နိုင်ငံရေးခေတ်များစွာကို ဖြတ်သန်းရင်း ၂၀၁၅ မှာ အောင်ပွဲရမည်ဟု တိတိကျကျ ြွေကးကြော်လာသူ ဦးလှမော်

သူ့နာမည်က ဦးလှမော်။ ကျောက်တန်းနယ်သား။ ပိန်ပိန်ပါးပါး။ စကားကို သွက်သွက်ပြောတတ်သည်။ မိဘဘိုးဘွားများ လက်ထက်ကတည်းက မြန်မာ့နိုင်ငံရေး ကို ခေတ်အဆက်ဆက် ကျွမ်းဝင်လာကြသည်မို့ မဆလခေတ်ရောက်တော့ လမ်းစဉ်လူငယ် ဖြစ်ခဲ့သည်။ ထိုစဉ်ကပင် သူက အဆန်သမား။ ပါတီကပေးသည့် လမ်းစဉ်လူငယ်သင်တန်းများ တက်ရသည်။ သင်တန်းမှာ သူ့အတွက် အဆင် မချောခဲ့။ အချိန်ပိုသင်လျှင် သူက ကန့်ကွက်ကာ အခန်းအပြင်မှာ တစ်ယောက် တည်း ထွက်ထိုင်ပြသည်။ နောက်တော့ သူ့အဖွဲ့ပါ သူ့လိုလိုက်လုပ်ကြသည်။ ဆရာများက အချိန်ပို မသင်ရဲကြ။ ထိုစဉ်က ၇၇ ခုနှစ် လမ်းစဉ် လူငယ်ဘဝ။
]]အဲဒီအချိန်တုန်းက စံပြဆုတွေ ပေးနေတဲ့အချိန်ပေါ့။ ကျွန်တော့်အဖွဲ့က စံပြဆုရမယ့် အဖွဲ့ပေမယ့် မရခဲ့ဘူး။ ကျွန်တော် သိလိုက်ပါတယ်။ စံပြဆုအစား အကောင်းဆုံးဆု ဆိုတာပဲရလိုက်တယ်။ အဲဒီမှာ ကျွန်တော်သိလိုက်တာ အခုပြော ပြောနေတဲ့ လူ့အခွင့်အရေးက ဒါပဲ။ တခြားသူတွေ သဘောတူတယ်၊ ဆက်သင်။ ကျွန်တော် အချိန်ပို မသင်နိုင်ဘူး။ အပြင်မှာ ထွက်ထိုင်နေတယ်။ ကျွန်တော့် အားလပ်ချိန်လေ။ ဒါမျိုးက ငယ်ငယ်ကတည်းက ကျွန်တော် သိခဲ့တာပါ}}
ထိုစဉ်က သူ့အဖေမှာ မြို့နယ် ကောင်စီအဆင့်။ ဗဟိုတောင်သူလယ် သမားရေးရာမှာပါသည်။ ထိုခေတ် စကားအရ အကောင်ပေါ့။ ဗိုလ်ချုပ် နေဝင်း ချီးမြှင့်သော ထူးချွန်ဆုတွေ ရခဲ့သူ။ သူတို့က မဆလမျိုး။ သို့ရာ တွင် ငယ်စဉ်ကပင် သူနှင့် မဆလက ဓာတ်မတည့်ခဲ့။ အစည်းအဝေးတွေမှာ ထထကလန်တတ်သည်မို့ သူတို့ အဖွဲ့ကိုဆိုလျှင် လူကြီးများက ဖိတ်သာ ဖိတ်ရသည် ရင်တထိတ်ထိတ်။
]]သူတို့က အစကတည်းက စီ စဉ်ထားကြတာ။ ဘယ်သူ့ကို အဆို ပြုပါတယ်၊ ဘယ်အဆိုပြုပါတယ်၊ ဘယ်သူက ထောက်ခံပါတယ်။ ဒါမျိုး တွေပေါ့။ ကျွန်တော်တို့အုပ်စုက သူတို့ ထက် အရင်ထပြီး အဆိုပြု၊ ထောက် ခံကြတော့ သူတို့အစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်ရော။ တစ်လွဲ ချည်းဖြစ်ကုန်တာ။ နောက်ပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ သားတို့ရယ်၊ အစည်းအဝေးတက်ပါ။ ဒါပေမဲ့ ဘာမှ မပြောပါနဲ့ဆိုပြီး ဖြစ်လာတယ်။ ပိတ် ပင်တားဆီးတာတွေ ဖြစ်လာတယ်}}
