နိုင်ငံတော်ကို ဒေါင်းအလံစိုက်မယ် ပဉ္စမကျောင်းသားသပိတ်

(၁)
အမျိုးသားနေ့ဆိုတာ
၁၉၂၀ ပြည့် ပထမကျောင်းသားသပိတ်က စတယ်။
ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်မှာ သစ္စာအဓိဋ္ဌာန်ပြု
ဘုရင်ခံ ကရက်ဒေါက် ဂဲဒေါက် … ထွက်သွား …
(၂)
]]ငရဲခွေးကြီးလွတ်နေပြီ}}
ဘယ်သူရေးလဲ
အိုးဝေအယ်ဒီတာ ကိုအောင်ဆန်း မပြောဘူး
ကိုနုကို ကျောင်းကထုတ်တယ်
ချမ်းသာတဲ့သူတွေ စာသင်
ဆင်းရဲရင် တက္ကသိုလ်မတက်ရ
ဗြိတိသျှနယ်ချဲ့ ကျွန်ပညာရေး မလိုချင်ဘူး
၁၉၃၆ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်
ကျွန်စိတ် ကြောက်စိတ်တွေကို ရဲရဲတောက်ဆန့်ကျင် …
(၃)
ချောက်ကနေ ရန်ကုန် သခင်ဖိုးလှကြီး အလုပ်သမားသပိတ်
မြင်းစီးပုလိပ်တွေနဲ့ နှိမ်နင်းတယ်
]]မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ်}}
ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်း ကြုံးဝါးသံ
တစ်နိုင်ငံလုံး ဆူညံမြည်ဟိန်းသွားတယ်
အတွင်းဝန်ရုံးကို ဝိုင်းတယ်၊ ရဲဘော်အောင်ကျော် ကျတယ်
၁၃၀ဝ ပြည့် အရေးတော်ပုံနဲ့ တတိယကျောင်းသားသပိတ်
(၄)
ဘုန်းမော် သွေးမြေကျ စတုတ္ထကျောင်းသားသပိတ်
ရှစ်လေးလုံး အရေးတော်ပုံ တစ်နိုင်ငံလုံး အုံကြွ
တစ်ပါတီအာဏာရှင် ဖြုတ်ချ
စတုတ္ထကျောင်းသားသပိတ် အစပြုခဲ့တယ်
(၅)
မန္တလေးအိမ်တော်ရာမှအစ
ပုလိပ် ကျောက်ဆည် မြစ်သား ပြင်စည်
နွားထိုးကြီး မြင်းခြံ တောင်သာ ချီတက်ခဲ့ပြီ
ပုပ္ပားမှာ ရပ်နား လေးပွင့်ဆိုင်ပြီလား
အပြီးသတ်ဆွေးနွေးပွဲအဖြေ ဘာဖြစ်မလဲ
ညှိနှိုင်းရေးလမ်းကြောင်းလား တိုက်ပွဲလမ်းကြောင်းလား
ပြုပြင်ပြောင်းလဲရေး ဟန်ဆောင်အစိုးရ အချိုသပ်တယ်
နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး လွတ်လပ်ရေး
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေး
ပဉ္စမကျောင်းသားသပိတ် ကျောင်းသားသွေးနဲ့ မော်ကွန်းထိုးတယ်
တောင်သာနဲ့ ငါးမိုင်ကွာ ဝဲလောင်အထွက်မှာ
တားဆီးပိတ်ဆို့ နှိပ်ကွပ်မှာလား
သေကွင်းသတ်ကွင်း နန်းမြင့်တောင်ကြား မြင်းစိုင်းတောင်ကြား
အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီ
ဆူးတွေက အစတည်းက ချွန်တယ်
ကျောင်းသားဆူးကို နှိပ်ကွပ်လို့မရဘူး …
ကောက်နွယ်ကနောင်

Leave a Reply

Your email address will not be published.