ဟောင်ကောင်သားတို့၏ တစ်ကျော့ပြန် လမ်းပေါ်ထွက် ဆန္ဒပြပွဲ ဒီမိုကရေစီအထိမ်းအမှတ် အဝါရောင်ထီးများဖြင့် ပြည်သူများ ဆင်နွှဲ

ဖေဖော်ဝါရီ ၁
၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို ဒီမိုကရေစီ နည်းလမ်းအပြည့်အဝဖြင့် ဆောင်ရွက်လိုကြသော ဟောင်ကောင်နိုင်ငံသားတို့၏ ဆန္ဒပြတိုက်ပွဲဝင်မှုကို ဟောင်ကောင်အာဏာပိုင်တို့က ဒီဇင်ဘာလအတွင်း အပြီးသတ် ချေမှုန်းရှင်းလင်းနိုင်ခဲ့သော်လည်း စစ်မှန်သော ဒီမိုကရေစီကိုလိုလားသည့် ဟောင်ကောင်နိုင်ငံသားတို့ က လမ်းပေါ်သို့ တစ်ကျော့ပြန် ထွက်ပေါ်လာကာ ဆန္ဒပြပွဲများ ပြန်လည်ဆင်နွှဲလာကြပြန်ပြီဖြစ်သည်။
ဒီမိုကရေစီ အထိမ်းအမှတ်အဖြစ် အဝါရောင်ထီးများဆောင်းထားသည့် ဆန္ဒပြပြည်သူ ၁၃çဝ၀ဝ ခန့်သည် ဟောင်ကောင်မြို့၏ ငွေကြေးဈေးကွက်တည်ရှိရာ ခရိုင်များအတွင်း ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ ဟောင်ကောင်ရဲအဖွဲ့ကမူ ဆန္ဒပြသူအရေအတွက်မှာ ဆန္ဒပြပွဲ စီစဉ်သူတို့ ပြောကြားချက်၏ ထက်ဝက်မျှသာရှိ သည်ဟု ဆိုသည်။
တစ်ကျော့ပြန် ဆန္ဒပြပွဲကို ဦးဆောင်ချီတက်သူတစ်ဦးဖြစ်သည့် Daisy Chan က ဆန္ဒပြသူ အရေအတွက်မှာ ခန့်မှန်းထားသကဲ့သို့ များပြားခြင်းမရှိသော်လည်း ဟောင်ကောင်သားတို့အနေဖြင့် သမားရိုးကျ ဆန္ဒပြပုံမျိုးဖြင့် တင်းတိမ်မည် မဟုတ်ဘဲ အစိုးရကို ဖိအားပေးနိုင်ရေး နည်းလမ်းသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း South China Morning Post သတင်းစာသို့ ပြောကြားသွားခဲ့သည်။
ဆန္ဒပြသူတို့၏ ချီတက်ပွဲကို ဟောင်ကောင်ရဲအဖွဲ့ဝင် ၂ဝ၀ဝ ခန့်က စောင့်ကြပ်ကြည့်ရှုနေခဲ့ကြသည်။ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသော ပြည်သူတို့က လက်ရှိရရှိထားသော လွတ်လပ်ခွင့်များကို ကာကွယ်လိုပါက လမ်းပေါ်ထွက် မတ်တတ်ရပ်၍ လူရေတွက်ခြင်းခံကြရန် လိုအပ်ကြောင်း ပြောကြားကြသည်။ အဆိုပါစကားမှာ အာဏာပိုင်တို့က လျစ်လျူရှုထားသည့်တိုင် လွတ်လပ်စွာ စုရုံးချီတက်ခွင့်ကို အသုံးချသွားမည်ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်သည်။
ဟောင်ကောင်ကျွန်းကို ပြန် လည်ချုပ်ကိုင်ထားသည့် တရုတ်အစိုးရက ၂၀၁၇ ခုနှစ်တွင် တိုက်ရိုက်ရွေးကောက်ပွဲ များ ကျင်းပပေးမည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများကို ဘေဂျင်းအစိုးရက စိစစ်ရွေးချယ်မည်ဖြစ် သည်။ ဟောင်ကောင်၏ Legislative Council တွင် ဒီမိုကရေစီလိုလားသော အမတ်တို့မှာ ၄၀% မျှသာရှိပြီး တရုတ်အစိုးရ၏ ပြောကြားချက်ကို ဆန့်ကျင်ခဲ့ကြသည်။ တရုတ်အစိုးရ၏ ရွေးချယ်မှုတွင် ဒီမိုကရေစီလိုလား သော အမတ်များ လျာထားခံရနိုင်မည် မဟုတ်သဖြင့် ပြည်သူတို့အနေဖြင့် မိမိတို့ဆန္ဒအတိုင်း ရွေးကောက်တင် မြှောက်ခွင့် ရရှိမည်မဟုတ်ကြောင်း ဆန္ဒပြသူတို့က ပြောကြားကြသည်။ ဟောင်ကောင်အစိုးရ၏ မူဝါဒရေး ရာများကို ကိုင်တွယ်သော Executive Council မှ Lam Woon-Kwong ကမူ ဗဟိုအာဏာပိုင်တို့အား ဆန္ဒပြသူတို့ ခြိမ်းခြောက်နိုင်မည်မဟုတ ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟောင်ကောင်ရေဒီယိုမှတစ်ဆင့် သတိပေးပြောကြားသွားခဲ့သည်။
ဝ၂၇၊
BBC

Leave a Reply

Your email address will not be published.