ထိုစဉ်ကပင် ကျောက်တန်းမြို့ နယ်အတွင်း ပြုလုပ်သော ပွဲမှန်သမျှ သူတို့ လူငယ်အုပ်စုနှင့်မကင်း။ သာ ရေး၊ နာရေးမှအစ ဂီတပွဲ၊ နိုင်ငံတော်ပွဲ၊ အခါကြီး ရက်ကြီး ပွဲလမ်းသဘင်များ မှာပါ သူတို့သူငယ်ချင်းတစ်စု ပါဝင် နေကြစမြဲ။ ၈၈ ကာလမှာလည်း သူ တို့သာ ဦးဆောင်ဆင်နွှဲခဲ့ကြ၊ ထောင် ကျခဲ့ကြသည်။
]]၈၈ မှာ သပိတ်လုပ်ကြတော့ ကျွန်တော်တို့ ဝင်လုပ်ရင်းနဲ့ သပိတ်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေ သိလာတယ်။ အဲဒီမှာ ကျွန်တော်တို့အဖွဲ့လေး တစ်ဖွဲ့ဖွဲ့လိုက်တယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ ဦးဆုံးနာမည်ပေး ဖြစ်တာ ပါ။ နိုင်ငံရေးပညာပေးရေး အဖွဲ့ဆိုပြီး။ ဒီမှာက တချို့လုပ်ရပ်တွေ မကောင်း ဘူး။ ဖျက်ဆီးတာတွေရှိတယ်။ အာဃာတတွေပေါ့။ နောက်တော့ ဖျက်ဆီးတာ မှန်သမျှ နိုင်ငံရေးပညာပေးရေးအဖွဲ့က လုပ်တယ်လို့ အသံထွက်လာတော့ ကျွန်တော်တို့က ဒီမိုကရေစီလူငယ်တပ်ဦးဆိုပြီး နာမည်ပြောင်း လိုက်ရတယ်။ အ.ထ.က ကျောင်းကြီးပေါ်မှာ တပ်စွဲလိုက်တာ။ သပိတ်တပ်ဖွဲ့က သပ်သပ်။ ကျွန်တော်တို့ တပ်ဦးက သပ်သပ်ပေါ့။ ဒါပေမဲ့ ဖြစ်လာသမျှ ပြဿနာမှန်သမျှကို ကျွန်တော်တို့ဆီပဲ လာအကြောင်းကြားတယ်။ လာခေါ်၊ လိုက်ဖြေရှင်းပေး။ နောက် ဆုံး မီးပျက်တာတောင် ကျွန်တော်တို့ကို လာခေါ်တယ်။ နောက်ပိုင်းတော့ စစ်တပ် က အာဏာသိမ်းတာပဲလေ။ ဒါက အကျဉ်းချုပ်ပြောတာပါ}}
သူတို့ အဖမ်းခံရချိန်တွင် ပုဒ်မများက ခပ်များများ။ စစ်အာဏာ သိမ်းပြီး ပြီးချင်း အဖမ်းခံကြရသည်မို့ စံပြများဖြစ်ရသည်။ ကျောက်တန်းနယ် ဖြစ်နေ သည်မို့ ပို၍ အကွပ်အညှပ်ခံရသည်။ ပုဒ်မ-၁၄၃။ ပုဒ်မ-၄၅၈ နှစ်မှု။ ပြစ် ဒဏ်ချတော့ ၅ နှစ် ၆ လက နှစ်မှု။ စုစုပေါင်း ၁၀ နှစ်။ နောက်တော့ ပုဒ်မ များကို တစ်ပေါင်းတည်း ကျခံစေဟု ပြောင်းလဲပေးသဖြင့် ၅ နှစ်ဖြစ်သွား သည်။ ကျောက်တန်းမြို့နယ်တွင် ဖြစ်ပျက်ခဲ့သမျှ၊ ဖျက်ဆီးခံရမှုမှန်သမျှ သူတို့ အဖွဲ့အပေါ် ပုံချသည်။ စွဲချက်တင်သည်။ မျက်မြင်သက်သေတွေ ခေါ်ပြသည်။ ဖြစ်နေစဉ်ကာလက သူတို့က လိုက်လံတားဆီးသူတွေ။ ဟိုဘက်ကမြင်တာက တစ်မျိုး။ ဖျက်ဆီးမည့်သူတွေကြားမှာ သူတို့ကိုတွေ့သည်။ သူတို့က မီးမရှို့ဖို့ ဖျောင်းဖျသည်။ ပါတီကောင်စီဝင်တို့၏အိမ်များ၊ လူကြီးအိမ်များ အဖျက်ခံရသည်။ မီးမရှို့ဖို့ တားသည်က အောင်မြင်သည်။
