ငြင်းမလဲ အမှောင်နှင့်အလင်းငြင်း အမှောင်နှင့်အလင်းငြင်း ငြင်းမလဲ

အာရုံခံမျက်နှာကြက်မိုးသားတိမ်တိုက်တို့သည်ကား

မဲမှောင် ငြင်းမလဲ

အမှောင်နှင့်အလင်းငြင်း

အမှောင်နှင့်အလင်းငြင်း ငြင်းမလဲ

ငါ့ဘဝ ငါ့ရောမ

ငါတကော တောလမ်းမ

လက်သည်းဝှက်မနက်ခင်းရှိသည်

ကတည်းက နှင်းမျှချေ မိုးမျှချေ

လေပြည်လေညင်းဗဟုလွှင့်ရသ

ဘယ်မှာ အပူစူးကူးရှရှ

နှင်တံ အဆိပ်    တက်ပ မက်ပ

အိပ်မက်

ညတစ်ညလည်းဖြစ်ပြန်သပ ငြင်းမလဲ

အမှောင်နှင့်အလင်းငြင်း ငြင်းမလဲ

မြေဆီမြေနှစ်ရင်း မြေကူကွက်ချင်းနင်းထွင်

သဘာဝ တရားခွင်

စိမ်းစိမ်းစိုစို သစ်ရွက်များ သွေ့ခြောက် သွေ့သွား

သစ်ရွက်များ

ဘယ်မှာ လယ်ကန်သင်းရိုးတို့၏ မျက်ရည်စက်များ

ကြည့်ပါ ထိုဝန်းကျင်ဖွဲ့

ရေညှိဖွဲ့အုတ်ဂူ (ဘယ်လို ဘယ်လို)

လူသူအရောက်အပေါက်နည်း

(ဟတ်လား) ပျာပျာသလဲနေ့နေ့

ပျာပျာသလဲညည (ဟတ်လား) ကောင်းကင်ကိုလည်းကောင်း

မှီတင်းနေထိုင်ကြကုန်သော

(လူ၊ တိရစ္ဆာန်၊ မြစ်၊ တောတောင်)

တို့ကိုလည်းကောင်း

ရာသီသုံးပါးလမ်းသည်

ပြန်တမ်းဝင်ဖတ်စာကို ဖတ်ဖတ်ပြသွား

ရာသီသုံးပါးလမ်းသည်

ပြန်တမ်းဝင်ဖတ်စာကို ဖတ်ဖတ်ပြသွား

မည်သူမည်ဝါတို့သည်ကား

လယ်ယာမြေပခုံးသားတို့အပေါ်

ခပ်တည်တည်ခပ်မတ်မတ်

ခါးထောက်ရပ် ရယ်ရယ်မောမောရပ်

မည်သူမည်ဝါတို့သည်ကား

လယ်ယာမြေပခုံးသားတို့အပေါ်

ခပ်တည်တည်ခပ်မတ်မတ်

ခါးထောက်ရပ် ရယ်ရယ်မောမောရပ်

“ကိုယ်ချင်းစာတရားများ

မဲ့နိုင်လွန်းလိုက်ပါသကောတော် ဒီမှာ”

(လေဝဲကတော့ထိုးချိန်များရေ)

“လမ်း၌တံလျှပ်ကိုမြင်၏

တံလျှပ်ဟူသည်အဝေးမှ

ကြည့်သောအခါမြင်၏

အနီးသို့ရောက်သောအခါမမြင်

ဖြစ်လိုက် ပျက်လိုက်သော သဘောရှိ၏” (ပုပ္ဖဝဂ်)

ငြင်းမလဲ အမှောင်နှင့်အလင်းငြင်း

အမှောင်နှင့်အလင်းငြင်း ငြင်းမလဲ

အာရုံခံမျက်နှာကြက် မိုးသားတိမ်တိုက်တို့သည်ကား မဲမှောင်

 

အောင်ဇင်မင်း

Leave a Reply

Your email address will not be published.