၆၈ ကြိမ်မြောက် ဗြိတိသျှရုပ်ရှင် အကယ်ဒမီဆုပေးပွဲ ကျင်းပ

ဖေဖော်ဝါရီ ၉

၂၀၁၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဗြိတိသျှရုပ်ရှင်ဇာတ်ကားများနှင့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများအနက်မှ ရွေးချယ် ပေးအပ်သည့် ၆၈ ကြိမ်မြောက် ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ညက လန်ဒန်မြို့ Royal Opera House ၌ ကျင်းပခဲ့ရာ ဇာတ်ကားရိုက်ကူးချိန် ၁၂ နှစ်ကျော်ကာလအတွင်း သရုပ်ဆောင်အပြောင်းအလဲမပြုဘဲ ရိုက် ကူးခဲ့သည့် Boyhood ဇာတ်ကားက အကောင်းဆုံးဇာတ်ကား Bafta ဆု ဆွတ်ခူးရရှိခဲ့ပြီး ရိုက်ကူးသူဒါရိုက်တာ Richard Linklater ကလည်း အကောင်းဆုံး ဒါရိုက်တာဆု ဆွတ်ခူးရရှိသွားခဲ့သည်။

အကောင်းဆုံးဗြိတိသျှဇာတ်ကားဆုကို The Theory of Everything ဇာတ်ကားကရရှိခဲ့ပြီး ထိုဇာတ်ကားမှ မင်းသား Eddie Redmayne က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိ သွားခဲ့သည်။ The Theory of Everything ဇာတ်ကားတွင် ပါမောက္ခ Stephen Hawking အဖြစ် သရုပ်ဆောင်ပေးခဲ့သူ Eddie Redmayne က ယခုဆုပေးပွဲညမှာ သူ၏ဘဝတွင် ပျော်ရွှင်ဖွယ်အကောင်းဆုံးများအနက်မှ တစ်ညဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Still Alice ဇာတ်ကားတွင် Algheimer ခေါ် အာရုံကြောဝေဒနာတစ်ရပ် ခံစားနေရသည့် ဘာသာဗေဒပေါမောက္ခ တစ်ဦးအဖြစ် သရုပ်ဆောင်ပေးခဲ့သည့် မင်းသမီး Juliann Moore က အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် Bafta ဆုကို ရရှိသွားခဲ့သည်။ ဆုလက်ခံရယူစဉ် Juliann Moore က အယ်လ်ဇိုင်းမားဝေဒနာရှင်တို့၏ အတွေ့အကြုံများကို အချိန် ယူပြောကြားပေးကြသော အယ်လ်ဇိုင်းမား ဝေဒနာရှင်အသိုက်အဝန်းမှ အားလုံးသောသူတို့ကို ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ ဗြိတိသျှဟာသသရုပ်ဆောင် Stephen Fry က တင်ဆက်သူအဖြစ် တာဝန်ခံ ဆောင်ရွက် ပေးခဲ့သည့် ၆၈ ကြိမ်မြောက် Bafta ဆုပေးပွဲမှ ပရိသတ်များ စိတ်ဝင်စားမည့်ကဏ္ဍအချို့ကို ရွေးချယ်ဖော်ပြပေးအပ်ပါ သည်။

အကောင်းဆုံးဇာတ်ကား- Boyhood

အကောင်းဆုံး ဗြိတိသျှဇာတ်ကား- The Theory of Everything

အကောင်းဆုံးအမျိုးသားဇာတ် ဆောင်- Eddie Redmayne (The Theory of Everything)

အကောင်းဆုံးအမျိုးသမီးဇာတ် ဆောင်- Jalianne Moore (Still Alice)

အကောင်းဆုံးအမျိုးသားဇာတ်ပို့- J.K Simmons (Whiplash )

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့- Patricia Arquette (Boyhood)

အကောင်းဆုံးဒါရိုက်တာ- Richard Linklater (Boyhood)

အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်း- Anthony Mc Carten (The Theory of Everything)

အကောင်းဆုံးမူရင်းဇာတ်ညွှန်း- Wes Anderson (The Grand Buda- pest Hotel)

အကောင်းဆုံးအင်နီမေးရှင်းဇာတ် ကား- The Lego Movie

အကောင်းဆုံးမှတ်တမ်းရုပ်ရှင်- Citizen Four

ဝ၂၇၊ BBC News

Leave a Reply

Your email address will not be published.