]]ကျွန်တော်တို့က မီးတော့မရှို့ပါနဲ့လို့ လိုက်တားတာ။ သူတို့အမြင်မှာ ကျွန်တော်တို့က ဖျက်ခိုင်းတာပေါ့။ တော်တော်ကျေးဇူးကန်းတဲ့သူတွေ။ ဖြစ်ပျက် နေတုန်းက ကယ်တာက ကျွန်တော်တို့။ ပြီးလည်းပြီးရော အဲဒီပုဒ်မတွေတပ်ပြီး ကျွန်တော်တို့ကို ဖမ်းတော့တာပဲ။ စစ်ကြောရေးမှာ မတရားနှိပ်စက်တယ်။ အစာ ရေစာမကျွေးဘူး။ စိတ်ရောကိုယ်ပါ ညှဉ်းပန်းတယ်။ ကျွန်တော့်နားရွက်တွေဆိုရင် ကြည့်၊ သွေးပါထွက်တယ်။ အတီးအခံရဆုံးက ကျွန်တော်၊ ပြန်ခံပြောတုန်းက လည်း ကျွန်တော်ပဲ။ ကျွန်တော့်အသားတွေဆို ဘယ်လိုဖဲ့ဖဲ့၊ ထုထု အားလို့ မအော်ဖြစ်တော့ဘူး။ ထုနှက်ခံရလွန်းလို့ ထုံသွားတာ}}
NLD ရှင်ပြန်ထမြောက်သောကာလတွင် ကျောက်တန်းမြို့မှာ သူတို့အုပ်စု ပါတီထဲဝင်ခဲ့ကြသည်။ ဝင်ခဲ့ကြသည်ထက် NLD ကို ကျောက်တန်းနယ်မှာ ပြန်၍အသက်သွင်းကြသည်။ ဗိုလ်ချုပ်ခင်ညွန့် နယ်မြေမို့ အခြားသူများ မလုပ်ရဲ။ သူတို့ပြန်စသည်။ ထဲထဲဝင်ဝင်လုပ်ကြ၊ စည်းရုံးရေး လုပ်ကြသဖြင့် NLD အရှိန်အဝါတို့ ချက်ချင်းပျံ့နှံ့သွားသည်။ ကျေးရွာများအထိဆင်းကာ ပါတီ ဆိုင်းဘုတ် ထောင်နိုင်ခဲ့ကြသည်။ အင်အားတွေ ကျယ်ပြန့်လာခဲ့သည်။ သို့သော် ဗိုလ်ချုပ်ခင်ညွန့် ပြန်လွတ်လာချိန်တွင် ပြန်၍အရှိန်ကျဆင်းသွားရသည်။
]]ဗိုလ်ချုပ်ခင်ညွန့်ကို လွှတ်လိုက်ချိန်မှာ ပြန်တွေဝေသွားကြတယ်။ အဲဒီ တော့ ကျွန်တော်တို့ ပညာရေးတွေ၊ စိတ်ဓာတ်တွေ ဘယ်လောက်ကောင်းကောင်း၊ ကျွန်တော်တို့မှာက ပြောရရင် အဆင့်နိမ့်တယ်ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာပေါ့။ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ NLD မှာ ဥက္ကဋ္ဌ အဖြစ် ထားချင်တာပေါ့။ မြို့မိမြို့ဖတွေ ဝင်လာစေချင်တာပေါ့။ ကျွန်တော်တို့ သိပ်ဖြစ်စေချင်တာပေါ့။ သူတို့ ဘာလို့ဝင်မလုပ်တာလဲ။ ဒါပဲ။ တချို့ ဝင်မလုပ် ဘဲ ပြောနေကြတယ်။ ဒီကောင်တွေလုပ်နေလို့ ဘာဖြစ်မှာလဲတဲ့။ လာလုပ်ကြည့် ကြပါ။ ထမ်းပေးရပေးရ လုပ်ပေးပါ့မယ်။ ဘာလို့ လာမဝိုင်းကြတာလဲ။ ဒီအရွေ့ ကို ဘာလို့မတွန်းကြတာလဲ၊ လာဝိုင်းတွန်းကြပါ…}}
]]၂၀၁၅ ကို ပြောမယ်ဗျာ …
