၀ှစ်တနေဟူစတန်၏ သမီး ရေချိုးကန်တွင်း လဲကျသတိလစ်

ဇန်နဝါရီ ၃၁
ကွယ်လွန်သူအဆိုတော် Whitney Houston ၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ်ရှိ Bobbi Kristina Brown ကို ဂျော်ဂျီယာပြည်နယ် Rosewell မြို့ရှိ ယင်း၏နေအိမ် ရေချိုးခန်းအတွင်းရှိ ရေချိုးကန်ထဲ၌ မလှုပ်မယှက် လဲကျနေသည်ကို သူ၏ ခင်ပွန်းသည် Nick Gordon နှင့် မိတ်ဆွေတစ်ဦးတို့က ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြရသည်။
ဂျော်ဂျီယာရဲအရာရှိတို့က Brown ၏ နေအိမ်သို့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ကြကာ အရေးပေါ်ကုသမှုကို စတင်ဆောင်ရွက်ခဲ့ပြီးနောက် ဒေသတွင်း ဆေးရုံတစ်ခုဆီသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်။ ရဲအရာရှိတို့က ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး Brown ၏ အသက်ရှူပုံ ပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်သည်ဟု သတင်းထုတ်ပြန်ပေးခဲ့သည်။ Brown ၏ ဖြစ်စဉ်သည် မိခင် Whitney Houston ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ မတိုင်မီ သီတင်းနှစ်ပတ်ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ Whitney Houston သည်လည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရေချိုးကန်အတွင်း မလှုပ်မယှက်လဲကျသေဆုံးခဲ့ရခြင်း ဖြစ်သည်။ R&B အဆိုတော် Bobby Brown နှင့် Whitney Houston တို့၏ သမီးဖြစ်သူ Bobbi Kristina Brown သည် The Houston: On Our Own အမည်ရ Houston မိသားစုအကြောင်း ရုပ်/သံအစီအစဉ်တွင် ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်သည်။
ဝ၂၇၊ The Hollywood Reporter

Leave a Reply

Your email address will not be published.