်။ ဆာဘီးယားနိုင်ငံ လက်ရွေးစင်လည်းဖြစ်သော Matic သည် သုံးပွဲပယ် ပြစ်ဒဏ်ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေရပြီး ဝင်ဘလေကွင်း၌ ရှေ့သီတင်း ပတ်ကုန်ရက်တွင် Tottenham အသင်းနှင့် ကစားမည့် ပွဲစဉ်တွင် မော်ရင်ညို ၏အသင်း၌ ပါဝင်ခွင့်ရနိုင်မည်မဟုတ်ပေ။ ထို့အပြင် လန်ဒန်ဒါဘီပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမည့် West Ham အသင်းနှင့်ပွဲစဉ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ကြိုးပမ်းနေသည့် South- ampton အသင်းနှင့် ပွဲစဉ်တို့ကိုလည်း လွဲချော်ရဦးမည်ဖြစ်သည်။

ချယ်လ်ဆီးနည်းပြ Jose Mourinho က ချယ်လ်ဆီးအသင်းအပေါ် တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်များကို Sky Sports ရုပ်/ သံ၏ Goalsအစီအစဉ်တွင် ပြောကြားခွင့်ရရန် ယင်းကိုယ်တိုင် မေတ္တာရပ်ခံတောင်းဆိုခဲ့ပြီး Burnley နှင့် ပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်းအပေါ် မျှတမှုမရှိခဲ့သော ဆုံးဖြတ်ချက်လေးရပ်ကို ထောက်ပြဝေဖန်ကာ ချန်ပီယံဆု ပြေးလမ်း ပေါ် ရောက်ရှိနေချိန်တွင် အရေးပါသောရမှတ်နှစ်မှတ် ဆုံးရှုံးခဲ့ရပုံကို ၂၇ မိနစ် ကြာမျှ အကျယ်တဝင့် ရှင်းလင်းပြောကြားသွား ခဲ့သည်။

ဝ၂၇၊ BBC Sport

Leave a Reply

Your email address will not be published. Required fields are marked *