၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်လျှင် ပြင်ရမည် ဖျက်သင့်လျှင် ဖျက် ရမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းပြောကြား

ရန်ကုန်။ ဇူလိုင် ၁
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၀၈ ဖွဲစည်းပုံ ဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ထိုဥပဒေတွင်သမ္မတ ဖြစ်ခွင့်ရှိသူ့ သတ်မှတ်ချက် ဥပဒေများအား မည်သို့ပြင်ဆင်သင့်ကြောင်းကို တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းက ပဲ့တင်သံဂျာနယ်မှ တွေ့ဆုံမေးမြန်းရာ ဦးစိုးဝင်းက ကျွန်တော်တို့ရဲ့ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့သာလုပ်ခဲ့တာပါ။ ပြင်ဆင်မယ်ဆိုတဲ့နေရာမှာလည်း ပြည်သူတစ်ရပ်လုံးက ပါဝင်ပြင်ဆင်စေချင်တယ်၊ ပြင်နိုင်မှလည်းဖြစ်မယ်။ ဒီဥပဒေမှာ ပြည်သူတွေဘက်က ပါဝင်ပြင်ဆင်ရမယ့်အပိုင်းတွေပါသလို ကျွန်တော်တို့ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ဥပဒေအရသတ်မှတ်ထားတဲ့ အပိုဒ်ခွဲကလေးတွေကိုလည်း ပြင်လို့ရတာတွေ ရှိတယ်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က လူထုနဲ၌မသင့်လျော်ဘူးလို့ သဘောတူ ညီချက်ရရင် ပြင်လို့ရတယ်။ အဲဒီ့ဥပဒေက အတည်ဖြစ်တယ် ဟု ဆိုပါသည်၊၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအခန်း (၁)ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားဌာန်းချက်များကိုပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်၊ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရပ်သား၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံးရဲရင့်သည့် တပ်မတော်သာ လွတ်တော်ကိုယ် စားလှယ်တစ်ဦး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းကြည်က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။ ၂၀၀၈ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲတွင် မဲဆန္ဒရှင်၂၂ သန်းကျော်ရှိသည့်အနက် မှ သန်း၂၀ ကျော်က ထောက်ခံမဲပေးခဲ့သည့် အတွက် ၉၂ ရာခိုင်နှုန်း က ထောက်ခံထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော်လည်း ယင်းသို့ ထောက်ခံသည်ဆိုခြင်းကို မယုံကြည် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲက္ကချုပ်ဥက္ကဠဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့လူထုနှင့်တွေဆုံရာတွင် ပြောကြားခဲ့သည်။
ထို့နောက် ဦးစိုးဝင်းက ဆက်လက်ပြောကြားရာ ဒီဥပဒေတွေ ပြင်ဆင်နိုင်ဖို့ကို ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီလည်း ဖွဲ့စည်းထားပါပြီ၊ ဒီကော်မတီမှာ ပြည်ခိုင်ဖြိုးပါတီက လွတ်တော်အမတ်သူရဦးအေးမြင့် က ဒုဥက္ကဠအဖြစ်ပါဝင် ဆောင်ရွက်နေပါတယ်၊ ဒီကော်မတီက ၂၀၀၈ အခြေခံဥပဒေနဲ့နိုင်ငံရဲ့အခြေအနေ။ လူထုရဲ့အခြေအနေ ကို လေ့လာသုံးသပ်ပြီး လွတ်တော်ကိုတင်ပေးရမယ်၊ ကော်မတီရဲ့သုံးသပ်ချက်တွေကိုလွတ်တော်က လူထုနဲ့အကျိုးရှိမရှိ ပြင်သင့်မပြင်သင့် ဆုံးဖြတ်ရမယ်၊ ဒီလို အစီအစဉ်တွေနဲ့ လုပ်ဆောင်နေတယ် ဟုပြောသည်။
ဖွဲစည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် လွတ်တော်တွင် အင်အားကြီးပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဠ ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြည်သူများဆန္ဒရှိလျှင် ပြင်ရုံမဟုတ်ဘဲ အသစ်ပြန်လည်ရေးဆွဲလိုပါက ရေးဆွဲပေးမည်ဖြစ်ကြောင်း ဒီချုပ်ပါတီအထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ပြည်သူလွတ်တော် ကိုယ်စားလှယ်ဦးစိုးဝင်းသည် ပြည် ခိုင်ဖြိုးအသင်းတွင် ၁၉၉၃ ခုနှစ် မှ ၍ ကျောက်တံတားမြို့နယ် အတွင်းရေးမှူးအဖြစ်လည်းကောင်း ပြည်ခိုင်ဖြိုးအသင်းမှပါတီသို့ အသွင်ကူး ပြောင်းရာတွင်လည်း၊မြို့နယ်အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံရာမှ ကျောက်တံတားမြို့နယ် ပြည်သူ၌လွတ်တော်ကိုယ် စားလှယ် ဖြစ်ခဲ့ပြီး တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီတွင်လည်း အဖွဲဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်၊
ဝ၁၂

Leave a Reply

Your email address will not be published. Required fields are marked *