သတ္တုတွင်းလုပ်ငန်းသူဌေးကြီးကို တရုတ်အာဏာပိုင်တို့ ကွပ်မျက် မာဖီးယားဂိုဏ်းဆန်သည့် ရာဇဝတ်မှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့

တရုတ်အာဏာပိုင်တို့က စီချွမ်းပြည်နယ်အခြေစိုက် သတ္တုတွင်းလုပ်ငန်းသူဌေးကြီး Liu Han အား ကွပ်မျက်လိုက်ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတို့က ဖော်ပြခဲ့ကြသည်။ Hanlong Group စီးပွားရေးအုပ်စု၏ ဥက္ကဋ္ဌ ဟောင်းဖြစ်သော Liu Han ကို မာဖီးယားဂိုဏ်းဆန် သည့် ရာဇဝတ်မှုခင်းများနှင့် လူ သတ်မှုများ ဦးဆောင်ကျူးလွန်မှု ဖြင့် ၂၀၁၄ ခုနှစ် မေလအတွင်းက ပင် သေဒဏ်စီရင်ချက် ချမှတ်ထား ခဲ့ခြင်းဖြစ်သည်။

Liu Han ၏ ညီဖြစ်သူ Liu Wei နှင့် အပေါင်းပါသုံးဦးတို့ကိုလည်း ကွပ်မျက်လိုက်ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပြီး ကွပ်မျက်စီရင်မှုကို တရုတ်နိုင်ငံ၏ အဆင့်မြင့်တရားရုံးက အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ဖော်ပြသွားခဲ့သည်။

Liu သည် ပြည်တွင်းလုံခြုံရေးအကြီးအကဲဟောင်း Zhou Yongkang နှင့် ဆက်နွှယ်ပတ်သက်မှုရှိသည်ဟု ယုံကြည်ရသည်။ Zhou ကိုယ်တိုင်မှာလည်း ယခုအခါ တရုတ်အာဏာပိုင်တို့၏ စုံစမ်းစစ်ဆေးမှုကို ခံယူနေပြီဖြစ်သည်။

Hanlong Group စီးပွားရေးအုပ်စုသည် စီချွမ်းပြည်နယ်အခြေစိုက် ပုဂ္ဂလိကပိုင်လုပ်ငန်း အုပ်စုကြီးတစ် ရပ်ဖြစ်ပြီး သတ္တုတွင်းလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဓာတုဗေဒပစ္စည်းလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား တွင် ပါဝင်ပတ်သက်လျက်ရှိသော စီးပွားရေးအုပ်စုဖြစ်သည်။ ကုမ္ပဏီအကြီးအကဲဖြစ်သော Liu Han သည် ချမ်းသာကြွယ် ဝရုံသာမက သြဇာတိက္ကမကြီးမားသူလည်း ဖြစ်သည်။

Hanlong Group စီးပွားရေးအုပ်စု၏ လုပ်ငန်းများကို အစိုးရအရာရှိတို့က စစ်ဆေးရာတွင် စီချွမ်းပြည်နယ် Guanghan မြို့ရှိ ကစားပွဲလုပ်ငန်းများကို တရားမဝင်လက်ဝါးကြီး အုပ်ထားကြောင်း တွေ့ရှိရသည့် အပြင် ဒေသခံပြည်သူများကို ဖိနှိပ်ခြင်း၊ ဒေသတွင်း စီးပွားရေးနှင့် လူမှုရေးများကို ထိခိုက်နစ်နာစေရန် ဆောင်ရွက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

စီချွမ်းပြည်နယ်ရှိ ထိပ်တန်း အရာရှိအများအပြားကိုလည်း အာဏာပိုင်တို့က ပြီးခဲ့သည့်လများအတွင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ စီချွမ်းပြည်နယ်သည် ယခုအခါ အဂတိလိုက်စားမှု စုံစမ်းဖော်ထုတ်ရေး အစီအစဉ်အရ စစ်ဆေးမှု ခံယူနေရသော ဒေသတွင်းလုံခြုံရေးအကြီးအကဲ Zhou Yongkang အာဏာလွှမ်းမိုးရာဒေသ ဖြစ်သည်။ Zhou သည် စီချွမ်းပြည် နယ်မှ ပါတီအတွင်းရေးမှူးဖြစ်ပြီး ၂၀ဝ၃ ခုနှစ်တွင် လုံခြုံရေးဝန်ကြီး ဌာနအကြီးအကဲဖြစ်လာခဲ့သည်။ Xi Jingping ၏ အဂတိလိုက်စားမှု နှိမ်နင်းရေးအစီအစဉ်အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် Zhou ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ Zhou သည် သမ္မတ၏ အဂတိလိုက်စားမှု နှိမ်နင်းရေးအစီအစဉ်တွင် တရားရုံး သို့ အပ်နှံခံရသော အဆင့်အမြင့်ဆုံး အရာရှိလည်းဖြစ်သည်။

တရားဝင်ထုတ်ပြန်သော သတင်းများက Liu Han နှင့် Zhou တို့ ဆက်နွှယ်မှုအကြောင်း ဖော်ပြခဲ့ခြင်းမရှိသော်လည်း The South China Morning Post သတင်းစာကမူ Liu Han သည် Zhou Yong-kang ၏ သားဖြစ်သူ Zhou Bin နှင့် မိတ်ဆွေများဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ဝ၂၇၊

BBC News

Leave a Reply

Your email address will not be published.