ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီး မြှင့်သော Ballon d’Or ခေါ် တစ်နှစ် တာ အကောင်းဆုံးဘောလုံးသမား ဆုကို ယခုလအတွင်းကပင် ပူပူ နွေးနွေးရရှိထားသည့် အသက် ၂၉ နှစ်အရွယ်ရှိ ရီးယဲလ်မက်ဒရစ်တိုက် စစ်မှူး Cristiano Ronaldo သည် Cordoba အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရ သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ပွဲစဉ် အတွင်း မိမိအသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် ပွဲချိန်ကုန်ဆုံး ရန် ခုနစ်မိနစ်အလို၌ ပြိုင်ဘက် ကစားသမားတစ်ဦးအား ကန်ကျောက် ခြင်း၊ လက်ဖြင့်ရိုက်ခြင်း၊ လက်သီး ဖြင့်ထိုးခြင်း စသည့် ဘောလုံးပြစ်မှု များစွာတို့ဖြင့် အနီကတ်ပြသခံရ ကာ ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။
Cordoba အသင်းမှ ဘရာဇီးလ် ဘောလုံးသမား Edimar ကို နောက် ဘက်မှနေ၍ အဆင်အခြင်ကင်းမဲ့ စွာ ကန်ကျောက်ခဲ့သည့်အပြင် မျက် နှာကိုပါ လက်ဖြင့် ရိုက်ခဲ့သည့် Ronaldo သည် စင်စစ်တွင် Cordoba နောက်ခံလူ Jose Angel Crespo ကို ညာဝိုက်လက်သီးစာ ကျွေးခဲ့စဉ်ကပင် အနီကတ်ပြသ ထုတ်ပယ်ခံထိုက်ပေသည်။ လက် သီးဖြင့်ထိုးမှုအတွက် ပြစ်ဒဏ်ပေး ခံခဲ့ရခြင်းမရှိဘဲ သူ၏ဘောလုံး သမားသက်တမ်းတစ်လျှောက် ၉ ကြိမ်မြောက် ထုတ်ပယ်ခံရသဖြင့် ကွင်းအတွင်းမှထွက်ခွာစဉ် ပရိသတ် တို့က ဝိုင်းဝန်းရှုတ်ချခဲ့ရာ Ronaldo က သူ၏ကမ္ဘာ့ကလပ်အသင်းများ ချန်ပီယံ ရင်ဘတ်တံဆိပ်ကို လက် ဖြင့် ပုတ်ခတ်ပြသသွားခဲ့သည်။
ပရိသတ်၏ လှောင်ပြောင်မှုကို အာခံတုံ့ပြန်ခဲ့သော Ronaldo က သူ၏လုပ်ရပ်အတွက် တောင်းပန်စာ ကိုလည်း ချက်ချင်းလိုပင် ရေးသား ကာ အင်တာနက်တွင် တင်ပေးခဲ့ သည်။ ယခုပွဲစဉ်အတွင်း မိမိ၏ အဆင်အခြင်ကင်းမဲ့သည့် လုပ်ရပ် များအတွက် အားလုံးကို တောင်း ပန်ပါကြောင်း၊ အထူးသဖြင့် Edimar ကို အထူးတလည် တောင်း ပန်အပ်ပါကြောင်း Ronaldo က ရေးသားဖော်ပြခဲ့သည်။
Ronaldo ၏ အကြမ်းဖက်မှု များကို ယခင်ကလည်း ပရိသတ်တို့ ကြုံတွေ့ခဲ့ဖူးကြပြီး၊ စပိန်လာလီဂါ ပြိုင်ပွဲများအတွင်း အနီကတ် သုံး၊ လေးကြိမ်အထိ ပြသခဲ့ရဖူးပြီဖြစ် သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ပွဲစဉ်တစ်ရပ်တွင် Ronaldo အား ဘောလုံးမပေးခဲ့သ ဖြင့် ပရိသတ်၏ လှောင်ပြောင်ရှုတ် ချမှု ခံယူခဲ့ရသော Gareth Bale က အသင်းအတွက် နောက်ကျဂိုးတစ်ဂိုး သွင်းယူ၍ အနိုင်ရရှိစေခဲ့ကာ Ronaldo ၏ အနီကတ်ကြောင့် အသင်း၏သိက္ခာ ထိခိုက်မှုကို ပြန် လည်အဖတ်ဆယ်နိုင်ခဲ့သည်။
မက်ဒရစ်-ကော်ဒိုဘာပွဲစဉ် တွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင် ရွက်သော Alejandro Hernandez Hernandez က Ronaldo ၏ အပြု အမူကို အကြမ်းဖက်အပြုအမူအဖြစ် သတ်မှတ်ခြင်းမရှိသဖြင့် သုံးပွဲပယ် ပြစ်ဒဏ်ကျခံရနိုင်ခြေ နည်းပါးကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ယှဉ် ပြိုင်ရန်ရှိသည့် မက်ဒရစ်-ဒါဘီပွဲစဉ် တွင် ပြန်လည်ပါဝင်လာနိုင်မည်ဟု မျှော်လင့်ရပေသည်။
ဝ၂၇၊
BBC Sport