ဆန်းချက်၏ ပင်ကိုယ်ပုံစံ ပျောက်နေဟု အာဆင်ဝင်းဂါး ဆို

ဖေဖော်ဝါရီ ၁၅

အာဆင်နယ်အသင်းမန်နေဂျာ Arsene Wenger က အသင်း၏ အဓိက ကစားသမား Alexis Sanchez သည် ပွဲဦးထွက်ပရီးမီးယားလိဂ်ရာသီတွင်ပင် ပွဲပန်းသည့်လက္ခဏာများ ပြသကောင်း ပြသလာနိုင်ကြောင်း ဝန်ခံပြောကြား လိုက်သည်။

ချီလီနိုင်ငံအသင်း လက်ရွေးစင်ကစားသမားဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ Alexis Sanchez သည် အာဆင်နယ် အသင်းအတွက် ပွဲပေါင်း ၃၂ ပွဲ ကစားခဲ့ရာမှ ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သော်လည်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက Leicester အသင်းအား အနိုင်ရခဲ့သောပွဲစဉ်တွင် Sanchez ကစားဟန်မှာ ကိုယ်တိုင်ကစားခြင်းမဟုတ်သကဲ့ သို့ ခံစားရကြောင်း Wenger က ပြောကြားခဲ့သည်။ ထိုပွဲစဉ်တွင် ဒူးဒဏ်ရာကြောင့် Sanchez ကို လူစားလဲလှယ်ပေးခဲ့ ရပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် FA Cup ပွဲစဉ်အဖြစ် Middlesborough အသင်းနှင့် ကစားရမည့်ပွဲစဉ်၌ Sanchez ပါဝင်နိုင်ရေးကို မရေမရာ ဖြစ်စေခဲ့သည်။

Sanchez သည် ယခင်ပွဲစဉ်က ကစားဟန်မျိုးမရှိခဲ့ကြောင်း၊ ယခင်ကစားဟန်အတိုင်း အမြန်နှုန်းမြင့်မြင့်ဖြင့် ကစားရမည်ကို ရှင်းလင်းစွာ သိ၊ မသိ မသေချာကြောင်း၊ ဒူးဒဏ်ရာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခင်ပွဲစဉ်များကဲ့သို့ ကစားနိုင်ခဲ့ ခြင်းမရှိကြောင်း Wenger က ပြောကြားသွားခဲ့သည်။ သို့ရာတွင် Wenger က Sanchez ၏ ဒဏ်ရာမှာ စိုးရိမ်ဖွယ်ရာ အနေအထားမဟုတ်ကြောင်းနှင့် Middlesborough နှင့် ပွဲစဉ်တွင် ဝင်ရောက်ကစားကောင်း ကစားနိုင်မည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။Sanchez ၏ ဒူးခေါင်းမှာ ရောင်ရမ်းနေသဖြင့် တနင်္ဂနွေနေ့ပွဲစဉ်တွင် မကစားနိုင်သည့်တိုင် လာမည့် သီတင်းပတ်တွင် ကစားနိုင်မည်ဖြစ်ကြောင်း Wenger က ပြောကြားသွားခဲ့သည်။ Arsene Wenger က မန်ယူအသင်း နည်းပြ Louis Van Gaalအပေါ် Westham အသင်းနည်းပြ Sam Allardyce က အဝေးပေးစနစ်ဖြင့် ကစားသည့်အတွက် ဝေဖန်ပြောဆိုမှုကိုလည်း တုံ့ပြန်လိုက်ပြီး Van Gaal ဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။

Westham အသင်းက ပြီးခဲ့သည့် သီတင်းပတ်တွင် မန်ယူအသင်းကို သရေကစားနိုင်ခဲ့ပြီးနောက် Allardyce က Van Gaal ၏ နည်းစနစ်ပိုင်းကို ဝေဖန်ခဲ့သဖြင့် Van Gaal က နည်းစနစ်ပိုင်းဆိုင်ရာ ဖြေရှင်းချက် လက်ကမ်းစာရွက်များ ဖြန့်ဝေကာ သတင်းမီဒီယာများကို ရှင်းပြခဲ့သည်။

Wenger က Van Gaalအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မလိုကြောင်း အဓိကပြဿနာမှာ မည်သည်ကို ရည်ညွှန်း သည်ဟု မသိရှိရ ကြောင်း၊ ပွဲချိန်နောက်ဆုံး ဆယ်မိနစ်ခန့်တွင် မန်ယူအသင်းက အဝေးပေး ကစားဟန်ကို ပိုမိုအသုံးပြုခဲ့ သော်လည်း ထိုသို့ကစားသည်မှာ ယုတ္တိတန်ကြောင်း၊ ငါးမိနစ်စာ ပွဲချိန်လက်ကျန်အတွင်း အလွတ်တည်ကန်ဘောရရှိပြီး ရှေ့တန်းသုံးယောက်ရှိနေပါက အနီးပေးကစားရန် ညွှန်ကြားမည်မဟုတ်ဘဲ စဉ်းစားတတ်သော အသင်းတိုင်းက အားသာချက် ကို အသုံးချသွားမည်သာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဝ၂၇၊ BBC Sport

Leave a Reply

Your email address will not be published.