“စေ့စပ်ညှိနှိုင်းသည့် ယဉ်ကျေးမှုကို အုပ်စိုးသောအနုရာဓနက္ခတ်မှ ပဲ့တင်သံများ”

၂၀၁၅ ခုနှစ်သည် မြန်မာ့စန္ဒြမာန မမ္မသနှစ်၏ အရုဏ်ဦးကာလတွင် နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သည့် စေ့စပ်ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုစတင်ထွန်းကားလာသည့်နှစ်အဖြစ် အာကာသကောင်းကင်က အသိအမှတ်ပြုလာမည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ အတိသောမ ဂြိုဟ်ကြာသပတေး၏ အားကောင်း သောအမြင်များက မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဆင်ခြင်တုံ တရားရှိရှိဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး အခက်အခဲများ လွန်မြောက်၍ ကောင်း ကျိုးချမ်းသာသုခရရှိမည်ဖြစ်ကြောင်း နိမိတ်ပြဆိုထားသည်။

စနေနှင့် ကြာသပတေးဂြိုဟ် လွှမ်းမိုးမှုများနိုင်သည့် နိုင်ငံတော်ဇာတာ

မြန်မာနိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်တွင် အောက်ခြေလူတန်းစားများ၊ အလုပ်သမား၊ တောင်သူလယ်သမားကို ကိုယ်စားပြုဂြိုဟ်၊ ပညာရေး(ဗန္ဓု ဘာဝ)ကိုယ်စားပြုဂြိုဟ် စနေဂြိုဟ်သည် ၂၀၁၅ ခုနှစ်မှ ၂ နှစ် ၃ လနှင့် ၂၄ ရက်တိတိ အင်အားကောင်းစွာဖြင့် စီးနင်းထားမှုကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို အမှတ်ရစေမည့် ဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ကြောင်း နက္ခတ္တဝေဒပညာရှင်များက ကြိုတင်ခန့် မှန်းထားရှိကြသည်။ အာကာသ အတွင်းရှိ ကြာသပတေး၏ အထူးအမြင်များ ကြောင့် ၂၀၁၅ ခုနှစ်သည် မြန်မာ့ သမိုင်းတွင် ကောင်းသတင်းများ ဖြင့် သမိုင်းတွင်ရစ်မည့်နှစ်၊ ဆိုးပြစ်များ ပျက်ပြားပြီး မီးကိုရေနှင့်ငြှိမ်းသတ် သကဲ့သို့ ငြိမ်းသွားနိုင်မည့်နှစ်ဖြစ် သည်။

နှစ်များစွာ အိပ်မောကျနေခဲ့သည့် စေ့စပ်ညှိနှိုင်းမှုအနုပညာ

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲမှားနေခြင်း၊ ယုံကြည်မှုအားနည်းခြင်း များကြောင့် စေ့စပ်ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှု အိပ်မောကျနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အာကာသကောင်းကင်နိမိတ်များအရ ကြာသပတေးနှင့် စနေဂြိုဟ်တို့အမြင်အား ကောင်း ချိန်ဖြစ်သည့် ၁၉၄၇ ခု ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော တိုင်းရင်းသား များ ယုံကြည်နားလည်မှုများဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရာမှ ပင်လုံစာချုပ်ချုပ် ဆိုနိုင်သည်အထိ သမိုင်းဝင်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။

၂၀၁၅ ခု ဖေဖော်ဝါရီလတွင် အာကာသကောင်းကင်ရှိ ကြာသပတေးနှင့် စနေဂြိုဟ်တို့ အမြင် အားကောင်းချိန် သည် ၁၉၄၇ ခု ကောင်းကင်ဖြစ်စဉ်နှင့် တူညီနေသောကြောင့် နှစ်ပေါင်းများစွာ အိပ်မောကျနေသည့် နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံစေ့စပ်ညှိနှိုင်း မှုများ ပြန်လည်နိုးထလာခဲ့သည်မှာ အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင် ဆွေးနွေးမှုရလဒ်ကောင်းများက သက်သေခံလျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်များကို နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့ လက်မှတ်ရေးထိုး နိုင်ခဲ့သည့် မင်္ဂလာဖြစ်စဉ်များမှာလည်း နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့သည့် ပြယုဂ်ပင်ဖြစ်သည်။

ပဋိပက္ခအုပ်စိုးသော အင်္ဂါဂြိုဟ်အား ကောင်းနေသည့် ဖေဖော်ဝါရီ၊ မတ်

အာကာသကောင်းကင်ရှိ ပဋိပက္ခ အုပ်စိုးသော အင်္ဂါဂြိုဟ်သည် နိုင်ငံတော်ကံကြမ္မာ၏ အဓိကနေရာများကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၂၃ ရက် အထိ လွှမ်းမိုးမည့်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်အကြီးအကဲ များအနေဖြင့် နိုင်ငံရေးစိန်ခေါ်မှုများ၊ နယ်စပ်ရေးရာကိစ္စရပ်များကို အကျပ် အတည်းများကြားမှ ခက်ခဲစွာ ဖြေရှင်း ရမည့်ကာလဖြစ်ကြောင်း ဂြိုဟ်၊နက္ခတ်များမှ ကြိုတင်နိမိတ်ပြဆိုထားသည်။

အမျိုးသားပညာရေး ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံမှုနှင့် ဂြိုဟ်၊ နက္ခတ်အမြင်

