]ခေါင်းဆောင်တစ်ယောက်၏ အမှားတစ်ချက်ကြောင့် တစ်ပြည်လုံး အရှင်လတ်လတ် သေသွားနိုင်သည်ဆိုသော ဗိုလ်ချုပ်၏ မှာတမ်း}

မြန်မာပြည်လွတ်လပ်ရေးကို အသက်ပေးပြီး အရယူပေးခဲ့သည့် လွတ်လပ်ရေးဗိသုကာဖြစ်သည့် ဗိုလ် ချုပ်အောင်ဆန်း၏ နှစ် ၁၀ဝ ပြည့် မွေးနေ့ ရာပြည့်အခမ်းအနားများ နိုင်ငံ့ အနှံ့အပြားကျင်းပကြတော့မည်။ ဘုန်း ကြီးသော်လည်း အသက်ရှည်ရှည် မနေ ရသော ကံကြမ္မာခံခဲ့ရသည်မှာ မြန်မာ့ သမိုင်းတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံ့ အာဇာနည်ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ (သို့) လူပုဂ္ဂိုလ်တစ်ဦး၏ သမိုင်းနှင့် သတင်းဆိုသည်မှာ ဖြစ်ပျက်ပြီးမှ ရှင် သန်လာသောအရာများသာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကံကြမ္မာကို နက္ခတ္တဝေဒပညာရပ်ဖြင့် လေ့လာ ကြည့်လျှင် ထူးခြားသော ကံကြမ္မာပိုင် ရှင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ထူးခြာသော သတ္တိနှင့်ပြည့်စုံသည့် ရူစကယုဂ် နှစ်ထပ်ကွမ်းဇာတာရှင်
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် ကောင်းကင်ဂြိုဟ်များစွာ တစ် ရာသီထဲတွင် ပူးကြတော့မည့် နိမိတ် ထူးများဖြစ်ပေါ်နေချိန်နှင့်အတူ ရဲစွမ်း သတ္တိ၊ စစ်သေနာပတိတို့၏ ဥသျှောင် အင်္ဂါဂြိုဟ်သည် အလင်းအား အတောက်ပဆုံးဖြင့် ရှိနေသော နံနက် ၆ နာရီ ဝန်းကျင်တွင် သရဝဏ် (နတ်) နက္ခတ်စန်းယှဉ်လျက် ဗိုလ်ချုပ်အောင် ဆန်းကို ဖွားမြင်ခဲ့သည်။ နက္ခတ္တဝေဒ ပညာအရ အားကြီးသော ဥစ်ဂြိုဟ်၊ အင်္ဂါဂြိုဟ်သည် လဂ်စန်း နှစ်ပါးလုံးနှင့် ပူးယှဉ်ကာ စစ်သေနာပတိဖြစ်စေသော ရာဇယုဂ်နှစ်ထပ် ကွမ်းရရှိသောဇာတာ ကို ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာတွင် ထူးခြားစွာတွေ့ရှိရသည်။ အလားတူ နီးပါးတူညီသည့် ဇာတာမျိုးကို ကာ ကွယ်ရေးဦးစီးချုပ်များ ဖြစ်ခဲ့ဖူးသော ဦးနေဝင်း၊ ဦးသန်းရွှေနှင့် ယခု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ဇာတာများတွင် ပါရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ၏ ရူစကယုဂ် (စစ်သေနာပတိရာဇ ယုဂ်) ကိုမူ မမီနိုင်ကြောင်း ကောင်း ကင်ဂြိုဟ်၊ နက္ခတ်များက ပြဆိုထား သည်။
