ဈေးဝယ်စင်တာများ တိုက်ခိုက်ရန် Al Shabaab ခြိမ်းခြောက်

ဖေဖော်ဝါရီ ၂၃

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ် Bloomington မြို့မှ Mall of America, ကနေဒါနိုင်ငံမှ West Edmonton Mall နှင့် လန်ဒန်မြို့ Oxford Street မှ ဈေးဝယ်စင်တာများအား တိုက်ခိုက်မှု ပြုလုပ်ရန် ဆိုမာလီ အကြမ်းဖက်အဖွဲ့ Al Shabaab က တောင်းဆိုထားသော ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ကြောင်း Fox 9 သတင်းဌာနက ဖော်ပြခဲ့သည်။

ပြသချိန် ခြောက်မိနစ်တာ ကြာမြင့်သော အဆိုပါဗီဒီယိုတွင် ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ရသော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှ West- gate Mallအား ၂၀၁၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့သည့် ဓာတ်ပုံများ၊ အကြမ်းဖက်သမားတို့ အောင်ပွဲခံနေပုံများကို ပြသထားသည်။

ဗီဒီယိုအဆုံးတွင် နောက်ခံစကားပြောကြားသူက အနောက်နိုင်ငံများရှိ ဈေးဝယ်စင်တာများကို တိုက်ခိုက်ကြရန် မွတ်စလင် လူထုအား လှုံ့ဆော်ပြောကြားသွားခဲ့သည်။

ဗီဒီယိုတွင် Mall of America ၏ ဓာတ်ပုံကို တည်နေရာမြေပုံညွှန်းများနှင့်တကွ ဖော်ပြခဲ့သည်။ Mall of America ဈေးဝယ်စင်တာမှ တာဝန်ခံတို့က လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ကြသည်။

အမေရိကန် အာဏာပိုင်တို့ကမူ ဈေးဝယ်စင်တာများကို တိုက်ခိုက်မည်ဆိုသည့် ယုံကြည်လောက်သော သက်သေအထောက် အထားများ မတွေ့ ရှိရသေးကြောင်း ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများရှိ ဥပဒေထိန်းကျောင်းရေးအဖွဲ့အစည်းများ အကူအညီ ဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။

ဝ၂၇၊ Fox News

Leave a Reply

Your email address will not be published.