အဆိုတော် မာရဇ္ဇ၏ တစ်ကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃
အဆိုတော် မာရဇ္ဇက “အမှန်တော့ အဲဒီအိပ်မက်တွေဟာ ကျွန်တော် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလမှာ အရမ်းမက် ခဲ့ရတဲ့ အိပ်မက်တွေပါ။ ကျွန်တော် အဆိုတော်အများကြီးနဲ့ အုတ်ရောရော ကျောက်ရောရောဆိုရတဲ့ဟာကို Feeling မလာတာ တော်တော်ကြာပါပြီ”ဟု ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် သူ၏ ဒုတိယမြောက် One Man Show စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
Rock သီချင်းများနှင့် ယနေ့ထက်တိုင် ပရိသတ်နှစ်သက်မှုကို ရရှိနေသော မာရဇ္ဇ၏ One Man Show ကို ဖေဖော်ဝါရီ ၁၃ ရက် (ဗိုလ်ချုပ်ရာပြည့်မွေးနေ့)တွင် ကျင်းပမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် ၅ လပိုင်းတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို ပြုလုပ်ထားသည့် မာရဇ္ဇက ပရိသတ်အားပေးမှုကြောင့် ဒုတိယတစ်ကိုယ်တော် ဖျော်ဖြေပွဲကို အမြန် ဆုံးပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မာရဇ္ဇက “အဆိုတော်တွေ အများကြီးနဲ့ ဆိုရတဲ့အချိန်မှာ ကျွန်တော်တို့မှာ သီချင်းပုဒ်ရေ အကန့်အသတ်ရှိတယ်။ ပြီးတော့ ပရိသတ်ရဲ့တုံ့ပြန်မှုက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ အဆိုတော်အများကြီးလာတဲ့ အတွက် အဆိုတော်အများကြီးရဲ့ ပရိသတ်တွေပါတယ်။ ကိုယ့်ကို မကြိုက်တဲ့ သူရော၊ ကြိုက်တဲ့သူရောပါတယ်။ သီချင်းရွေးတဲ့နေရာမှာလည်း အကန့် အသတ်ရှိတဲ့အတွက် ပရိသတ်နှစ် သက်တာကိုလည်း တစ်ဝက်လျှော့ဆိုရ တယ်။ ကိုယ်ဆိုချင်တာကိုလည်း တစ်ဝက်လျှော့ဆိုရတယ်။ အဲဒါကြီးကို Feeling out နေတာ ကြာပြီ။ ဒီလို တစ်ကိုယ်တော်လုပ်ရင် ကိုယ်ဆိုချင်တာလည်းဆိုရမယ်။ ကိုယ့်ပရိသတ် သီးသန့်လာမယ်။ အရမ်းမိုက်တယ်။ အဲဒါလေးကို အိပ်မက်မက်ခဲ့တာကြာပါပြီ။ ဒါကြောင့် ပထမပွဲကို ၂၀၁၄ မှာ စီစဉ်ခဲ့တယ်။ အဲဒီပွဲရဲ့ အောင်မြင်မှု ရလဒ်အရ ဒီဒုတိယပွဲကို ထပ်ပြီ စီစဉ်တာပါ။ မကြည့်လိုက်ရတဲ့ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်လည်း ပါပါတယ်”ဟု ဆိုသည်။
မာရဇ္ဇ တစ်ကိုယ်တော်နှစ်ပွဲစလုံးကို စီစဉ်သူ ကိုမင်းမင်းက ထူးခြားသည့် အစီအစဉ်နှင့်ပတ်သက်ပြီး “ထူးခြားမှုအနေနဲ့ကတော့ Music ပိုင်းမှာပဲ ထူးခြားတာ ပါပါတယ်။ အဓိကကတော့ ပထမပွဲကို ကြည့်ပြီးသား လူလည်း ဒီပွဲကို လာကြည့်ရင် ရိုးမသွားစေရဘူး။ မကြည့်ဖြစ်ခဲ့တဲ့သူလည်း ဒီပွဲကို လာကြည့်ရင် သီချင်းအသစ် တွေလည်း နားထောင်ရမယ်။အဟောင်းတွေလည်း ပါမယ်။ မျှမျှတတ လုပ်ထားပါတယ်။ သီချင်းအသစ်စက် စက်တစ်ပုဒ်လည်း ပါဝင်မှာပါ။ ပထမ အစ်ကိုတို့ရည်ရွယ်ထားတာက မာရဇ္ဇရဲ့မွေးနေ့မှာ လုပ်မယ်ဆိုပြီး အောက်တိုဘာလကတည်းက တည်ထားခဲ့တာပါ။ အကြောင်း အမျိုးမျိုးကြောင့် ဇာတ်ရုံ ရက်ငှားလို့ မရတာနဲ့ ရွှေ့ရင်းရွှေ့ရင်းနဲ့ ၂၀၁၅ ထဲကို ရောက်သွားတာပါ”ဟု ပြော ကြားသည်။
ရက်ရွှေ့ရင်းနှင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ရောက်ရှိသွားသည့်အတွက်လည်း ဝမ်းသာဂုဏ်ယူမိသည်ဆိုသည့် မာရဇ္ဇက ယခုပွဲပြုလုပ်ရင်း ရရှိလာသည့် ခံစားချက်အရ ထွက်ပေါ်လာသည့် “အနိုင်မကျင့်ပါနဲ့” သီချင်းအသစ်စက်စက်ကို ပရိသတ်အတွက် ဖျော်ဖြေပေးမည်ဖြစ်သည်။
မာရဇ္ဇ၏ One Man Show တွင် Break Through Music Band က ပါဝင်အားဖြည့် လက်စွမ်းပြတီးခတ် မည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ကျပ် ၃၀ဝ၀ဝ၊ကျပ် ၂၀ဝ၀ဝ၊ ကျပ် ၁၀ဝ၀ဝ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ Call Center 1876 KO KO Beauty Saloon (ဒဂုံစင်တာ ၂) တွင် ဝယ်ယူရရှိ နိုင်သည်ဟု သိရသည်။
ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *