မြန်မာ-လာအို ချစ်ကြည်ရေးတံတားဆောက်လုပ်ရေး အရှိန်မြှင့်မည် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ချောမွေ့လာမည်ဟု ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့နှင့် လာအိုနိုင်ငံ၊ လောင်နမ့်သာပြည်နယ်ကို ဆက်သွယ်ပေးမည့် မဲခေါင်မြစ်ဖြတ် ချစ်ကြည်ရေးတံတားဆောက်လုပ်ရေးလုပ်ငန်းကို မြန်မာနှင့်လာအိုနှစ် နိုင်ငံက အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော တရားဝင်သတင်း ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။
ထိုကိစ္စကို နေပြည်တော်၌ ကျင်းပပြုလုပ်သော ဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ်တွင် ဆွေးနွေးသဘောတူ ခဲ့ခြင်းဖြစ်သည်။ အဆိုပါမဲခေါင်မြစ်ဖြတ် တံတားစီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ လာအို နိုင်ငံဝန်ကြီးချုပ် သောင်ဆင်းသမ်မာဗောင် လာရောက်လည်ပတ်စဉ်က ဆွေးနွေးသဘောတူခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ဆောက်လုပ်ဆဲ နှစ်လမ်းသွား သံတံတားသည် ယာဉ်တစ်စီးလျှင် ကုန်တင်ဝန် ၇၅ တန်ကို ခံနိုင်ရည်ရှိမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါ က နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်လာမည်ဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အခြားအိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေဆဲ ဖြစ်သည်။ နှစ်နိုင်ငံသည် နယ်စပ်ဒေသ ကီလိုမီတာ ၂၃၀ကျော်ကို မျှဝေပိုင်ဆိုင်ထားပြီး နှစ်နိုင်ငံကြား သံတမန် ဆက်သွယ်ရေးများကို ၁၉၅၅ခုနှစ် ဇူလိုင်လက စတင်ထူထောင်ခဲ့သည်။
ဝ၂၅
Ref: Xinhua

Leave a Reply

Your email address will not be published. Required fields are marked *