အဝလွန်ရောဂါကြောင့် မိခင်နှင့်ကလေးပါ ထိခိုက်နိုင်

ဖေဖော်ဝါရီ ၁၇

မျိုးဆက်ပွားအရွယ်အတွင်းရှိ မိခင်လောင်းလျာများတွင် အဝလွန်ပြဿနာများ ဖြစ်ပွားလျက်ရှိရာ ယင်းသည် ကလေးရော မိခင်ပါ အန္တရာယ်ရှိသည့်အတွက် အချိန်မီကာကွယ်နိုင်ရန်လိုအပ်ကြောင်း ဥရောပ အဝလွန်ရောဂါ တားဆီးရေးအဖွဲ့က ဆို သည်။

အီဒင်ဘာတက္ကသိုလ်မှ လေ့လာသူများ ပါဝင်သောအဖွဲ့သည် အဝလွန်ရောဂါရှိသော အမျိုးသမီးများကို လေ့လာခဲ့ရာတွင် ၎င်းတို့၏   အစားအစာသည် ပြည့်ဝဆီများ ကြွယ်ဝနေပြီး ဗီတာမင်နှင့် သတ္တုဓာတ်များနည်းနေကြောင်း တွေ့ရှိသည်။ ကိုယ် အလေးချိန် များလာသည်နှင့်အမျှ ကလေးတွင် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။ ကိုယ်ဝန်ဆောင်များသည် သားဖွားဆရာမများ၊ သားဖွားမီးယပ်ဆရာဝန်များသာမက အာဟာရပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များနှင့်ပါ ပြသ ရန်လိုအပ်သည်ဟု လေ့လာသူများက ဆိုသည်။ ယခင် လေ့လာမှုတစ်ခုတွင် လူ ၁၃ဝ၀ဝ ခန့် ပါဝင်ခဲ့ရာ အဝလွန်မိခင်မှ မွေးသော ကလေးသည်နှလုံး၊ သွေးကြောရောဂါ၊ လေဖြတ်ရောဂါနှင့် ဆီးချိုရောဂါ အမျိုးအစား-၂ တို့ ဖြစ်နိုင်ခြေများကြောင်း သိရသည်။ တိရစ္ဆာန်များတွင် ပြုလုပ်သော လေ့လာမှုတွင်တော့ မိခင်၏အချင်းကိုလေ့လာခဲ့ရာ အဆီများသော အစာစားသော မိခင်၏ကလေးတွင် စိတ်ဖိစီးမှုကြောင့်ထွက်သော ကော်တီစောဟော်မုန်း များနေကြောင်းသိရသည်။ ထို့ပြင် ထိုကလေးကြီး လာလျှင် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုများ ရှိလာနိုင်သည်ဟု ဆိုသည်။ အဝလွန်ရောဂါရှိသော အမျိုးသမီးများကို ကိုယ်ဝန် မဆောင်မီကတည်းက စနစ်တကျ ဂရုစိုက်ရမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးစဉ်တွင်လည်း မပေါ့ဆသင့်ဟုဆိုသည်။ အထူး သဖြင့် ကိုယ်ဝန်သည်၏ သွေးထဲတွင် သကြားဓာတ်များနိုင်နှုန်းမှာ မြင့်မားနေသည့်အတွက် ပို၍ဂရုစိုက်ရမည်ဟု သိရသည်။ ကလေးများ၏ အနာဂတ်သည် မိခင်၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် များစွာမူတည်နေသည်။

အဝလွန်ရောဂါရှိသော မိခင်လောင်းလျာသည် မမွေးမီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး မွေးပြီးလျှင်လည်း လေ့ကျင့် ခန်း စနစ်တကျ ပြုလုပ်ခြင်း၊ အစားအသောက် ပုံစံပြောင်းခြင်းတို့ ပြုလုပ်ရမည်ဟု ဆိုသည်။

ဝ၃၁

BBC News

Leave a Reply

Your email address will not be published.