စည်းရုံးရေးအကောင်းဆုံး
ခေါင်းဆောင်ဖြစ်လာသည့်
ရာဇယုဂ်ပိုင်ရှင်
ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားစဉ် ကောင်းကင်ဂြိုဟ် နိမိတ်များအနက် ပရူတိုနှင့် စနေဂြိုဟ်တို့ ပူးယှဉ်ကာ ကြာသပတေးဂြိုဟ်ကြီးကို အထူးမြင် ထားချိန်ဖြစ်သည်။ ထိုဂြိုဟ်၊ နိမိတ် များကြောင့် ပြည်သူလူထု၏ စည်းရုံး ရေးအကောင်းဆုံး ခေါင်းဆောင်အဖြစ် တိုင်းရင်းသားစည်းလုံးရေးကို ပြုလုပ် ပေးနိုင်သည့် ပင်လုံစာချုပ်ကို ဦး ဆောင်ကာ ချုပ်ဆိုနိုင်ခဲ့သည်။
ဗိုလ်ချုပ်ပြောခဲ့သည့်
အများကြည်ညိုခံ ခေါင်းဆောင်တစ်ယောက်၏ တာဝန်
ဆရာဝန်တစ်ယောက်ဆေးကုမှား ရင် လူတစ်ယောက်နှစ်ယောက်ပဲ သေနိုင်မယ်။ ဒါပေမဲ့ ပြည်သူအများ ကြည်ညိုခံနေရတဲ့ ခေါင်းဆောင်တစ် ယောက် တစ်ချက်ကလေးများမှားရင် တော့ တစ်တိုင်းပြည်လုံး အရှင်လတ် လတ်သေသွားနိုင်တယ်။ ]]ယနေ့ကျုပ် ကို တစ်တိုင်းပြည်လုံးက ကြည်ညို လာလေလေ ကျုပ်အမှားတစ်ခုခုဖြစ် သွားမှာကို ကျုပ်အကြောက်ဆုံးဘဲဗျာ}} ဟု ပြောဆိုခဲ့ကြောင်းလေ့လာမှတ်သား ထားဖူးပါသည်။
အာဇာနည်ဖြစ်ရန် အကြောင်းတရား ပါလာသည့် ဗိုလ်ချုပ်၏ ကံကြမ္မာ
အသက်ရှင်ခြင်းနှင့် သေခြင်း တရားတို့သည် ဒင်္ဂါပြား၏ ခေါင်း ဘက်ကျောဘက်ပမာကပ်လျက်ရှိသည်။ တချို့သောပုဂ္ဂိုလ်များ၏ သေဆုံးခြင်း ကို မည်သူမျှ သတိမထားမိစေကာမူ တချို့ပုဂ္ဂိုလ်များ သေဆုံးရာတွင် တစ်တိုင်းပြည်လုံးက ယူကြုံးမရ ဖြစ် ကြရသည်။ ယူကြုံးမရနှင့် မမေ့နိုင် ဖြစ်ရခြင်းမှာ ထိုပုဂ္ဂိုလ်၏အတွေးအမြင်၊ လုပ်ဆောင်ချက်၊ ထင်ပေါ်ကျော်ကြားမှုတို့အပေါ် ရောင်ပြန်ဟပ်မှုများကြောင့် ဖြစ်သည်။ ထိုပုဂ္ဂိုလ်များထဲတွင် ဗိုလ် ချုပ်အောင်ဆန်းအပါအဝင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ကံကြမ္မာကို မွေးဖွားစဉ်က ကောင်းကင်ရှိ ဂြိုဟ်၊ နက္ခတ်များအရ အသက် ၃၂ နှစ်အထိ သာ နေရသောသက်တမ်းတိုသည့် အပ္ပယုယုဂ်အဖြစ် သတ်မှတ်ထားပြီး အင်္ဂါ၊ စနေ၊ ပရူတိုတို့ အားကြီးသော ဂြိုဟ်ဆိုးအမြင်များကြောင့် ဒုဌမရဏ လက်နက်ဘေးဖြင့် သေဆုံးနိုင်သော ကံဇာတာပိုင်ရှင်အဖြစ် သတ်မှတ်ထား ပြီး ဖြစ်သည်။ ထိုကဲ့သို့သော ဂြိုဟ်ဆိုး အမြင်များကို ကမ္ဘာ့နိုင်ငံရေးခေါင်း ဆောင်များဖြစ်သော သမ္မတကနေဒီ၊ မဟတ္တမဂန္ဓီ၊ အင်ဒီရာဂန္ဓီ၊ ရာဂျစ်ဂန္ဓီ၊ ရှိတ်မူဂျီဘာရာမန် တို့ဇာတာများတွင် ထူးခြားစွာပါရှိခဲ့သည်။