အမျိုးသားပညာရေးဥပဒေပြင် ဆင်ရေးအတွက် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားများ၏ ပညာရေး လေးပွင့်ဆိုင်ဆွေးနွေးရေးသည် ဖေဖော် ဝါရီ ၁၆ ရက်မှ မတ် ၈ ရက်၊ မတ် ၂၈ ရက်မှ ဧပြီ ၁၂ ရက်ကာလများ တွင် အမျိုးသားပညာရေးဥပဒေပြင် ဆင်ချက် ၁၁ ချက် အပါအဝင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်လာ နိုင်လိမ့်မည်။

နေအပြည့်ကြတ်မည့်ဖြစ်စဉ်နှင့် ကြုံနေသည့် မြန်မာ့နိုင်ငံရေး

နိုင်ငံတော်၏ ပညာရေးနှင့် ကျောင်းသားလူငယ်များကို အုပ်စိုးသော မိန်ရာသီတွင် နေအပြည့်ကြတ်မည့် ဖြစ်စဉ်တစ်ခု မတ် ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၆ မိနစ်အချိန်တွင် ဖြစ်ပေါ်နိုင်သည်။ ထို ဖြစ်စဉ်တွင် ပဋိပက္ခဂြိုဟ် အင်္ဂါဂြိုဟ် ပါဝင်နေမှုကြောင့် သပိတ်မှောက် ကျောင်းသားများအနေဖြင့် ပြင်ပအဖွဲ့ များ၏ ပယောဂများကြောင့် ဦးတည် ချက် တိမ်းစောင်းသွားနိုင်ကြောင်း သွေးထိုးလှုံ့ဆော်မှု အုပ်စိုးသောအင်္ဂါ ဂြိုဟ်က သတိပေးထားသည်။ မည်သို့ သော အခက်အခဲအကျပ်အတည်းများ ကို ဖြစ်စေ ဖြေရှင်းကျော်လွှား နိုင်သော စွမ်းရည်သတ္တိရှိနေသည့် တနင်္ဂနွေဂြိုဟ် (မင်း အစိုးရ)က အမြော်အမြင်တရားရှိ စွာဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။

မြန်မာ့တပ်မတော်နှင့် ကိုးကန့်လက် နက်ကိုင်ပဋိပက္ခဖြစ်စဉ်နှင့် ဂြိုဟ်၊ နက္ခတ်အမြင်

မြန်မာ့တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်မှစ၍ လောက်ကိုင်မြို့အနီး ကျေးရွာများ တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိချိန်သည် ကောင်းကင်ရှိ စနေဂြိုဟ်အနုရာဓနက္ခတ်သို့ စီးနင်းချိန်ဖြစ်သည်။ နက္ခတ္တဝေဒပညာအရ နိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်အပေါ် စနေဂြိုဟ် သည် အနုရာဓနက္ခတ်အပေါ် စီးနင်းခိုက် တွင် နိုင်ငံ၏ အရှေ့မြောက်အရပ်ဒေသ နယ်စပ်လုံခြုံရေးပြဿနာဖြစ် ပွားတတ်ပြီး နယ်စပ်ပြည်နယ် မငြိမ် မသက်ဖြစ်တတ်သည်ဟု ဖွင့်ဆိုထားသည်။ အင်္ဂါဂြိုဟ်အမြင်အားကောင်း ချိန်ဖြစ်သော်လည်း အစိုးရ၊ တပ်မတော် အုပ်စိုးဂြိုဟ် တနင်္ဂနွေဂြိုဟ် ပိုမိုအားကောင်းချိန်ဖြစ်သောကြောင့် မတ် ၁၄ ရက်မတိုင်မီ ပဋိပက္ခကို နိုင်နင်းစွာ ဖြေရှင်းနိုင်လိမ့်မည်။

သို့ရာတွင် မတ် ၁၅ ရက်မှစ၍ နောက်ပြန် (ဝကြ) သွားမည့် ကောင်းကင်ရှိ စနေဂြိုဟ်၏အရှိန်ကြောင့် နယ်စပ် လုံခြုံရေးကို ယခင်ကာလများထက် ပိုမိုဂရုပြုရန် လိုအပ်မည်ဖြစ်ပြီး ဧပြီ ဒုတိယပတ်ဝန်းကျင်တွင် နယ်စပ်လုံ ခြုံရေးကို ထိခိုက်စေမည့် ပဋိပက္ခများ ဖြစ်ပေါ်နိုင်သည်။

လူ့ယဉ်ကျေးမှုသမိုင်းတွင် နက္ခ တ္တဝေဒပညာရပ်သည် မင်းအတိုင်ပင်ခံပညာတစ်ရပ်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏ ကံကြမ္မာကို နက္ခတ္တဝေဒပညာဖြင့် အနာဂတ်ကာလကို ကြိုတင် ညွှန်ပြခန့်မှန်းခြင်းသာဖြစ်သည်။ ရာခိုင် နှုန်းပြည့် ဖြစ်ပွားလိမ့်မည်ဟု အတိအကျပြောဆိုနိုင်ခြင်းမှာ မစွမ်းနိုင်ပါ။ ကိုယ့်ကြမ္မာ ကိုယ်သာ ဖန်တီးရမည် ဖြစ်ပေသည်။

ဆရာ ဝဏ္ဏ (ဝေဒ)

B.Sc (Maths), H.G.P

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.