အီဘိုလာရောဂါ ကူးစက်ခံရသော ဒေသအတွင်းရှိ ကျောင်းများ ၆ လခန့်ပိတ်ထားခဲ့ရာမှ ယခုအခါတွင် ပြန်ဖွင့်နိုင်တော့မည်ဟု ဆို

ဖေဖော်ဝါရီ ၆

အီဘိုလာကူးစက်ခံ ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည့် လိုင်ဘေးရီးယားတွင် ခြောက်လခန့် ကျောင်းများရပ်နားခဲ့ပြီး နောက် ယခုအခါ ပြန်ဖွင့်နိုင်တော့မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် မတ်လကတည်းက အီဘိုလာ စတင်တွေ့ရှိခဲ့ပြီးနောက် ယခု အခါ အီဘိုလာဖြစ်ပွားမှုမှာ လျော့နည်းသွားသည်ဆိုသော်လည်း ကျောင်းသားတချို့ ကျောင်းပြန်တက်ရန် ထိတ်လန့်နေကြ သေးသည်။

ကျောင်းရှိ ဝန်ထမ်းများသည် ဂိတ်ဝတွင် ကျောင်းသားများကို အပူချိန်တိုင်းခြင်း ပြုလုပ်လျက်ရှိပြီး ကူးစက်မှုကို တားဆီးနိုင် ရန် ကလိုရင်းခတ်ထားသည့် လက်ဆေးရေနှင့် ဆပ်ပြာကိုလည်း ထားရှိပေးထားသည်။ စုစုပေါင်း အီဘိုလာကူးစက်မှု လူဦးရေ ၉ဝ၀ဝ ကျော် ပြီးသည်နှင့် ပြီးခဲ့သည့်အပတ်များအတွင်း ကူးစက်မှုများ လျော့နည်းလာသည်ကို တွေ့နိုင်သည်။ ဖေဖော်ဝါရီလ ၈ ရက်အထိ အီဘိုလာဖြစ်ပွားသူဦးရေ အသစ်သုံးဦးခန့်သာ ရှိတော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားသည်။ လိုင်ဘေးရီးယားအပြင် အလားတူ ကူးစက်ခံဒေသဖြစ်သည့် ဂီနီးယားတွင် ပြီးခဲ့သည့်လကတည်းက ကျောင်းများဖွင့်ခဲ့ပြီး ဆီယာရာလီယွန်ကတော့ လာမည့် မတ်လအကုန်မှ ပြန်ဖွင့်နိုင်မည်ဟုဆိုသည်။ သို့သော် ကျေးလက်မှကျောင်းများတွင် အခြေခံ လိုအပ်သော ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ ထိုင်ခုံ စသည်တို့ပင် မရှိသေးသည့်အတွက် ပြန်ဖွင့်နိုင်ရန် ခဲယဉ်းလိမ့်ဦးမည်ဟု သိရသည်။ အီဘိုလာ တားဆီးနိုင်ရန် ကာကွယ်ရေးလုပ်ငန်းများကို အစိုးရမှကျောင်းများတွင် ပေးထားသည်ဟု ဆီယာရာ လီယွန်၏ ပညာရေးဝန်ကြီးက ဆိုသည်။ ယခင်က အတန်းတစ်တန်းတွင် လူ ၁၀ဝ တက်လျှင် ယခု အယောက် ၅၀ သာ အများဆုံးထားမည်ဖြစ်သည်။

အီဘိုလာသည် ကမ္ဘာကို ခြိမ်းခြောက်ရုံမက ဒေသခံ ကျောင်းသားများကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေခဲ့သည်ဟု မွန်ရိုးဗီးယား၊ အထက်တန်းကျောင်းမှ ကျောင်းအုပ် Paul Toe ကဆိုသည်။ အဆိုးဆုံးမှာ ကျောင်းမတက်နိုင်သည့် ကလေး များကို အိမ်တွင် မိဘက အချိန်ပြည့်မကြည့်နိုင်သည့် အတွက် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကိုယ်ဝန်ရလာခြင်းဖြစ်လာ ရသည်ဟု ၎င်းက ပြောကြားသည်။ ကျောင်းသားတစ်ဦးကတော့ အီဘိုလာကြောင့် တစ်ဦးကိုတစ်ဦး ထိတွေ့ရန် စိုးရိမ်ကြ ဦးမည် မှန်သော်လည်း အိမ်တွင်ထိုင်နေရုံနှင့် မပြီးသေးဟု ဆိုသည်။

ဝ၃၁

BBC News

Leave a Reply

Your email address will not be published.