နေတိုးတိုက်ခိုက်မှုကြောင့် အာဖဂန် IS ဒု-ခေါင်းဆောင် သေဆုံး ထိုသူမှာ IS အား မကြာမီကသစ္စာခံခဲ့သည့် တာလီဘန်တပ်မှူး ဖြစ်

ဖေဖော်ဝါရီ ၉

အာဖဂန်နစ္စတန်နိုင်ငံအတွင်း NATO တပ်ဖွဲ့၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုတစ်ရပ်တွင် Islamic State (IS) တပ်ဖွဲ့အား မကြာသေးခင်က သစ္စာခံခဲ့သော တာလီဘန်တပ်မှူး Mullah Abdul Rauf သေဆုံးခဲ့ရကြောင်း Helmand ဒေသ အာဖဂန်ရဲအဖွဲ့ အကြီးအကဲက အတည်ပြုပြောကြားလိုက်သည်။

Rauf သည် တာလီဘန်အဖွဲ့ ပြိုကွဲပြီးနောက် ပြီးခဲ့သည့်လအတွင်းက IS တပ်ဖွဲ့ထံ သစ္စာခံယူခဲ့ခြင်း ဖြစ်သည်။ Helmand ဒေသမြောက် ပိုင်းရှိ လူမျိုးစုခေါင်းဆောင်များ၏ အဆိုအရ Rauf အပါအဝင် ၆ ဦး စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် သည် သဲကန္တာရကို ဖြတ်ကျော်မောင်းနှင်နေစဉ် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါမော်တော်ယာဉ်မှာ လက်နက်ခဲယမ်းများကိုပါ တင်ဆောင်လာသဖြင့် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်းလည်း လူမျိုးစုခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။

အာဖဂန်ထောက်လှမ်းရေးအဖွဲ့ကလည်း Rauf သေဆုံးမှုကို အတည်ပြုပြောကြားခဲ့သော်လည်း NATO အဖွဲ့ကမူ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကိုသာ အတည်ပြုခဲ့ပြီး မည်သည့်ပစ်မှတ်ကို တိုက်ခိုက်ခဲ့ကြောင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။ Rauf ၏ ယောက်ဖတော်စပ်သူနှင့် ပါကစ္စတန်နိုင်ငံသားလေးဦးတို့လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ ရကြောင်း Helmand ဒေသရဲအဖွဲ့အကြီးအကဲ Nabi Jan Mullah- khel က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ Rauf သည် ၂၀ဝ၁ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးမှုခံခဲ့ရပြီး Guanta-namo Bay  အကျဉ်းစခန်းတွင် ခြောက်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ Rauf သညှ် IS တပ်ဖွဲ့အတွက် စစ်သည်စုဆောင်းပေးသူ ဖြစ်လာခဲ့ပြီး Khorasan တပ်ဖွဲ့က IS ဟု ခေါ် ဆိုသော အာဖဂန်နစ္စတန်နိုင်ငံရှိ IS အဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့သည်။ IS အဖွဲ့၏ အကြီးအကဲ တပ်မှူးမှာ Saeed Khan ဆိုသူဖြစ်သည်။

ဝ၂၇၊ BBC News

Leave a Reply

Your email address will not be published.