အီရတ်မှ IS အဖွဲ့ကို တိုက်ထုတ်မည့်စစ်ဆင်ရေး ဆင်နွှဲရာတွင် ပြင်သစ်လေယာဉ်တင်သင်္ဘောနှင့် ရေတပ်များ တရားဝင်စတင်ပါဝင်

ဖေဖော်ဝါရီ ၂၃

ပြင်သစ်နိုင်ငံ၏ Charles de Gaulle လေယာဉ်တင်သင်္ဘောသည် အီရတ်နိုင်ငံအတွင်းရှိ Islamic State အဖွဲ့ များကို စစ်ဆင်ရေးဆင်နွှဲရာတွင် စတင်ပါဝင်လာပြီဖြစ်ကြောင်း ပြင်သစ်စစ်တပ်သတင်းဇစ်မြစ်တစ်ရပ်က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လေယာဉ်တင်သင်္ဘောနှင့် ရေတပ်ဖွဲ့တို့သည် အီရတ်နိုင်ငံအတွင်း ဆင်နွှဲနေသည့် Chammal စစ်ဆင်ရေး အစိတ်အပိုင်း တစ်ရပ်အဖြစ် တရားဝင်စတင်ခဲ့ပြီဖြစ်ကြောင်း သတင်းဇစ်မြစ်တစ်ရပ်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြား သတင်းဇစ်မြစ်တစ်ရပ်ကလည်း လေယာဉ်တင်သင်္ဘောသည် စစ်ဆင်ရေးတွင် သီတင်းပတ်များစွာ ပါဝင်ဆင်နွှဲမည်ဖြစ် သည်ဟု ဆိုသည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean- Yves Le Drian နှင့်အတူ Charles de Gaulle လေယာဉ် တင်သင်္ဘောပေါ်သို့ လိုက်ပါခဲ့သော Le Figaro အမည်ရ သတင်းစာက ပထမဆုံးလေကြောင်း တိုက်ခိုက်မှုကို နံနက်ပိုင်း တွင် စတင်နိုင်ဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံသည် အီရတ်နိုင်ငံအတွင်း နယ်မြေအများအပြား သိမ်းပိုက်ထားသော Islamic State အဖွဲ့ကို အမေရိကန် တို့ ဦးဆောင်သော တိုက်ခိုက်မှုတွင် ပထမဆုံး ပါဝင်ခဲ့သည့်နိုင်ငံဖြစ်သော်လည်း ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက် ခိုက်ရန်ကိုမူ သဘောတူညီခဲ့ခြင်းမရှိပေ။

လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းနှင့် ဖရီးဂိတ်တိုက်ရေယာဉ်များက ခြံရံလိုက်ပါမည်ဖြစ်ပြီး ဆီဖြည့်သင်္ဘောနှင့် ဗြိတိသျှရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဖရီးဂိတ်တစ်စင်းလည်း ပါဝင်မည် ဖြစ်သည်။

ပြင်သစ်နိုင်ငံသည် ယူအေအီးနိုင်ငံရှိ စစ်အခြေစိုက်စခန်းတွင် ဂျက်တိုက်လေယာဉ်ကိုးစီး၊ ပင်လယ်ပြင်လှည့်ကင်း လေယာဉ် တစ်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးတို့ကို အီရတ်စစ်ဆင်ရေးအတွက် ထားရှိထားသည်။ ဂျော်ဒန်နိုင်ငံမှလည်း Mirage ဂျက် တိုက်လေယာဉ်ခြောက်စီး ပါဝင်ဆင်နွှဲမည်ဖြစ်သည်။

Charles de Gaulle လေယာဉ်တင်သင်္ဘောတွင် ပါရှိသည့် စစ်သည်သုံးထောင်ကျော်သည်လည်း စစ်ဆင်ရေးတွင် ပါဝင် ဆင်နွှဲမည်ဖြစ်သည်။

ဝ၂၇၊ Reuters

Leave a Reply

Your email address will not be published. Required fields are marked *