စံချိန်သစ်များစွာတင်နိုင်ခဲ့သော Fifty Shades of Grey ဒေါ်လာ ၃၀ .၂ သန်းဖြင့် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာ

ဖေဖော်ဝါရီ ၁၃

ယခုသီတင်းပတ် သောကြာနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) တွင် ရုံပေါင်း ၃၆၄၆ ရုံ၌ ရုံတင်ပြသခဲ့သော Fifty Shades of Grey အမည်ရဇာတ်ကားက ရုံတင်ရက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀.၂ သန်း ရရှိကာ ရုံတင်ရက်ဝင်ငွေ အကောင်းဆုံးဇာတ်ကားဖြစ်ခဲ့သည့်အပြင် Valentine’s Day နှင့် Presidents Day အားလပ်ရက်များ ပါဝင်သော သီတင်းပတ်ကုန်ရက်တွင် ဝင်ငွေဒေါ်လာ သန်းပေါင်း ၈၀ ကျော်ရရှိရန် အလားအလာကောင်းများ ရရှိထားသည်။

နိုင်ငံတကာဈေးကွက်တွင် Fifty Shades ၏ ရလဒ်များမှာ ပိုမိုကောင်းမွန်ခဲ့ပြီး ဈေးကွက် ၅၆ နေရာ၌ ရုံတင်ပြသခဲ့ရာမှ ဝင်ငွေ ဒေါ်လာ ၁၅၈.၃ သန်းအထိ ရရှိခဲ့သဖြင့် Universalကုမ္ပဏီ၏ R အဆင့် သတ်မှတ်ချက်ရ ဇာတ်ကားများအနက် ဝင်ငွေဒေါ်လာ ၁၆၀.၃ သန်း ရရှိခဲ့သော Fast & Furious 6 ဇာတ်ကားနောက်တွင် ဒုတိယမြောက် ရုံတင်ရက်ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်လာခဲ့သည်။

Fifty Shades ၏ ရုံတင်ရက်ဝင်ငွေသည် ဖေဖော်ဝါရီလများအတွင်း ဝင်ငွေအများဆုံး စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့သည်။ ယခင် ဖေဖော်ဝါရီလ ဝင်ငွေအမြင့်ဆုံးစံချိန်မှာ ၂၀ဝ၄ ခုနှစ်တွင် ပြသခဲ့သော The Passion of the Christ အမည်ရ ဇာတ်ကားဖြစ်ပြီး ရုံတင်ရက် ဝင်ငွေ ဒေါ်လာ ၂၆.၆ သန်းဖြစ်သည်။

Fifty Shades ကို ဒါရိုက်တာ Sam Taylor-Johnson က ရိုက်ကူးပေးခြင်းဖြစ်ပြီး Dakota Johnson နှင့် Jamie Dorman တို့ ပါဝင်သရုပ်ဆောင်ပေးထားကြသည်။ Fifty Shades သည် ကြိုတင်လက်မှတ် အရောင်းစာရင်း တွင်လည်း တစ်သက်တာ ရောင်းအားအကောင်းဆုံး အဆင့် ၄ တွင် ရပ်တည်နိုင်ခဲ့သည်။ ကြိုတင်လက်မှတ်ရောင်းအား အကောင်းဆုံး ထိပ်တန်းဇာတ်ကား The Twilight Saga : New Moon, Harry Potter နောက်ဆုံးအပိုင်းနှင့် The Hunger Games ဇာတ်ကားတို့ ဖြစ်ကြသည်။

Fifty Shades ၏ မူရင်းဝတ္ထု ဇာတ်လမ်းကို စာရေးဆရာ E.L James က ရေးသားပေးထားခြင်းဖြစ်ပြီး မူရင်း ဝတ္ထုမှာလည်း ဘာသာစကား ၅၂ မျိုးသို့ ပြန်ဆိုခဲ့ရကာ ကမ္ဘာတစ်ဝန်းတွင် အုပ်ရေပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရသည်။ Fifty Shades ကို နိုင်ငံပေါင်း ၅၆ နိုင်ငံ၌ ရုံတင်ပြသခဲ့ရာတွင် ၃၄ နိုင်ငံ၌ ရုံတင်ရက် ဝင်ငွေအကောင်းဆုံးဇာတ်ကား လည်း ဖြစ်ခဲ့သည်။

သောကြာနေ့ ရုံတင်ရက်၏ ဇာတ်ကားသစ်တစ်ကားဖြစ်သော ဒါရိုက်တာ Matthew Vaughn ၏ Matthew VaughnKingsman:The Secret Service အမည်ရဇာတ်ကားကလည်း ရုံတင်ရက် ဝင်ငွေဒေါ်လာ ၁၀.၅ သန်း ရရှိကာ ထုတ်လုပ်သူ Fox ရုပ်ရှင်အတွက် မျှော်မှန်းထားသည်ထက် ပိုမိုသောဝင်ငွေကို ရှာဖွေပေးနိုင်ခဲ့သည့် Kingsman ကို ရုံပေါင်း ၃၂၀၄ ရုံတွင် ရုံတင်ပြသခဲ့သည်။ မင်းသား Colin Firth နှင့် Samuel L.Jackson တို့ ပါဝင်သရုပ်ဆောင် ပေးထားကြပြီး Colin Firth က သူ၏ ငယ်ရွယ်၍ ခေါင်းမာသော အေးဂျင့်အသစ်ကို လေ့ကျင့်ပေးရသည့် ဝါရင့်အေးဂျင့် အဖြစ် သရုပ်ဆောင်ပေးထားသည်။

ပြသဆဲဇာတ်ကားများဖြစ်သော American Sniper ဇာတ်ကားက ယခုသီတင်းပတ်ကုန်ဆုံးချိန်တွင် ဝင်ငွေဒေါ်လာ သန်း ၃၀ဝ အထက် ရောက်ရှိမည်ဖြစ်ပြီး ယခင်သီတင်းပတ်က ဝင်ငွေအကောင်းဆုံး The Sponge Bob Movie ဇာတ်ကားက ဝင်ငွေ ဒေါ်လာ သန်း ၁၀ဝ အထက်သို့ ရောက်ရှိမည်ဖြစ်သည်။

 

ဝ၂၇၊

The Hollywood Reporter

Leave a Reply

Your email address will not be published.