၂၀၁၅ မှာ ကျွန်တော်တို့ NLD နိုင်ကိုနိုင်ရမယ်။ တစ်လောက ကျွန်တော်နဲ့ ကိုတင်ဌေးကို လူတစ်ယောက် လာဆွေးနွေးတယ်။ ၂၀၁၅ မှာ ခင်ဗျားတို့ NLD ရှုံးနိမ့်သွားနိုင်တယ်နော်တဲ့။ သူရော ကျွန်တော်ပါ စိတ်ထဲ ထောင်းကနဲ ဖြစ်သွားတယ်။ ချက်ချင်းပဲ တုံ့ပြန်တယ်။ သူကတော့ အပြုသဘောနဲ့ လာဆွေးနွေးတာပါ။ ကျွန်တော်တို့ ပြန်ဆွေးနွေးတယ်။ လွတ်လပ်ပြီး တရား မျှတဖို့ လိုတယ်လို့။ လွတ်လပ်ပြီး တရားမျှတဖို့ပဲ လိုပါတယ်။ သူ့ကို ထဲထဲ ဝင်ဝင် ရှင်းပြတယ်။ တကယ်တော့ ပြည်သူက အဓိကပဲ။ ပြည်သူတွေ ဘာ ရွေးချယ်ရမယ်ဆိုတာ သိတယ်။ အခု ဝေဝေ၀ါးဝါးဖြစ်အောင် လိုက်လုပ်နေတာ တွေ တွေ့နေရတယ်။ ကြားနေရတယ်။ ဒါပေမဲ့ ဒါတွေက ဟိုတုန်းကလည်း ရှိခဲ့တာပဲ။ ဖဆပလ ခေတ်ကဆိုရင် တည်မြဲနဲ့ သန့်ရှင်းပြိုင်ကြတော့ လူတည်မြဲ မဲသန့်ရှင်း လုပ်ခဲ့ကြတာပဲ။ ပြည်သူတွေက ရွေးချယ်တတ်ပါတယ်။
ကျွန်တော့်စိတ်ကတော့ နိုင်ကိုနိုင်ရမယ်။ တကယ်လို့ ရှုံးခဲ့မယ်ဆိုရင်လည်း တရားမျှတတယ်ဆိုရင် ဒီအရှုံးကို လက်ခံမယ်။ မညစ်ပတ်လို့ရှိရင် ဒီအရှုံးကို လက်ခံမယ်။ တရားမျှတပါ။ တရားမျှတစွာနဲ့ ကျွန်တော်တို့ပြိုင်မယ်။ အရင်ဆုံး ၂၀၁၅ ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က ပထမ။ နိုင်တာ၊ ရှုံးတာက ဒုတိယပါ။ အပြေးပြိုင်ပွဲမှာ သူ့လူအရင် တာထွက်ပြီးမှ သေနတ်ပစ် ဖောက်တာမျိုးလို မလုပ်ဖို့လိုပါတယ်}}
သူက တွေးတွေးဆဆ ပြောပြသည်။ တကြွ်ကမှုများဖြင့် ပြောပြသည်။ ၂၀၁၅ သည် ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီ။ မလွဲမသွေ ကျင်းပတော့ မည်။ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားသော လက်ရှိအစိုးရ၊ ဘီလျံနာများဖြင့် ဖွဲ့စည်းထားသော ပါတီ၊ စစ်တပ်၏ ကျောထောက်နောက်ခံ တည်ရှိနေသော ပါတီ၊ နိုင်ငံရေးမဟာဗျူဟာများ ပိုင်ဆိုင်ထားသောပါတီ၊ ထိုပါတီနှင့် NLD။ တစ်နည်းအားဖြင့် ဆင်းရဲမွဲတေသော ပြည်သူလူထုနှင့် တစ်သားတည်းကျနေ သော ပါတီတို့ ၂၀၁၅ မှာ ယှဉ်ပြိုင်ကြရမည်။ လွတ်လပ်၍ တရားမျှတဖို့က သေချာပါ့မလား။ လက်ရှိ မျက်မြင်မှာကိုက တစ်ဖက်နှင့်တစ်ဖက် ကွာဟ ခြားနားနေသည်။ ဘာတွေ ညစ်လုံးထုတ်ကြဦးမည်မသိ။ အုပ်ချုပ်သူ လူတန်းစား၏ ညစ်ပတ်မှုများက ဤတိုင်းပြည်မှာ ရိုးရာဖြစ်နေခဲ့သည် မဟုတ်လော။ သူတို့ကို မညစ်ဖို့ပြောရသည်မှာ လွယ်ကူပါ့မလား။

ဝ၆၁

Leave a Reply

Your email address will not be published.