Film Independent Spirit ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Birdman က Boyhood ကိုကျော်၍ အကောင်းဆုံးဆုရ

ဖေဖော်ဝါရီ ၂၂

ထုတ်လုပ်ရေးကုန်ကျစရိတ် နည်းပါးသော ဇာတ်ကားများအနက်မှ ရုပ်ရှင်ထူးချွန်ဆုများကို နှစ်စဉ် ရွေးချယ်ဂုဏ်ပြုချီးမြှင့် ပေးသည့် Film Independent Spirit Award ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က Santa Monica ကမ်းခြေတွင် ပြုလုပ်ကျင်းပသွားခဲ့ရာ နာမည်ကျော် Birdman ဇာတ်ကားက Boyhood ကို ဖြတ်ကျော်ပြီး အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးသွားနိုင်ခဲ့ရာ အော်စကာဆုပေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ရေပန်းစားနေသော ဇာတ်ကားနှစ်ကား၏ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ခဲ့သည်။

Birdman ဇာတ်ကားမှ ခေါင်းဆောင်မင်းသား Michael Keaton က မင်းသားဆု၊ Emmanuel Lubezki က ရုပ်ရှင်အတတ်ပညာဆုတို့ကိုပါ ရရှိခဲ့သဖြင့် Birdman ဇာတ်ကားက စုစုပေါင်း သုံးဆုအထိ ရရှိသွားခဲ့သည်။

အကောင်းဆုံး ဒါရိုက်တာဆုကို Boyhood ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ Richard Linklater က ရရှိသွားခဲ့ပြီး ဇာတ်ရံမင်းသမီးဆုကို Patricia Arquette က ရယူပေးနိုင်ခဲ့သဖြင့် Boyhood ဇာတ်ကားအတွက် ဆုပေါင်း နှစ်ဆု ရရှိခဲ့သည်။

ဒါရိုက်တာဆုကို လက်လွှတ်ခဲ့ရသော်လည်း Michael Keaton နှင့် အခြားသရုပ်ဆောင်များဖြစ်သော Edward Nortan နှင့် Emma Stone တို့ကို Birdman ဒါရိုက်တာ Alejandro Inarritu က ချီးမွမ်းပြောကြားခဲ့ပြီး ဆုရရှိမှုများ အတွက် စိတ်လှုပ်ရှားစွာဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသွားခဲ့သည်။

မင်းသမီးဆုကို Still Alive ဇာတ်ကားမှ မင်းသမီးကြီး Julianne Moore ၊ အမျိုးသားဇာတ်ပို့ဆုကို Whiplash ဇာတ်ကားမှ မင်းသား JK Simmons ၊ ဇာတ်ညွှန်းဆုကို Nightcrawler ဇာတ်ကား ဇာတ်ညွှန်း ရေးသားသူ၊ Dan Gilroy ၊ မှတ်တမ်းရုပ်ရှင်ဆုကို Citizen Four ၊ နိုင်ငံတကာရုပ်ရှင်ဆုကို Ida အမည်ရဇာတ်ကားတို့က အသီးသီး ရရှိသွားခဲ့ကြသည်။

ဝ၂၇

The Hollywood Reporter

Leave a Reply

Your email address will not be published.