ထို့အပြင် အမေရိကန်သမ္မတ အိုဘားမား၏ ကံကြမ္မာတွင် ပါပ ဂြိုဟ်များ အုပ်စိုး လွှမ်းမိုးမှုများကြောင့် ၂၀၁၅ ခု ဧပြီနှင့်မေလဝန်းကျင်တွင် သဘာဝမဟုတ်သော နည်းလမ်းဖြင့် လုပ်ကြံခံရနိုင်သည့် ဖြစ်စဉ်တစ်ခု ဖြစ် ပေါ်နိုင်သည်။
အသက်အငယ်ဆုံး
အတည်ကြည်ဆုံးသော
အာဇာနည်
ဗိုလ်ချုပ်အောင်ဆန်း၏ ကံကြမ္မာ တွင် ပါပဂြိုဟ် အပူဂြိုဟ်များအားကြီး စွာ လွှမ်းမိုးထားသကဲ့သို့ စစ်ရာဇယုဂ် များနှင့် ယှဉ်နေသောကြောင့် ရာဇယုဂ် ကို ပိုမိုစွမ်းအင်ထက်မြက်စေခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်၏ ဂုဏ်ဒြပ်နှင့် အတူ နိုင်ငံ့တွင် အသက်အငယ်ဆုံး အတည်ကြည်ဆုံးသော ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ပါပဂြိုဟ်အားကြီး သော နိုင်ငံ့ခေါင်းဆောင်များတွင် ဘဝ ဇာတ်သိမ်းမလှဖြစ်တတ်ကြောင်း ဝေဒ ကျမ်းများတွင် ပြဆိုထားသည်။
မထားသင့်သောအမုန်းများ အာ ဃာတတရားများကြောင့် အသက်တို စေသည့် အပ္ပယုယုဂ်ရသော ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားခဲ့သည်မှာ ၆၈ နှစ်နီးပါးရှိခဲ့ပါပြီ။ ယခုအချိန် ဗိုလ်ချုပ် သာရှိလျှင် အသက် ၁၀ဝ ပြည့် ဘိုးဘိုးအရွယ် ရှိနေတော့မည်။
သူတစ်ပါးအပြစ်ကို ရှုနေလျှင် ငြိမ်းသောမီးကိုပင်လျှင် တောက်လာ နိုင်သည်။ မိမိအပြစ်ကို ရှုလျှင်ကား တောက်လောင်သော မီးပင်ငြိမ်းစေနိုင် သည်ဟု မဟာဗောဓိမြိုင်ဆရာတော် မိန့်တော်မူဖူးသည်။
ဗိုလ်ချုပ်အောင်ဆန်းအသက်ပေး၍ ရယူခဲ့သောလွတ်လပ်ရေးအဓွန့်ရှည် တည်တံ့ရေး၊ ပြည်တွင်းတည်ငြိမ်အေး ချမ်းရေးမှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိပေသည်။ တစ်ဦးနှင့်တစ်ဦး အပြစ်မြင်နေကြမည့်အစား အတိတ်ကို အတိတ်မှာထားခဲ့ကြသင့်သည်။ ငြိမ်းစ ပြုနေသော မီးကို တောက်လာစေခြင်း ထက် လောင်နေသောမီးကိုငြိမ်းစေနိုင် ရန် အရေးကြီးသောအချိန်ကာလသို့ ရောက်နေကြောင်း ၂၀၁၅ ခုနှစ် ကောင်းကင်ဂြိုဟ် နက္ခတ်များက ကြိုတင်နိမိတ်ပြဆိုထားပေသည်။

ဆရာ ဝဏ္ဏ (ဝေဒ)
B.Sc (Maths), H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.